Skip to main content

Write Correctly ခတ်ကြီး ဘယ်ကမ်းဆိုက်နေနေ စာကိုအမှန်အတိုင်း ရေးပါတယ်

မိတ်ဆွေ ဆရာဝန်တဦးက အင်္ဂလိပ်လို မှတ်ချက်ရေးပါတယ်။ Trend စာလုံးပါတယ်။ 

ရေးတဲ့ အင်္ဂလိပ် ကွန်မင့်ရဲ့ AI ဘာသာပြန်ကတော့ -

“စာလုံးပေါင်းမှားယွင်းမှုသည် စာရေးသူ၏ မူလရည်ရွယ်ချက်အတိုင်း မဟုတ်ဘဲ လက်ရှိခေတ်စားနေသော လမ်းကြောင်းနှင့် ကိုက်ညီစေရန် ပြုလုပ်ထားခြင်း ဖြစ်သည်။”

အင်္ဂလိပ်-မြန်မာအဘိဓာန်

Trend = ဦးတည်ရာ၊ အလားအလာ။

Trend-setter = ခေတ်ဆန်းသမား၊ ဖက်ရှင်ရှေ့ဆောင်။

လက်ရှိခေတ်စားနေသော၊ ခေတ်ဆန်းသမား၊ ဖက်ရှင်ရှေ့ဆောင် ဆိုတာ ဘာလဲ။

ကျွန်တော့်ဆီကို နေမကောင်းလို့ မေးတာတွေ ၁၀-၁၅ နှစ်အတွင်းမှာ မေးခွန်းပေါင်း သောင်းဂဏန်းရပါတယ်။

ခေတ်အသုံးဖြစလာတဲ့ သမီး နဲ့ သား ဆိုပြီးမေးတဲ့သူတိုင်းဆီကို သမီး၊ သား လို့ ပြန်မရေးပါ။

အဘ ဆိုသူတိုင်းဆီကို အဘရောဂါကျဆုံးပါစေစာ ပို့ပါတယ်။

အလင်းပြပါဆိုသူတွေဆီကို ရောဂါအဖြေနဲ့အတူ EPC မဟုတ်ကြောင်း ထည့်ရေးပါတယ်။

တ နဲ့ တစ်

တက် နဲ့ တက်

ထပ် နဲ့ ထက်

မြတ် နဲ့ မြက် 

ဖတ် နဲ့ ဖက်

ထုပ် နဲ့ ထုတ်

ဖစ်

ပါပီ

တေ 

မာ

က

နော်

အဲ့

စတဲ့ အမှားမေးခွန်းတွေကိုလည်း မေးတဲ့ရောဂါအဖြေစာအဆုံးမှာ ပြင်ပေးပါတယ်။ သူတို့မေးသလို ခေတ်ဆန်အောင် မရေးပါ။

တက် နဲ့ တက်၊ ထပ် နဲ့ ထက်၊ မြတ် နဲ့ မြက်၊ ဖတ် နဲ့ ဖက်၊ ထုပ် နဲ့ ထုတ်၊ တ နဲ့ တစ် အမှားတွေ၊ 

သား၊ သမီး၊ အဘ၊ အလင်းပြ၊ ဖစ်၊ ပါပီ၊ တေ၊ မာ၊ က စတာတွေဟာ ခေတ်ပေါ် trend တွေ။ 

အဲဒီ လက်ရှိခေတ်စားနေသော၊ ခေတ်ဆန်းသမား၊ ဖက်ရှင်ရှေ့ဆောင် ဆိုတာတွေနောက်ကို စာပြန်ရေးတဲ့ ဆရာဝန်က မလိုက်ပါ (မလိုက်ပါ) ခင်ဗျား။

တည်တည်တန့်တန့် မှန်မှန်ကန်ကန်သာ ရေးပါတယ်။

ခေတ်နောက်ကျသူ၊ ရှေးကျသူ၊ ရှေ့ဆောင်မဟုတ်သူလို့ ဆိုပါကလည်း စိတ်ခုမည် မဟုတ်ပါ။

ဟိုတချိန်က ခေါင်းလောင်းဘောင်းသီ၊ တပေါင်ပေါ်ဝတ်နည်းတွေဟာ ဖက်ရှင်ရှေ့ဆောင်ဖြစ်ခဲ့ပါတယ်။

ဝတ်စရာနဲ့ စားစရာကိုသာ ကြိုက်တာ ရွေးပြီး ဝတ်စားပါတယ်။

စာကိုတော့ ဘယ်သောအခါမဆို အမှန်အတိုင်း ရေးနိုင်အောင်ကြိုးစားပါတယ်။

စာရေးသူ၏ မူလရည်ရွယ်ချက်အတိုင်း ရေးပါတယ်။

ခေတ်ကြီး ဘယ်ကမ်းဆိုက်နေနေ စာကိုအမှန်အတိုင်း ရေးပါတယ်။

လက်ရှိခေတ်စားနေသော လမ်းကြောင်း မှန်လာပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...