ရေး မြို့မငြိမ်း(မပြီးသေးသော ပန်းချီကား ခပ်ဝါးဝါးတချပ်ပင်)
မျက်စိကို အနားပေး
မှေးလျက်ညအိပ်ယာဝင်
အိပ်မက်ကို အလှည့်ပေး
အတွေးပျံ့ လွင်စဉ်
ချောင်းလိုလို မြစ်လိုလို
တခုသော ကမ်းစပ်မှာ
ရောက်လာသည်တွင်
ချစ်သူဟာလည်း
မလှမ်းမကမ်းမှာ ရောက်နှင့်ခဲ့တာမြင်
မျက်စိကို အနားပေး
မှေးလျက်ညအိပ်ယာဝင်
အိပ်မက်ကို အလှည့်ပေး
အတွေးပျံ့ လွင်စဉ်
ချောင်းလိုလို မြစ်လိုလို
တခုသော ကမ်းစပ်မှာ
ရောက်လာသည်တွင်
ချစ်သူဟာလည်း
မလှမ်းမကမ်းမှာ ရောက်နှင့်ခဲ့တာမြင်
ထို စဉ်
လှော်ခတ်သူလည်း တယောက်မပါ
သူ့အလိုလိုသာပင်
လှေကြီးတစင်းကမ်းသို့ဆိုက်ကာဝင်
လှေဦးတွင် သဏ္ဌာန်ထူးတခုမြင်
အစုံသော နှလုံးသား
အချစ်မြားစူးတဲ့အသွင်
ကြည့်ရင်းကြည့်ရင်း
အဓိပ္ပါယ်ပေါ်လွင်
ကမ်းပေါ်က နှစ်ယောက်သား
လှုပ်ရှားအသက်ဝင်
လိုက်တော့မယ် ဟန်ပြင် မောင်တွင်
မေကတော့ အိန္ဒြေရှင်
အကဲခတ်ရှာထင်
မပြီးသေးသော ပန်းချီကား
ခပ်ဝါးဝါးတချပ်ပင်
ညစဉ်ပင် ညစဉ်ပင်
မျက်စိမှိတ်လည်း စိတ်ထဲစွဲကာမြင်
မျက်စိကို အနားပေး
မှေးလျှက်ညအိပ်ယာဝင်
အိပ်မက်ကို အလှည့်ပေး
အတွေးပျံ့ လွင်စဉ်
ချောင်းလိုလို မြစ်လိုလို
တခုသော ကမ်းစပ်မှာ
ရောက်လာသည်တွင်
ချစ်သူဟာလည်း
မလှမ်းမကမ်းမှာ ရောက်နှင့်ခဲ့တာမြင်
ထို စဉ်
လှော်ခတ်သူလည်း တယောက်မပါ
သူ့အလိုလိုသာပင်
လှေကြီးတစင်းကမ်းသို့ဆိုက်ကာဝင်
လှေဦးတွင် သဏ္ဌာန်ထူးတခုမြင်
အစုံသော နှလုံးသား
အချစ်မြှားစူးတဲ့အသွင်
ကြည့်ရင်းကြည့်ရင်း
အဓိပ္ပါယ်ပေါ်လွင်
ကမ်းပေါ်က နှစ်ယောက်သား
လှုပ်ရှားအသက်ဝင်
လိုက်တော့မယ် ဟန်ပြင် မောင်တွင်
မေကတော့ အိန္ဒြေရှင်
အကဲခတ်ရှာထင်
မပြီးသေးသော ပန်းချီကား
ခပ်ဝါးဝါးတချပ်ပင်
ညစဉ်ပင် ညစဉ်ပင်
မျက်စိမှိတ်လည်း စိတ်ထဲစွဲကာမြင်။ ။
https://open.spotify.com/track/5sXoi759f0SLPArPQOYv79
ဒေါက်တာတင့်ဆွေ

Comments
Post a Comment