ပြန်စာ = ဟုတ်မယ် ထင်ပါတယ်။
(၁)
မြန်မာလိုအမည်တွေကလည်း များတယ်။
Snake gourd ဗုံလုံသီး
Snake gourd ပဲရှည်သီး
Snake gourd ပဲလင်းမြွေသီး
AI ဘာသာပြန် = မြွေဖရုံသီး
Snake gourd – Trichosanthes cucumerina
အခြားအမည်များ
ဟိန္ဒီ – Chichinda / Padwal
တယ်လဂူ – Potlakaaya
ဘင်္ဂလီ – Chichinga
တမီလ် – Pudalankaai
မလယာလမ် – Padavalanga
(၂)
မြွေဖရုံသီး၏ အာဟာရပါဝင်မှု
စွမ်းအင် (Calories) 86.2 ကီလိုကယ်လိုရီ (kcal)
အဓိက အာဟာရများ (Macronutrients)
အဆီ စုစုပေါင်း — 3.9 ဂရမ်
အဆီပြည့် (Saturated fat) — 0.5 ဂရမ်
ကာဘိုဟိုက်ဒရိတ် စုစုပေါင်း — 12.5 ဂရမ်
အမျှင်ဓာတ် (Dietary fiber) — 0.6 ဂရမ်
ပရိုတိန်း — 2.0 ဂရမ်
ကိုလက်စထရော — 0.0 မီလီဂရမ်
ဆိုဒီယမ် — 33.0 မီလီဂရမ်
ပိုတက်စီယမ် — 359.1 မီလီဂရမ်
အသေးစားအာဟာရများ (Micronutrients)
ဗီတာမင်များ
ဗီတာမင် A — 9.8 %
ဗီတာမင် B6 — 11.3 %
ဗီတာမင် C — 30.5 %
ဗီတာမင် E — 1.1 %
သတ္တုဓာတ်များ
ကယ်လ်စီယမ် — 5.1 %
မဂ္ဂနီစီယမ် — 6.7 %
ဖော့စဖရပ် — 5.0 %
ဇင့် — 7.2 %
သံဓာတ် — 5.7 %
မန်ဂနိစ် — 12.5 %
အိုင်အိုဒင်း — 5.9 %
(၃)
"ကဗျာ"
ပဲလင်းမြွေသီး အရပ်ရှေ
တွဲလွဲခိုလို့နေ။
ဖရုံသီးက ရသာထူး
ဆွတ်လို့ ကုန်နိုင်ဘူး။
ဗူးသီးကြီးက ပုတိုတို
ဖိုးဝရုပ်ကြီးလို။
ဟင်းရည်ချိုတဲ့ ဆူးပုပ်ရွက်
ဗူးညွန့် ဖရုံရွက်။
ကြက်ဟင်းခါးနဲ့ ခရမ်းချဉ်
ငရုတ် နံနံပင်။
ဗီတာမင် ပေါကြွယ်ဝ
သီးရွက် အာဟာရ။
ဝင်ငွေရလို့ အကျိုးရှိသည်
အိမ်နောက်ဖေးမှာ ဈေးဆိုင်တည်။
ညီညီညာညာ တမိသား
စုပေါင်း ဒို့လုပ်အား။
မောင်တင်စိုး (သစ်ရာကောက်)
(တစ်မိသားလို့ရေးတာ မမှန်ပါ။)
(၄)
ပဲရှည်သီး ခေါ် ပဲလင်းမြွေသီးစာတင်တော့ ကွန်မင့်တွေ အမျိုးမျိုးရတယ်။ ကျေးဇူး။ တချို့က အမှတ်မှားနေကြပါတယ်။
မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉)၊ စာမျက်နှာ ၄၇ ကို ကိုးကားတင်ပြမယ်။
ပုံလုံ = ပဲလင်းမြွေ အမျိုးအစားဝင် အသီးတောင့် တိုတုတ်၍ အသီးစားရသော နွယ်ပင်တမျိုး။ (တောပဲလင်းမြွေ၊ ပုံလုံနွယ် စသဖြင့် ခေါ်သည်။)
ပုံလုံ = အမြှောင့် လေးမြှောင့်ပါသော မာလသာသီးငယ်ခန့် အသီးသီးသည့်၊ မြစ်ချောင်းကမ်းပါး၌ ပေါက်လေ့ရှိသော အဖျားချွန်အရွက်ရှည်နှင့် ဖြူချောသောအခေါက်ရှိသည့် အပင်ငယ်တမျိုး။ (အစေးပူလောင်သည်။)
ပုံလုံတိုင် = ကြိုးချည်ရန်အတွက် လှေသင်္ဘော ကုန်းပတ်ပေါ်တွင် စိုက်ထားသော ငုတ်တိုင်။
စကားပုံမှာလည်း ငါးပျံတလှည့် ပုံလုံတလှည့် လို့ ရေးမှသာ မှန်ပါမယ်။ ဒါပေမဲ့ အရင်ကထုတ်ခဲ့တဲ့ စာစောင်တခုမှာ ငါးပျံတလှည့် ဗုံလုံတလှည့် လို့ ရေးထားတယ်။
ပုံလုံ = ဗုံလုံ (မြန်မာအဘိဓာန် အကျဉ်းချုပ်၊ ၁၉၈၀)
ငါးဖျံလို့ရေးတာ မမှန်ပါ။
ငါးပျံ (Flying Fish) သည် 'အိပ်ဇိုစီတီဒေး'ငါးမျိုးရင်းတွင် ပါဝင်သည်။ ငါးပျံ၏ ရင်ဆူးတောင်သည် အလွန်ကြီး၍ အမြီးဆူးတောင်၏ အောက်ခွမှာ အလွန်ရှည်သည်။ ငါးပျံသည် အမြီးနှင့် ပြင်းထန်စွာ ရေကို ရိုက်ခတ်၍ အပေါ်သို့ခုန်ပြီးလျှင် ဆူးတောင်ကို ငှက်တောင်များသဖွယ်ဖြန့်၍ လေဟုန်စီးနိုင်သည်။ ဤနည်းဖြင့် ကိုက် ၂၀၀ အဝေးအထိပင် ပျံနိုင်၏။
ပုံလုံ = မှန်ု
ဗုံလုံ = မှန်
တလှည့် = မှန်
တစ်လှည့် = မမှန်
ငါးဖျံ = မမှန်
စကားပုံပါ ဗုံလုံဟာ ပဲရှည်သီး (ပုံလုံသီး၊ ပဲလင်းမြွေသီး) မဟုတ်ပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment