ဆေးကျောင်းသူငယ်ချင်း ရှမ်းတယောက် တင်ထားပါတယ်။ ကျေးဇူး။
ဆေးကျောင်းမှာ ရှမ်းသူငယ်ချင်းတွေ မနည်းပါ။ အခုစာကိုတင်တဲ့ ရှမ်းဆရာဝန်က စောင်းသမား။ လူချင်း အင်မတန်ခင်တယ်။
စိုင်းခမ်းလိတ်နဲ့ အဆာင်ပဌမနှစ်မှာ ကုတင်ချင်းကပ်နေခဲ့ရတယ်။ သူကကျွန်တော့်ထက် တနှစ်သာငယ်တယ်။
အဆောင်နေ ရှမ်းကျောင်းသားတွေဆီက ရှမ်းစာတွေ အတူတူစားခဲ့ရတယ်။ ကျေးဇူး။
ကျွန်တော် ဖောင်ကြီး၊ ဇေယျ ၁၉ တက်ရတော့ ပြည်ထောင်စုနေ့ကျင်းပတဲ့အခါ ကျွန်တော်က ရှမ်းအတု လုပ်ရတယ်။
ရှမ်းကုန်ပြင်မြင့်ကို မတက်ဘူးသေးပါ။
ရှမ်းကုန်ပြင်မြင့် ထွက်ပြေးမည်မဟုတ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment