ဟုတ်။ ကျေးဇူး။
မျက်လုံးတဖက် (တစ်လို့ရေးထားတာ မမှန်ပါ။)
နားတဖက် (တစ်လို့ရေးထားတာ မမှန်ပါ။)
ခန္ဓာကိုယ်တခုလုံး (တစ်လို့ရေးထားတာ မမှန်ပါ။)
စစ်ကြီးတခု (တစ်လို့ရေးထားတာ မမှန်ပါ။)
လှဲလျောင်း မမှန်ပါ။ လဲလျောင်း လို့ ရေးရတယ်။
လှဲချောင်း ကို မသိပါ။
လဲ(လှဲ၍)
လဲ(အင်္ကျီ)
လဲလျောင်း
လဲလှယ်
လဲဝါ
လဲအုံပင်
လှဲ(လဲအောင်)
လှဲခုတ်
လှဲချိုင်
လျောင်းစက်
လျောင်းတော်မူဆင်းတု
တနန်းလုံးပင်၊ ပြုံးကြ ရွှင်ကြ ၀ိဓူရသည်၊ - လဲလျောင်း ဆောင်ဗွေ၊ တခွေခွေသည် ရေစာမယူ၊ မူခဲ့၏။ (၀ိဓူရ ဒုက္ခ၊ ဇော်ဂျီ၊ ငွေတာရီ၊အမှတ်(၅၄) ဒီဇင်ဘာ၊ ၁၉၆၄။)
နယ်စပ်နဲ့ ပြည်ပတိုင်းပြည်တွေမှာ စာပေစိစစ်ရေး မရှိပါ။
ဆိုရှယ်မီဒီယာမှာ အယ်ဒီတာ မရှိပါ။
ပြည်တွင်းမှာလည်း စာပေစိစစ်ရေး မရှိတော့တာ ကြာပြီ။ ရှိသေးသယောက်ဆောင်နေကြတယ်။
၂၄-၁-၂၀၁၂ နဲ့ ၂၀-၈-၂၀၁၂ နေ့မှာ စာပေကင်ပေတိုင်လို့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ စာပေစိစစ်နဲ့ မှတ်ပုံတင်ဌာနကို ဖျက်သိမ်းလိုက်တယ်။
ခေတ်ကတော့ ပျက်နေပါပြီ။ ရေးတဲသူက မှန်အောင်ရေးထားပေမဲ့ ဖတ်တဲ့သူ အတော်များများက အမှားကိုသာ အမှန်ထင်နေကြတယ်။
ရောင်းတဲ့သူက အမျိုါ်အမည်နဲ့ တန်ဖိုးကို မှန်အောင်ရေးထားပေမဲ့ ဝယ်တဲ့သူ အများစုက နားမလည်တော့ မရောင်းရ။
စာအုပ်တွေလည်း အတူတူဘဲ။ သတ်ပုံမှန်စာအုပ် ထုတ်ရဲသူ မရှိ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment