၁။ သတင်းကျွတ်တဲ့။ သတင်းလို့ရေးတာ မှားတယ်။ သီတင်းကျွတ်လို့ ရေးရတယ်။ သတင်းဆိုတာ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း။
၂။ သိတင်းကျွတ်ရာသီမှာတဲ့။ သီတင်းကျွတ်လို့ ရေးရတယ်။ သီတင်းကျွတ်လ၊ သီတင်းသုံးသည်၊ သီတင်းသီလယူသည်လို့ ရေးတယ်။
၃။ အစဉ်ကြံစဉ်သမျှတဲ့။ ကြံစည်သမျှလို့ ရေးရတယ်။
၄။ အလှူရေစက် လက်နှင့်မကွာ လှူတန်းနိုင်ခြင်းတဲ့။ လှူဒါန်းသည်က ကြိယာ၊ အလှူအတန်းက နာမ်။
၅။ ဝါလကင်းလွှတ်တဲ့။ ဝါလကင်းလွတ်လို့ ရေးရတယ်။
၆။ ချမ်းမြေ့ပျှော်ရွှင်ပါစေတဲ့။ ချမ်းမြေ့ပျော်ရွှင်ပါစေလို့ ရေးရတယ်။
၇။ ရှစ်ခိုးကန်တော့ပါသည်ရှင့်တဲ့။ ရှိခိုးလို့ ရေးရတယ်။
၈။ အခါသမရတဲ့။ အခါသမယလို့ ရေးရတယ်။
အမှားတွေ မရေးသင့်။ အမှားတွေ မဝေသင့်။ အမှားတွေ မလုပ်သင့်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment