၁။
ဘလော့ခံရသူတွေက သတ်ပုံမှန်သွားရောလား
ဆရာကြီးဟာ အသက်သာကြီးပြီး လောကဓံရှစ်ပါးကို ရင်မဆိုင်ရဲသူဖြစ်နေလို့
အမြင်မတူ၍သော်လည်းကောင်း ကိုယ့်ကိုထောက်ပြ၍သော်လည်းကောင်း လူ
နှစ်သောင်းကျော်ဘလော့နေရခြင်းက သက်သေပြနေသည်ဟု ယူဆမိသည်။
ပြန်စာ
သတ်ပုံစာကို
တရားပြနည်း ၁၀ ခုလောက်ရပြီ။
လူ ၂၀၀၀
(နှစ်ထောင်) လောက် ကိုသာ ဘလော့ရပါသေးတယ်။
ခဏနေရင်
လူကြီးမင်းကို ဘလော့မည်။
၂။
..နိယမိတ..သမုဒါစာရ,ပရိဏာမိတ, အာဘုဇိတ,...(ယောနိသော,..မနသီကာရ,)..
သတ်ပုံစာကို
တရားပြနည်း ၁၀ ခုလောက်ရပြီ။
ဒီတရားပြသူကိုတော့
ဘလော့ခြင်းအမှု မပြုပါ။
ယခင်ကလာသော
တရားပြသူများ
1. စကြာဝဠာ အလင်း သတ်ပုံနှင့်ပတ်သက်၍
စောဒကတက်ခြင်းဖြင့် အကျိုးမများနိုင်ပါ ကခ်ာဝိတရဏီ အဋ္ဌကထာမှာပြထားတယ်။
2. ယောနိသောမနသိကာရလည်း
ဒီနေရာမှာလိုအပ်နေတယ်ဆရာ
3. စိတ်ငြိမ်အောင် ပုတီးစိပ်ပါ
4. တရားမှန်ရင် - အဘာဝပညတ်ကို ပယ်ပြီး
မြင်သင့်ပါတယ်။
5. ပညတ်တွေပါ - ပညတ်တွေဆိုတော့
ဘာနဲ့ရေးရေးရတယ် နားလည်ဖို့ပဲလိုတယ် အရည်မရ အဖတ်မရတွေ လျှောက်ငြင်းနေရင်
အချိန်ကုန်တယ် တစ်ရာကျတော့ တရာလို့ရေးရင် နှစ်ရာကျတော့ နှရာလို့ရေးပါလား
6. မဇ္ဈိမ ပဋိပဒါ ထားတာ အကောင်းဆုံးပါ
ဆရာ။ ခံယူချက်ခိုင်မာပါစေ၊ သို့သော် ပျော့ပျောင်းတာ ပိုကောင်းမယ် မြင်ပါတယ်။ -
အမှား ၁၀၀ တွေ့ရင် ၁၀ ခုလောက်သာ ထောက်ပြပါ လို့ပြောချင်တာပါလား။
7. မောင်ရေခဲခေတ်ကသူတွေကသတ်ပုံမှန်အောင်ရေးတတ်ကြတယ်။
စာလုံးဝမတတ်တဲ့လူလဲ တော်တော်များခဲ့လိမ့်မယ်။ ခုခေတ်ကစာမတတ်သူတော့ ရာခိုင်နှုန်း
တော်တော်နည်းသွားပီ(ပြီ)။ သတ်ပုံလေးတော့ တချို့မှားကြတာပေါ့။
စာလုံးဝမတတ်တာနဲ့စာရင် သတ်ပုံမှားတာလေး ဖြေလျှော့တွေးပီး(ပြီး) အကောင်းဖက်ကမြင်ပေးလိုက်ပါ။
လေးစားလျှက်(လျက်)ပါဆရာ။
8. ယောနိသောမနသီကာရ လုပ်ပါတဲ့။
ဆိုလိုတာက အမှား ၁၀၀ တွေ့ရင် ၁၀ ခုလောက်သာ ထောက်ပြပါ။
9. အကောင်းနဲ့အဆိုးကတော့
အမြဲဒွန်တွဲနေတာပါပဲဆရာ။
10. အခုအချိန်ဟာ ဗုဒ္ဓဘာသာဆိုရင်
ဗုဒ္ဓအလိုကျ အားထုတ်ရမည့်အချိန်ပင်ဖြစ်ပါသည်။ ဝါသနာဆိုတာကတော့ သေကာမှ လျော့ကျပါမည်
11. အဘိဓမ္မာလေ့လာကြည့်လိုက်ပါ ဆရာကြီးဒေါက်တာတင့်ဆွေခင်ဗျား
တရားသမား
တယ်များတာကိုး။ အဲလိုဘဲ မြန်မာစာအကြောင်းလေးတွေကို တရားလာပြသူတွေ မနည်းပါ။
တစ်ယား -
ပညတ်။ တစ်ရား - ပညတ်။ တရား - ပညတ်။ တရားစာအုပ်လည်း ပညတ်။ စက္ကူစုတ်လည်း ပညတ်။
ကန်တော့။
ဖယား -
ပညတ်။ ဖုရား - ပညတ်။ ဘုရား - ပညတ်။ ဘုရားဆင်းတုတော်လည်း ပညတ်။
လမ်းဘေးကကျောက်တုံးလည်း ပညတ်။ ကန်တော့။
အဖေလည်း
ပညတ်။ ဘိန်းစား ကလေးကချေလည်း ပညတ်။ (ကန်တော့)
အမေလည်း
ပညတ်။ ကာရာအိုကေက ကျယ်မလည်း ပညတ် (ကန်တော့)
မြတ်စွာဘုရား
မိဂဓါဝုန်မှာဟောခဲ့တဲ့ ဓမ္မစကြာတရားထဲမှာ မဇ္ဈိမပဋိပဒါဝေါဟာရပါတယ်။
အလယ်အလတ်လမ်းလို့ ဘာသာပြန်ကြတယ်။ ဘာလဲ။ အစွန်းနှစ်ပါးကို ရှောင်ရှားပါ။
ကျင့်စဉ်ကို ထောက်ပြပြီး၊ သွားရာလမ်းမှန် မဂ္ဂင်ရှစ်ပါးကို ညွှန်ပြတာ။
အမှားတဝက်
အမှန်တဝက်လို့ မဟောပါ။ မှားနေလည်း ထားလိုက်ပါလို့ မဟောပါ။
တရားပြသူတွေ
အခုလောက်ဆို အမှားများတဲ့မြန်မာစာဘုံကနေ လွတ်ကျွတ်သွားလောက်ကြပြီ။ နတ်ပြည်လား၊
ဗြဟ္မာ့ပြည်လား မသိ။ နိဗ္ဗာန်ကို မျက်မှောက်ပြုသူတွေဆိုရင်တော့ မြန်မာစာကိုပါ
မျက်ကွယ်ပြုကြပြီ။ ကောင်းပါပေ၏။
သူတို့က
အရိယာသူတော်စင်အောင်လက်မှတ် ရထားကြသူတွေ ဖြစ်နိုင်တယ်။ သောတာပန်အောင်လက်မှတ်က
ဈေးမများလောက်။ ယူနီကုဒ်နဲ့ အေအိုင်နည်းနဲ့ အောင်လက်မှတ်တွေ ရနိုင်ပြီ။
မြန်မာပြည်မှာ။
သတ်ပုံစာတွေကို
တရားလာပြသူတွေထဲမှာ
- ဆရာတော်တွေ
မပါ။
- ဘုန်းတော်ကြီးတွေ
မပါ။
- သီလရှင်ဆရာလေးတွေ
မပါ။
- အကျွတ်တရားရပြီး၊
မဂ်တရားကြွနေသူတွေသာ ဖြစ်ပါမည်။
ကန်တော့။
ဒေါက်တာတင့်ဆွေ
.jpeg)
Comments
Post a Comment