ကွန်မင့်တခု = တိုင်းပြည်မှာ ကျန်တာတွေ အကုန်အရေးကြီးနေချိန်မှာ ဆရာက စာလုံးပေါင်းတခုပဲ အရေးထားနေတာလား ခင်ဗျာစာလုံးပေါင်းသတ်ပုံသည် အရေးအကြီးဆုံးဖြစ်၏လို့ တကြိမ်တခါမှ မရေးဘူးပါ။ လူကြီးမင်းတို့ သဘောလို့သာ ရေးပါတယ်။
အဲလိုမှတ်ချက်တွေ မကြာခဏာ လာတယ်။
ငလျင်လှုတ်စဉ်ကလည်းလာတယ်။
အာဏာသိမ်းတော့လည်း လာတယ်။
ကိုဗစ်ဖြစ်တော ဘယ်သူကမှ မပြောပါ။ ကိုဗစ်သတင်းကို မြန်မာလို ကျွန်တော်က စပြီး တင်ပြခဲ့တယ်။ နေ့စဉ်လည်း သတင်းထူးတိုင်းတင်တယ်။
ဖေ့စ်ဘွတ်မှာ
ရွှေဈေးသတင်း
အကယ်ဒမီသတင်း
ခင်ချင်လို့ပါနော်
မန့်မှာဖတ်ပါ
ဟိုင်းလိုက်ပါ
အဲဒါတွေက မိနစ်တိုင်းမိနစ်တိုင်းမှာတင်နေကြတယ်။
အထက်ပါကွန်မင့်မလာခင်လေးက ဖြေရတယ်။ မနက်ထကော်ဖီတောင် မသောက်ရသေး။
- ဆရာရှင့် ပိုမိုဆိုးရွားလျက်ရှိနေပါသည်။ ပိုမိုဆိုးဝါးလျက်ရှိနေပါသည်။ ဘယ်ဟာအမှန်လဲရှင့် ဖြေပေးပါဦး ဆရာရှင့်
- အသက် ၄၈ အိမ်ထောင်မရှိ အမျိုးသမီးပါဆရာ ချောင်းဆိုးတာ ၃ရက်ရှိပါပြီ အရင် ၂ရက်က တအားမဆိုးဘူးဆရာ ခုညနေ ချောင်းဆိုးတော့ ရင်ဘတ်ထဲကနာတယ် ဘေးစောင်းအိပ်နေရင်းချွဲသံလိုထင်ရတဲ့အသံကြားရတယ်ဆရာ ၂ရက် ၃ရက်ချောင်းဆိုးတာဆိုပြီး ခုထိ ဆေးမသောက်ရသေးဘူးဆရာ မနက်ဖန်ခရီးသွားမှာမို့ mask တပ်ရမှာလားဆရာ Express နဲ့သွားမှာပါဆရာ
အခုဘဲ ဖြေလိုက်တယ်။
အထက်က ကွန်မင့်မတိုင်ခင်မှာ ဖြေစရာတွေအတ်ွ့ ရှာဖွေ၊ စာစီ၊ စိစ်၊ ဘာသာပြန်၊ ဖေါငါ့်ပြောင်းပြီး တင်နေရတယ်။
အောက်က မေးခွန်းတွေကို မဖြေရသေး။
ကြက်ဖတိန်ညင်လား ကြက်ဖတညင်လား ဆရာ
တချို့ကလည်း အမျိုးသမီးရောဂါဖြေတာလော ၂ ခုလောက်တွေ့ပြီး အမျိုးသားတွေကို အလေးမထားဘူးလားတဲ့။
တချို့ကလည်း မြန်မာစာအကြောင်းလေးတွေရေးတော့ နိုင်ငံရေး မရေးတော့ဘူးလားတဲ့။
ဆေး၊ ကျန်းမာရေး၊ သုတ၊ နိုင်ငံရေး၊ ဘာသာရေး ဘယ်အကြောင်းအရာကို ရေးရေး
အပြစ်ဆို၊ ကန့်ကွက်၊ ဆဲဆိုတာတွေ လာဦးမှာလည်း သိပါတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment