ချာတာတခု တွေ့ပြန်ပါသည်။
စောစောက ကော်သူးလေ။
Charter ကို "ချာတာ" လို့ရေးတာ အဆင်မပြေပါ။ မမှန်ပါ။ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေကို အားနာစရာကောင်းတယ်။
ဒါမှမဟုတ် " - " နဲ့ရေးနိုင်တယ်။
ဒါမှမဟုတ် ( - ) လိုလည်း ရေးနိုင်ပါတယ်။
ချာတာဆိုတာ ညံ့ဖျင်းတာကိုဆိုလိုတယ်။
Charter ဆိုသည်မှာ အုပ်ချုပ်ရေးအာဏာရှိသော အဖွဲ့အစည်းတခု မှ အဖွဲ့အစည်း၊ မြို့ သို့မဟုတ် ကုမ္ပဏီတခု အား အခွင့်အရေးများ၊ အာဏာများ သို့မဟုတ် အထူးအခွင့်အလမ်းများ ပေးအပ်သည့် တရားဝင် ဥပဒေရေးရာ စာရွက်စာတမ်းတခု ဖြစ်ပါသည်။ ၎င်းစာရွက်စာတမ်းသည် ထိုအဖွဲ့အစည်း၏ ရည်ရွယ်ချက်၊ အလုပ်အကိုင်နယ်ပယ်နှင့် ဖွဲ့စည်းပုံကို သတ်မှတ်ဖော်ပြထားပါသည်။
သမိုင်းအရ Charter ကို ကိုလိုနီ ဒေသများ (colonies) တည်ထောင်ရန် အသုံးပြုခဲ့ကြသော်လည်း ယနေ့ခေတ်တွင်တော့ အဖွဲ့အစည်းများ၏ တည်ထောင်ရေး စာချုပ်စာတမ်းများ ကို ရည်ညွှန်းသုံးစွဲခြင်းက ပိုမိုများပြားလာပါသည်။ ထို့အပြင် ယာဉ်များ သို့မဟုတ် သင်္ဘောများကို အချိန်ကန့်သတ်၍ ငှားရမ်းအသုံးပြုခြင်း (charter/chartering) ကိုလည်း ရည်ညွှန်းသုံးစွဲကြပါသည်။
ချာ
ကံချာကစား
ကပေါက်ချိ ကပေါက်ချာ၊
ကပေါက်တိ ကပေါက်ချာ၊
ကွန်ချာ၊
ကွန်ချာဖူး၊
ချက်ချာ
ချာ (ညံ့ဖျင်း)
ချာတိတ်
ချာတူးလံ (ညံ့ဖျင်း)
ချာပါတီ (ချပါတီ)
ချာရစ်
ချာလပတ်လည်
ချူချာ
ဂဏန်းသင်္ချာ၊
စုတ်ချာ
စေ့စပ်သေချာ၊
ဆွေမျိုးရင်းချာ၊
တပ်အပ်သေချာ၊
ထိပ်ချာ၊
ဒေါင်ချာစိုင်း
ဒေါင်ချာလည်
နုံချာ
ပတ်ချာလည်
ဖက်သချာနာ၊
ဖျင်းချာ
ဗရချာ၊
ဗွေချာ၊
မာချာ
မုနိရာဇာ၊ သုံးလူ့ချာလည်း၊ တကာအပေါင်း။
ယောင်ချာချာ၊
ယောင်တိယောင်ချာ၊
ရူးချာချာ၊
လုံးချာလိုက်
သည်းချာ၊
သဝေချာလည်
သွက်ချာပါဒရောဂါ၊
သွက်ချာလည်
သေချာဂန၊
အချက်အချာ၊
အူချာပေါက်
မြန်မာစာမှာ အချုပ်အချာ နဲ့ အချုပ်အခြာ မူကွဲ။
- ရခိုင်အချုပ်အချာအာဏာကျဆုံးနေ့။
- ၁၉၄၇ ခုနှစ် အခြေခံဥပဒေထဲမှာ မြန်မာနိုင်ငံသည် အချုပ်အချာအာဏာပိုင် သမတနိုင်ငံဖြစ်သည်။
လွတ်လပ်ရေးမော်ကွန်း ဂုဏ်ပြုလွှာမှာ ချုတ်ချယ်လို့ရေးပါတယ်။ နောက်ပိုင်းမှာ ချုပ်ချယ်ဖြစ်လာတယ်။ အရင်က မူကွဲသတ်ပုံအဖြစ် ခြုတ်ခြယ်လို့လည်းရေးခဲ့ပါတယ်။
နောက်ပေါ်သတ်ပုံ = ချုပ်ရိုး၊ ချုပ်ဆေး၊ ချုပ်ဆို၊ ချုပ်ထည်၊ ချုပ်ကိုင်။
ယခင်သတ်ပုံ = ချုတ်ချယ်၊ ချုတ်ချုတ်မည်သံ၊ ချစ်ချုတ်သုံးစွဲပါ၊
ယခင်သတ်ပုံ = စာချုပ်၊ အချုပ်အချာ၊ ပေါင်းချုပ်၊ အကျဉ်းချုပ်၊ နိဂုံးချုပ်၊ သူငယ်နာပေါင်းချုပ်၊ ဝမ်းချုပ်၊ ချုပ်နှောင်၊ ဝိညာဉ်ချုပ်၊ ချုပ်တည်း၊ ဗိုလ်ချုပ်၊ စာအုပ်ချုပ်၊ အင်္ကျီချုပ်။
Charter ကို "ချာတာ" လို့ရေးတာ အဆင်မပြေပါ။ မမှန်ပါ။ ကရင်လူမျိုးစုကို အားနာစရာကောင်းတယ်။
အင်္ဂလိပ်စာလုံးအသံထွက်ကို မြန်မာလိုရေးတဲ့အခါ အင်္ဂလိပ်စာလုံးပေါင်းပါ ထည့်နိုင်ရင်ထည့်သင့်တယ်။
ဒါမှမဟုတ် " - " နဲ့ရေးနိုင်တယ်။
ဒါမှမဟုတ် ( - ) လိုလည်း ရေးနိုင်ပါတယ်။
ချာတာဆိုတာ ညံ့ဖျင်းတာကိုဆိုလိုတယ်။
မြန်မာစာပြဿနာဖြစ်နေတာက တ နဲ့ တစ် သာ မဟုတ်ပါ https://burmese-spelling.blogspot.com/.../blog-post_347.html
ဒေါက်တာတင့်ဆွေ


Comments
Post a Comment