တရားစာတွေကို ရောင်စုံနောက်ခံပေါ်မှာ စာလုံးအရောင်တွေနဲ့ ရေးတင်ကြတယ်။ သတ်ပုံတွေက အမှားတွေ။ အဲတာမျိုး 'တဂ်' လုပ်ကြတယ်။
ကျန်းမာရေး ပညာပေးစာတွေကမှာ နားကြပ်ပါတဲ့ဆရာဝန်မပုံတွေနဲ့ တင်ကြတယ်။ အကြောင်းအချက်တွေက တလွဲတွေ။ အဲတာမျိုး 'ရှယ်' ကြတယ်။
ဂန္ထဝင်စာအုပ်တွေ၊ နာမည်ကြီးစာတွေကို 'အွန်လိုင်းဒေါင်းလုဒ်' လုပ်ပြီးတင်ကြတယ်။ သတ်ပုံတွေကိုတော့ ပြင်ထားတယ်။ အဲတာတွေဖတ်ပြီး စာရေးဆရာတွေ၊ ကဗျာဆရာတွေဖြစ်လာကြတယ်။
ကြော်ငြာဆေးတွေကို 'မော်ဒယ်' ချောချောလှလှပုံတွေ ကွန်ပြူတာနည်းပညာနဲ့ ချဲ့ကားထားတာတွေနဲ့ တင်ကြတယ်။ အဲတာမျိုး ဝယ်ကြတယ်။
AI နဲ့ ရောင်ခြည်တော် ၆၀ ဘုရားပုံတွေ တင်ကြတယ်။ သာဓုခေါ်ကြတယ်။
အမှားမိုးတွေ ရွာနေသည်။ မိုးခါးရေသည် ချို၏။
ဒေါက်တာတင့်ဆွေ
၁၀-၂-၂၀၁၉

Comments
Post a Comment