အစာဆာနေသော သိန်းငှက် (လင်းယုန်ငှက်) တကောင်သည် နိုက်တင်ဂေးလ်ငှက်ကို ဖမ်းမိပါသည်။ နိုက်တင်ဂေးလ်က လွတ်မြောက်ခွင့် ပန်ကြားကာ မိမိကိုယ်အရွယ်သေးလွန်းသဖြင့် သံလွင်ငှက်၏ ဗိုက်ကို မပြည့်စေနိုင်ကြောင်း၊ ထို့ပြင် မိမိ၏ သီချင်းသံသည် လှပကြောင်း ပြောဆိုပါသည်။
သို့သော် သံလွင်ငှက်က ထိုစကားကို လက်မခံဘဲ လက်ထဲတွင် ရရှိပြီးသား အစာသေးငယ်တခုကို စွန့်လွှတ်ကာ မတွေ့မမြင်ရသေးသော အစာကြီးတခုကို မျှော်လင့်ခြင်းမှာ မိုက်မဲရာဖြစ်ကြောင်း ပြန်လည်ဆိုကာ နိုက်တင်ဂေးလ်ကို စားသုံးလိုက်ပါသည်။
ဤပုံပြင်မှပေးလိုသော သင်ခန်းစာမှာ သေချာရရှိနေသော အကျိုးကို စွန့်လွှတ်ပြီး မသေချာသည့် အကျိုးကြီးကို မျှော်လင့်ခြင်းမှာ မိုက်မဲမှုဖြစ်ကြောင်း ဖြစ်ပါသည်။
“လက်ထဲက ငှက်တကောင်သည် တောထဲက ငှက်နှစ်ကောင်ထက် ပိုတန်ဖိုးရှိသည်” ဟု ဆိုသကဲ့သို့ ဖြစ်ပါသည်။
လက်ရှိရှိနေသော အရာကို စွန့်လွှတ်ပြီး ပိုကောင်းမည်ဟု မသေချာသည့် အရာကို မျှော်လင့်ခြင်းမှာ မိုက်မဲရာဖြစ်ပါသည်။
အာဏာရှိသူ၏ လက်အောက်တွင် ရှိနေသူက ညှိနှိုင်းစကားပြောရန် မလွယ်ကူပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment