မင်္ဂလာပါဆရာ။ "မိုးသည်းသည်းမည်းမည်းရွာသည်။" လား။ "မိုးသဲသဲမဲမဲရွာသည်။" လား။ "မိုးသဲသည်။" လား။ "မိုးသည်းသည်။" လား။သည်းမည်း နှင့် သဲမဲ ကွာခြားချက်နှင့် အသုံးပြုပုံကိုပြောပြပေးပါဦးဆရာ။
နှစ်မွှာအသဲ
နှစ်မွာ မှားသည်။
အသဲ နဲ့ အသည်း မူကွဲ။
အမြွှာလို့လည်း ရေးနိုင်သည်။
သည်း
ကသည်းလူမျိုး
စွန်မလက်သည်း
စေ့မြေ့သိပ်သည်း ရွေ့ရွေ့ဆည်းလော့
ဖိနပ်သည်းကြိုး
မိုးသည်းထန်
ရင်နှစ်သည်းချာ
လက်သည်းခြေသည်း
သည်းခံ
သည်းချာ = သည်းချား = သည်းခေါင် = သည်းညှာ = သည်းအူ = သားသမီး
သည်းခြေကြိုက်
သည်းခြေရောဂါ
သည်းညည်းခံ
သည်းညှာ
သည်းထန်စွာ
သည်းအူ (သားသမီး)
သိပ်သည်းဆ
သိပ်သိပ်သည်းသည်း
အသည်းနှလုံး
အသည်းရောင်ရောဂါ
အသည်းအထန်
စေ့မြေ့သိပ်သည်း၊ ရွေ့ရွေ့ဆည်းသော် (လော့)၊ စရည်အိုးခွက်၊ ကြီးစွာလျက်တည့်၊ တံစက်ကျများ၊ ပြည့်သောလားသို့၊ (လောကသာရပျို့)
စကားပြောကောင်းသော မသည်းအူသီချင်းဟာ မိန်းကလေးတယောက် နာမည်အနေနဲ့ ရေးတာဖြစ်ပါမယ်။ အမှန်က သားသမီးလို့ အဓိပ္ပါယ်ရပါတယ်။
မြန်မာ အဘိဓာန် အကျဉ်းချုပ် ၅ – တွဲ ၊ ပညာရေးဝန်ကြီးဋ္ဌာန၊ မြန်မာစာအဖွဲ့ ၁၉၇၈-ခုနှစ်မှာ အသည်း။
အသည်း နဲ့ အသဲ မူကွဲဖြစ်ပါတယ်။
ကလေးတွေကို ချစ်စနိုးနဲ့ သဲသဲလို့ ခေါ်ကြတယ်။ အသဲနှလုံးလိုချစ်တဲ့သဘော။ တခါတခါ အဖြစ်သည်းလို့လည်း မသဲသဲလို့ ခေါ်ကြသေးတယ်။ ချင်းအမည်တခုကလည်း မားသဲ။
မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၈၀)
သဲ
ကျီးသဲဆရာတော်
ကျော်သဲ = ဇမ္မူ
ခြမ့်ခြိမ့်သဲသဲ
နှစ်မြွာအသဲ
မသဲပါနှင့်
သဲကနဲကြားသည်
သဲကန္တာရ
သဲကျောက်
သဲကြီးမဲကြီး
သဲကွဲ
သဲကုန်းမြို့
သဲခင်းသည်
သဲစုမက
သဲဆည်ရွာ
သဲဆပ်ပြာ
သဲတွင်း
သဲထဲရေသွန်
သဲဒဏ်
သဲနာရီ
သဲပလုပ်
သဲပုံစေတီ
သဲဖြူးသည်
သဲဖြူခင်း ရာဇမှတ်ကာ
သဲမျက်ဆန်ကြောင်
သဲမြေပုံ
သဲမဲ (ဇွဲ)
သဲရှင်
သဲရေကျ
သဲလွန်စ
သဲလုံးအမျှ
သဲဝဲ
သဲသာသောင်မြေ
သဲသောင်
သဲသဲကျားကျား = ဆူဆူညံညံ အုတ်အုတ်ကျက်ကျက်
သဲသဲကွဲကွဲ
သဲသဲချိမ့်ညံ
သဲသဲခြိမ့်ညံ
သဲသဲတုန်သည်
သဲသဲမဲမဲ
သဲသဲရုတ်ရုတ်
သဲသဲလှုပ်
သဲသဲအုတ်အုတ်
စကားပြောကောင်းတဲ့မသည်းအူ ရေး / မောင်ဆွေနွယ် ဆို / ကိုသန်းလှိုင် https://www.facebook.com/watch/?v=432803361407004
အသည်း နှင့် အသဲ https://burmese-spelling.blogspot.com/2023/05/blog-post_938.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment