ကွန်မြူနစ်သင်္ကေတအဖြစ် တူနဲ့ တံဇဉ်ကို သုံးကြတယ်။ ဆိုဗီယက်၊ တရုပ်ပြည်၊ ယူဂိုဆလားဗီးယား၊ အိန္ဒိယ၊ ဗီယက်နမ်၊ မြန်မာပြည် စတဲ့ကွန်မြူနစ်ပါတီတွေရဲ့ သင်္ကေတ အတော်ဆင်တူတယ်။ အဲဒီ လိုဂိုကို စပါးရိတ်လို့ မရနိုင်လောက်ပါ။
ဆေးကျောင်းသားဘဝက ရုပ်ရှင်တွေကြည့်တော့ ဇာတ်ဝင်ခန်းမှာ ဆရာဝန်လုပ်သူတွေ သရုပ်ဆောင်တာက တကယ့်ဘဝဖြစ်စဉ်နဲ့ ကွဲလွဲတာတွေ့တိုင်း အလိုမကျဖြစ်ခဲ့တယ်။
ဆယ်တန်းတုန်းက ရုပ်ရှင်မင်းသားထွန်းဝေ ကျောင်းကိုလာတော့ အနုပညာဆိုတာ အတုပညာလို့ပြောတာကို ပြန်ပြန်အမှတ်ရတယ်။ သူ့နေရာနဲ့သူ လုပ်ကြရသကိုး။
လူမှုကွန်ရက်တွေမှာလည်း ပုံအစစ်က အတော်ရှားတာ။ ဒါပေမဲ့ အဲလိုပုံလှတာတိုင်းမှာ လိုပ်ခ် တွေက သန်းချီများဆိုဘဲ။
ကျန်းမာရေးနဲ့ ဆေးပညာအတွက်လည်း နိုင်ငံတိုင်းလိုလိုမှာ တုတ်ချောင်းနဲ့ မြွေရုပ်သုံးကြတယ်။ မြွေက မည်ကာမတ္က။ ရှေးခေတ်ဂရိက မြွေနဲ့ ဆင်ယုံသာဆင်တယ်။
ပြည်တွင်းမှာ နေစဉ်က ကျွန်တော့ကားက ဆေးပညာသင်္ကေတထဲက တုတ်ချောင်းမှာ မက်ဂျစ်ပါဝါ မရှိပါ။
အတုအယောင်ဆိုတာ ခေတ်ရဲ့ သင်္ကေတ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment