Skip to main content

Posts

ပြည်တော်ဝင်

ကွန်မင့်တခု = ဆရာ ပြည်တော်ပြန်မဝင်တော့ဘူးလား ဇရာလည်းထောင်းလာပြီမို့ ရွှေတိဂုံ လာဖူးရင်းမွေးရပ်ဇာတိကို အလည်သွားပေါ့ ခုစာက ဘာသဘောမှမပါပါ ဆရာတလွဲမှတ်ယူမှာစိုးလို့ပါ ပြန်စာ ၂၇ နှစ်ခွဲကြာ ပြည်ပမှာသာ နေခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်မှာ တခါ အလည်ပြန်ပါတယ်။ အခုနေ ပြန်ရင်တော့ တွေးသာကြည့်ပေတော့။ ဘုရားဖူးကတော့ သွားရင်းဟန်လွဲထက် နည်းနည်းသာ ပိုပါတယ်။ အမျိုးတွေ၊ ဆရာဆရာမတွေ၊ သူငယ်ချင်းတွေ၊ ဖရင်းတွေနဲ့ တွေ့ချင်တာက အဓိက။ ၁၉၉၀ နိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက်တွေကိုလည်း တွေ့ပါတယ်။ ဇရာကြောင့်လည်း မဟုတ်ပါ။ ဘယ်သူမဆို အရွယ်မရွေး သေနိုင်ကြပါတယ်။ ၂၀၁၈ ကတွေ့ခဲ့ရသူတွေ တချို့ မရှိကြတော့ပ့ါ။ ဒေါက်တာတင့်ဆွေ
Recent posts

ရွှေဈေး လမ်းလျှောက် နွားမပေါင်ကျိုး

ကွန်မင့်တခု = လမ်းစရှောက်တဲ့နေ့ကစပြီးရွှေစျေးတွေတက်နေဒါ။ ပြန်စာ လမ်းလျှောက်လို့ ရေးရ။ နေတာလို့ ရေးရ။ အဲလို ချိတ်ဆက်ယူတာ မမှန်ပါ။  ၁၉၆၂ ခုနှစ် မေလ ရွှေဈေး တကျပ်သား ၂၃၆ ကျပ် ၂၅ ပြား။ အဲဒီခေတ်မှာ မူလတန်းဆရာလစာ ၈၂ ကျပ်။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ ဗခက နေဝင်းက အာဏာသိမ်းလိုက်တယ်။ ၁၉၆၅ ဝန်းကျင်မှာ အောက်တန်းစာရေးနဲ့ မူလတန်းပြ လစာ ၁၂၆ ကျပ် ၁၂ ပဲ (၇၅ ပြား)။ ရွှေဈေးက ၂၀၀ ကျော်ကျော်လေး။ ကျွန်တော်ကျောင်းသားဘဝတုန်းက ရွှေဈေး ၂၀၀-၂၅၀ ကျပ်။  ပြည်ပထွက်ပြေးရချိန်မှာ ၃၀၀၀၀ ကျပ်။  လမ်းလျှောက်နေကြတဲ့ ဘုန်းတော်ကြီးတွေသာမက အခုကွန်မင့်ရေးသူပါ မမွေးလောက်သေးပါ။  ရွှေဈေးက နေ့တိုင်း၊ လတိုင်း၊ နှစ်တိုင်း တက်နေပါတယ်။ ၂၀-၆-၁၉၇၈ နေ့စွဲနဲ့ ရွေခြေကျင်းတရံ ဘောင်ချာထဲမှာ ရွှေဈေးနှုန်းက ၁၃၂၅ ကျပ် လို့ပါရှိတယ်။ သမိုင်းထဲက ရွှေဈေးမှန်ကို သိရတဲ့အတွက် ကျေးဇူးကြီးပါတယ်။ ၁၉၇၈ ခုနှစ်ဆိုရင် ကျွန်တော် ဆရာဝန်ဖြစ်တာ ၆ နှစ်ရှိနေပြီ။ ခေတ်အဆက်ဆက်က မြင့်တက်လာ​သော ​ရွှေ​တကျပ်သားစျေးနှုန်းများ တင်ထားတာတခု တွေ့တယ်။ ၁၉၆၂ ခုနှစ် (၂၅၀) ကနေ ၂၀၂၂ ဇူလိုင်လ (၂၀၆၂၀၀၀) အထိ ပါတယ်။  - ၁၇-၁-၂၀၂၂ မြန်မာ့ရွှေ နှင့် ကမ္ဘာ့ရွှေစျေး...

မြန်မာသံပေါက်သတ်ပုံ

စတုတ္ထတန်း မြန်မာဖတ်စာ တယောက်က ကမ်း၊ တယောက် လှမ်း၊ ယာကွမ်းကိုလည်း မသတ်မည်။ ဒေါက်တာတင့်ဆွေ

'သူတပါး' ကို 'သူတပါး' လို့ ရေးရတယ်

(သူတစ်ပါးလို့ မှားရေးနေသူများအတွက်) သြဝါဒပါတိမောက် ဓမ္မစေတီကျောက်စာတော် သူတပါးကို သတ်သောသူသည် စိတ်အညစ်အကြေးကို နှင်ထုတ်သူမဟုတ်။ သူတပါးကို ညှင်းဆဲသောသူသည် မကောင်းမှုတို့ကို ငြိမ်းစေသူမဟုတ်။ သူတပါးကို မစွပ်စွဲ မပြစ်မှားရာ။ သူတပါးကို မညှင်းဆဲ မနှိပ်စက်ရာ၏။ သူတပါး အမှား ၈၀ သူတပါး အရင်ကတော့ မှန်အောင်ရေးကြပါသည်။ အခုခေတ်မှာ "သူတစ်ပါး" 1. "သူတစ်ပါး" 2. "သူတစ်ပါး"ကိုအပြစ်တင်သူများ 3. "သူတစ်ပါး"စိတ်ချမ်းသာရင် မင်းလဲ ကုသိုလ်ရပါတယ် 4. "သူတစ်ပါး"တို့၏ မကောင်းကြံ ... 5. "သူတစ်ပါး"ထက်ခေါင်းတစ်လုံးသာချင်ရင် ဒီနည်းလမ်းတွေသိထားပါ။ 6. "သူတစ်ပါး"မကောင်းကြံ ကိုယ့်မှာ ဘေးဒဏ်ထိ 7. "သူတစ်ပါး"မကောင်းကြောင်းပြောသူအားတားဆီးပါ -မွဖ်သီမုဟမ္မဒ်နူရွလ္လာဟ် 8. "သူတစ်ပါး"အကျိုးဆောင် ကိုယ်ကျိုးအောင် တရားတော် - ပါမောက္ခချုပ်ဆရာဝောာ် 9. "သူတစ်ပါး"အကြောင်း #aungchanmyint ... 10. "သူတစ်ပါး"အတွက် by Zane - Lyrics & Covers 11. "သူတစ်ပါး"အား ကူညီခြင်း၏အကျိုး 12. Ashin Tayzaw Bartha...

ဟင်းနုနွယ်ကဲ့သိုသောအရွက်များနှင့် ဟင်းခတ်အမွှေးအကြိုင်အရွက်များ

ChatGPT 5.2 Spinacia oleracea (spinach) ကို မြန်မာစာအမြင်နဲ့ အမည်ခေါ်ဝေါဟာရသမိုင်း၊ ဒေသအလိုက်ခေါ်ဝေါဟာရကွာခြားမှု အနေနဲ့ စုစည်းရှင်းပြပါမယ်။ (ရေးသားရာတွင် ၁၉၈၆ မတိုင်မီ စံသတ်ပုံအမြင်ကို လေးထားပါသည်) ၁။ အမည်ခေါ်ဝေါဟာရ (မြန်မာ) မြစ်မြိတ် စံကျပြီး အသုံးအများဆုံး အမည်ဖြစ်သည်။ “မြစ်” သည် အရွက်များ ပြန့်လွှားစိမ်းလန်းမှုကို ညွှန်းပြီး “မြိတ်” သည် အရွက်အနားသဏ္ဌာန်ကို ဖော်ပြသည်ဟု ယူဆနိုင်သည်။ စာအုပ်စာတမ်းများ၊ စျေးကွက်၊ ဆေးဘက်ဆိုင်ရာ စာများတွင်လည်း မြစ်မြိတ် ကို ပိုမိုတွေ့ရသည်။ ဟင်းနုနွယ် ဒေသအလိုက် သုံးစွဲသော အမည်ဖြစ်ပြီး အထူးသဖြင့် အောက်မြန်မာပြည်နှင့် မြို့ပြဒေသအချို့တွင် တွေ့ရသည်။ “နုနွယ်” ဟူသော စကားလုံးသည် အရွက်နုနယ်သဘာဝကို ညွှန်းရာတွင် သုံးလာခြင်း ဖြစ်နိုင်သည်။ သို့ရာတွင် အခြား နုနယ်သော ဟင်းရွက်များနှင့် ရောထွေးသုံးစွဲမိနိုင်သဖြင့် တိကျမှုအတွက် မြစ်မြိတ် ကို ဦးစားပေးသင့်သည်။ ၂။ အင်္ဂလိပ်နှင့် သိပ္ပံအမည် English: Spinach Scientific name: Spinacia oleracea “oleracea” သည် လက်တင်ဘာသာဖြစ်ပြီး ဟင်းသီးဟင်းရွက်အဖြစ် စားသုံးသော ဟု အဓိပ္ပါယ်ရသည်။ ၃။ ဒေသအလိုက် အသုံးအနှုန်းကွာခြားမှု မြန်မာနိုင်ငံအတွ...

စမြိတ်နဲ့ စမုန်စပါး မတူပါ

၁။ စမုန့်စပါးလား စမိတ်လား မသေချာပေမဲ့ ဟင်းအိုးထဲတော့ ရောက်သွားပြီ  စမြိတ်စမြိတ်လို့ ခေါ်ပါတယ်။ စမြိတ်နဲ့ စမုန်စပါး မတူပါ။ ၂။ စမြိတ်နံနံ ဆံမြိတ်လို့ခေါ်ကြပါတယ်ရှင်။ Bouquet Dill (Anethum graveolens) စမြိတ်နံနံပင်လို့ ခေါ်ပါတယ်။ ဆံမြိတ်ဆိုတာက ဆံပင်နဲ့ဆိုင်တယ်။ စမြိတ်နံနံ စမြိတ်ပင် ပုံ (၁) စမြိတ်နံနံ ပုံ (၂) စမုန်းစပါး စမြိတ်နံနံနှင့် ဟင်းခတ်မွှေးကြိုင်များ ဆောင်းရာသီမှာ ပိုပေါတဲ့ စမြိတ်အကြောင်းလေးတွေကို ပုံနဲ့အတူတင်ကြတယ်။ စမြိတ်ကိုတော့ မှန်အောင်ရေးတတ်သူ ရှားတယ်။ တင်ထားတာတခု စမွတ်ကြော်ဆို ရေစပ်စပ်လေးနဲ့ အမြစ်တွေကောထည့်လိုက်ရမှ မုံညှင်းအချဉ်ရည်ဆိုသည်မှာလည်း စမွတ်လေးခတ်လိုက်မှ အရသာပိုရှိသွားပါကြောင်း စမြိတ်နံနံပင်လို့ ခေါ်တယ်။ ချဉ်ပေါင် လယ်ကန်ဇွန်းရွတ် မျှစ် စမိတ် ... ရာသီဥတုသာယာတော့ စမိတ်ပင်တွေဖျာနေရောပဲ ... သူကအငွေ့ အခုကြည့်တော့စမိတ်စမိတ်နံ့လေးမွှေးနေတာပဲ ရိုးရာ ဟင်းပေါင်း ( မုန်ညှင်းပေါင်း ၊ နံနံပေါင်း၊) အသုတ်မျိုးစုံ( နရွဲရွက် ဧကရစ်ရွက်၊ စမိတ်ရွက် ၊ ညောင်ချဉ်ဖူး၊ ခရမ်းသီးရခိုင်ချက်စမိတ်မွှေးမွှေးချက် စမြိတ်ရွက်မဟုတ်ပါဘူးနော် နံနံအမျိုးကွဲပါ စမိတ်က အပွင့်ဝါ ပါ ဒီနံနံကအပွင့်ပြာပါ ရွာမ...

မန္တလေးတက္ကသိုလ်

စာရေးတာတွေ ပိုမှန်လာပါသည်။ ကောင်းပါသည်။  ဦးချမ်းမြ နဲ့ ဦးဆန်းထွန်း တို့ကို သတိရစေပါသည်။  ပုံအတွက် ကျေးဇူး။  ရန်ကုန်တက္ကသိုလ်ကတော့ ထူးမခြားနားအဆင့်သာ ရှိပါသေးသည်။  သူတို့လည်း ကြိုးစားကြမည်ဟု ထင်ပါသည်။ ဒေါက်တာတင့်ဆွေ