ဟုတ်။
အဲလို ထောက်ပြချက်တွေ အမျိုးမျိုးကို မကြာခဏ ရပါတယ်။
ကောက်ချက်တွေ အများစုက မမှန်ပါ။
လက်တန်းကောက်ချက်၊ ဝါးလုံးသိမ်းကောက်ချက်က မှန်တာ ရှားတယ်။
ကျွန်တော် မြန်မာစာ စာတွေရေးနေတာ ၁၁ နှစ်ထဲဝင်လာပြီ။
ရေးစကာလမှာ သတိထားမိသူ မရှိသလောက်ရှားခဲ့တယ်။
တနှစ်ထက်တနှစ် သိသူ တိုးလာပါတယ်။
မြန်မာစာရေးလို့ ကဲ့ရဲ့ရှုံ့ချ၊ ဆဲဆို၊ ကြိမ်းမောင်သူတွေလည်း မနည်းပါ။
ခန့်မှန်းချေ 'အကောင့်' ပေါင်း တထောင်လောက်ကို 'ဘလော့' ရတယ်။
တပြိုက်နက်တည်းမှာ ကျွန်တော့စာမျက်နှာကို 'ဖေါ်လို' လုပ်သူအရေအတွက်လည်း တိုးလာပါတယ်။
12/12/2024 77K followers
8/17/2025 141K followers
8/20/2025 143K followers
8/22/2025 144K followers
8/25/2025 145K followers
8/28/2025 146K followers
8/31/2025 147K followers
9/4/2025 148K followers
9/11/2025 152K followers
9/25/2025 154K followers
10/7/2025 158K followers
11/12/2025 162K followers
11/21/2025 163K followers
12/4/2025 164K followers
12/31/2025 166K followers
1/2/2026 167K followers
2/6/2026 169K followers
တနှစ်ထက်တနှစ် မှန်အောင်ရေးလာသူ တိုးလာပါတယ်။
ဖေါ်လို လုပ်သူဦးရေနဲ့ စာဖတ်သူဦးရေထက် စာကို မှန်အောင်ရေးသားသူဦးရေ တိုးလာခြင်းက ပိုပြီးအရေးပါတယ်။
ခုတ်ရာတခြား ရှရာတလွဲ ဖြစ်နေပါသလား။
Survey ဆန်းစစ်လေ့လာနည်းအရ ထွက်လာတဲ့ အဖြေကိုသာ လက်ခံပါမယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment