ခေတ်ဦးကို ဘယ်ရာစု၊ ထောင်စုနှစ်လို့ ခေါ်ချင်သလဲ မသိပါ။
ဆရာ့စာမှာ "မဆလ ခေတ်ဦအထိ" ရေးထားလို့ မေးတာ ဖြစ်မှာပါ။
ဟုတ်။
တော်လှန်ရေးကောင်စီ (၁၉၆၂-၁၉၇၃) နဲ့ မဆလ (၁၉၇၄-၁၉၈၈) ကာလအတွင်းမှာ ၁၉၈၆ အထိ မြန်မာစာသတ်ပူံတွေကို အာဏာမသိမ်းသေးပါ။
၁၉၈၆ မှာ သတ်ပုံတွေကို ပြောင်းပါတယ်။
တကယ်တန်း အာဏာသက်ရောက်မှုကတော့ ၁၉၈၈ မှာတက်လာပြန်တဲ့ နဝတနအဖ လက်ထက်မှာ ဖြစ်ပါတယ်။
စာပေစိစစ်ရေးလက်ထဲမှာ။
စာပေစိစစ်ရေး သမိုင်း
၁၉၆၂ ခုနှစ်မှာ ဗခကနေဝင်း အာဏာသိမ်းပြီးနောက် ပါလီမန်ခေတ်က ခွင့်ပြုခဲ့တဲ့ ပုံနှိပ်မီဒီယာ လွတ်လပ်ခွင့်တွေ ရုပ်သိမ်းခံရပြီး ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် နည်းဥပဒေကို ထုတ်ပြန်ခဲ့တယ်။ သတင်းစာများ၊ စာစောင်များနှင့် လုံးချင်း စာအုပ်များအားလုံး ထုတ်ဝေခြင်းမပြုမီ စာပေစိစစ်ရေး ဌာနကို ကြိုတင်တင်ပြရတယ်။ ထိုသို့တင်ပြခြင်း မပြုဘဲ ပုံနှိပ်ထုတ်ဝေခဲ့ရင် ထုတ်ဝေသူ သာမက ပုံနှိပ်သူများပါ ဖမ်းဆီးပြီး ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် နည်းဥပဒေအရ အပြစ်ပေးတယ်။ စာဖတ်မှူးကနေ ပြည်ထဲရေးဝန်ကြီး အဆင့်ဆင့် ဖြတ်သန်းပြီး အတည်ပြုချက်ရမှ စာအုပ်ပုံနှိပ်ထုတ်ဝေခွင့် ရှိတယ်။ ၂၄-၁-၂၀၁၂ နဲ့ ၂၀-၈-၂၀၁၂ နေ့မှာ စာပေကင်ပေတိုင်လို့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ စာပေစိစစ်နဲ့ မှတ်ပုံတင်ဌာနကို ဖျက်သိမ်းလိုက်တယ်။
စာပေစိစစ်ရေးမရှိတော့တဲ့နောက်မှာ ဆေးပညာစာ ထုတ်နိုင်တာ ၃ အုပ်တိတိရှိပြီ။ ကျွန်တော့စာအုပ် ၃ အုပ်ကို ကျွန်တော့သတ်ပုံမူအတိုင်း ပုဂံတိုက်နဲ့ စိတ်ကူးချိုချိုတို့က ထုတ်ပေးပါတယ်။ ကျေးဇူး။
စာလုံးပေါင်းသတ်ပုံနဲ့ပတ်သက်ရင် ၂၀၂၆ ခုနှစ်အထိ အဲဒီစနစ် ရှိနေသေးသလို ထင်မှတ် လိုက်နာနေသူတွေက များလွန်းလှတယ်။
စာပေစိစစ်ရေးမရှိတော့တဲ့နောက်မှာ စာရေးတဲ့သူ လူအများစုက အညွန့်တုံးသွာကြပြီ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment