ဟုတ်။
တဝမ်းပူ ၇၀% လောက်ကို မလိုအပ်ဘဲ စသတ်စေအမိန်တော်က ၁၉၈၆ ခုနှစ်လောက် စတင်ပါတယ်။ နိုင်ငံတော်မူဖြစ်လာတယ်။
၁၉၈၅ အထိ တသက်လုံးမှန်နေတာတွေကို မှားနေလို့ မဟုတ်ဘဲ၊ အစိုးရပြောင်းလို့ (တိုင်းပြည်နဲ့ မြန်မာစာ အာဏာပိုင်ပြောင်းလို့) ပြောင်းခိုင်းတာဖြစ်ပါတယ်။ ပေါ်လစီသတ်ပုံလို့ ခေါ်တယ်။
ကျွန်တော် တင်ပြနေတာ ၁၁ နှစ်ရှိပြီ။ တနှစ်ထက်တနှစ် စာကိုမှန်အောင်ရေးလာသူဦးရေ တိုးလာတယ်။ အတော်တော့ နည်းပါးသေးတယ်။ တယောက်မှန်အောင်ရေးလည်း သုညထက်အများကြီး များပါတယ်။
အခုထိ ပေါ်လစီသတ်ပုံနဲ့သာ ရေးသားသူတွေထဲမှာ နာမည်ကြီးတွေ၊ စာပေဆုရသူတွေ၊ စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ ဆရာတော်တွေ၊ ဖေ့စ်ဘွတ် သုံးသူတွေ၊ လူကြီး အမျိုးသား အမျိုးသမီးတွေ၊ လူလတ် အမျိုးသား အမျိုးသမီးတွေ၊ လူငယ်လူရွယ် ယောက်ျားလေး မိန်ကလေးတွေ၊ 'ဆဲလီ' တွေ၊ 'အင်ဖလူယင်စာ' တွေ အများကြီး။
ဘယ်သောအခါမှ၊ ဘယ်မှာမှ အကုန်မှန်၊ အကုန်ဆိုး မရှိပါ။
အမှန်ကို ပြင်ရမှန်းမသိသူတွေ၊ မပြင်ရဲသူတွေ၊ မပြင်တော့သူတွေလည်း ရှိတယ်။
ပေါ်လစီသတ်ပုံနဲ့ ဆုရထားသူတွေ၊ နာမည်ကြီးထားသူတွေ၊ ရောင်းကောင်းသူတွေက ပြင်ကြတော့မှာ မဟုတ်ပါ။
နောက်လိုက်နောက်ပါနဲ့ တပည့်တပန်းများသူတွေက ပြင်ကြတော့မှာ မဟုတ်ပါ။
လူတွေထဲမှာ အပြင်ရခက်သူတွေ၊ အသင်ရခက်သူတွေ ခေတ်တိုင်းမှာ ရှိပါတယ်။
ဘုရားလက်ထက်က ရာဟုလာကို အလွန်နာခံလွယ်၊ ဆုံးမလက်ခံလွယ်သူလို့ ဖော်ပြထားတာ တွေ့ဘူးတယ်။ အဲလိုအဆင့်ရှိသူမျိုးက ရှားတယ်။
ပြင်လို့မရလောက်သူတွေအတွက် စိတ်အနှောင့်အယှက် မထားနိုင်ရင် ကောင်းပါတယ်။
တိုင်းပြည်၊ လူမျိုးနဲ့ ဘာသာစာစကားရဲ့ ကံအကျိုးပေးပါဘဲ။
အနှောင့်အယှက် = ပြုမူဆောင်ရွက်ပြောဆိုမှုတခုခု၏ ပြီးစီးအောင်မြင်မှုကို ဟန့်တားသောအရာ။ ဘေးရန်အဆီးအတား။ အဖျက်အဆီး။
အနှောင့်အယှက်ကြီးတခုက အမြဲတားဆီးလျက် ရှိနေပြန်လေ၏။ နီတိ။ ၁၁၆။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment