Skip to main content

မုန့် နဲ့ မုံ့




မင်္ဂလာပါဆရာ ထိုးမုံ့ကအမှန်လား ထိုးမုန့်ကအမှန်လား တကယ်မသိလို့မေးတာပါ ဖြေပေးပါနော် 
၁။ ဆရာ မုန့်ဖိုး ကအမှန်မဟုတ်ဘူးလား။ ‌ဆရာရေးထားတဲ့ မုံ့ဘိုးက မှားနေပါတယ်။
- သွေးသောက်အယ်ဒီတာ၏ အမှာ တင်ပြထားပါတယ်။
၂။ မုန့် နဲ့ မုံ့ ရဲ့ ကွာခြားပုံလေးကို ကျေးဇူးပြု၍ ခွဲခြားပြသပေးပါခင်ဗျ။ အများရေးတာတွေ့နေရတာကတော့ မုန့် လို့အများဆုံးတွေ့ရလို့ပါ။သိမှတ်စရာကောင်းနေပါတယ်ရှင်းပြပေးစေချင်ပါတယ်။
၃။ မုန့် လို့သာ သင်ခဲ့ရလို့ပါ ဆရာ
၄။ အခုမှ သိတယ် ဆရာ ကျေးဇူးပါ ဆရာ တသက်လုံး အမှား အမှန် ပြင်ရပြီ
၅။ ကျနော်လည်း မုန့် က အမှန်ထင်နေတာ မဟုတ်ဘူးလားဗျ။
၆။ မုန့်ဖက်ထုပ် ဘာဟာက အမှန်လဲ ဆရာ။
၇။ မုံ့ လား မုန့် လား။
၈။ မုံ့ဆိုတာ သတိမထားမိခဲ့ဘူး။ မုန့်မှတ်နေတာဆရာ
မြန်မာစာသတ်ပုံမှာ မုန့်လို့ မရှိခဲ့ပါ။ အစီအစဉ်မှာ မုံ - မုံ့ - မုံး - မုန် - မုန်း -မိုး - မိုရ် - မို့ - မိုး - မိုဃ်း လို့သာရှိတယ်။
ကဝိဓဇသတ်ပုံကျမ်းမှာ မုံ့ = စားသောမုံ့၊ မုံ့မျိုးစုံလို့ရေးတယ်။ ဧကန်သာတမုံ့၊ နေသည်တမုံ့၊ ပြုသည်တမုံ့တွေကတော့ အသုံးနည်းလာတဲ့စာလုံးတွေဖြစ်ပါတယ်။
နောက်ထုတ်သတ်ပုံစာအုပ်တွေမှာ မုန့် လို့သာတွေ့နိုင်ကြပါမယ်။ မြန်မာ့စွယ်စုံကျမ်းမှာ မုံ့ လို့သာသုံးပါတယ်။
မုံ့ဖက်ထုပ်၊ မုံ့ဆန်း၊ မုံ့စိမ်းပေါင်း၊ မုံ့လေပွေ၊ မုံ့ဗိုင်းတောင့်၊ ဘီးမုံ့၊ ပဲမုံ့၊ မုံ့ဖက်လိပ်၊ မုံ့ကြာလိပ်၊ မုံ့ကတော့၊ ငှက်ပျောမုံ့၊ ကောက်လန်းတီမုံ့၊ ထန်းသီးမုံ့၊ ကတတ်မုံ့၊ မုံ့ကတိုးဖွာ၊ မုံ့လုပ်ဆောင်း၊ မုံ့ကြာရိုး၊ ကျိူမုံ့၊ မုံ့ငါးကလေး၊ မုံ့လုံးကြီး၊ မုံ့လုံးရေပေါ်၊ မုံ့ပိန္နဲစေ့၊ အေးမုံ၊ လမုံ့၊ အထက်မီးအောက်မီးမုံ့၊ မုံ့ဆန်း၊ မုံ့ဆန်းမရွေး၊ မုံ့စလင်းထောင်ကြော်၊ မုံ့ဆီကြော်၊ မုံ့ချိုသွင်း၊ ပသျှူးမုံ့၊ ဒေါင်းဖန်ဝါမုံ့၊ ထိုးမုံ့၊ မုံ့ဟင်းခါး၊ မုံ့ကြွပ်၊ မုံ့ဝမ်းသာ။
ခုခေတ်မှာ လျှာရှည်ထားတဲ့ သတ်ပုံတွေ မနည်းလှပါ။ မုံ့လို့ရေးရင် စားစရာလို့မထင်ကြ။ ရောင်းရမယ်မထင်။ ဝယ်သူအကြိုက်သာ လိုက်ရေးကြပေတော့။ ကျွန်တော်ကတော့ နသတ်ပြီးအောင် မစောင့်နိုင်၊ စားလိုက်တယ်။
မြန်မာစာသတ်ပုံမှန်နဲ့သာရေးကြတဲ့ခေတ်မှာ မုံ့လို့သာရေးပါတယ်။ မြန်မာ့စွယ်စုံကျမ်းမှာ မုံ့ လို့သာသုံးပါတယ်။ မုံ့ဖက်ထုပ်၊ မုံ့ဆန်း၊ မုံ့စိမ်းပေါင်း၊ မုံ့လေပွေ၊ မုံ့ဗိုင်းတောင့်၊ ဘီးမုံ့၊ ပဲမုံ့၊ မုံ့ဖက်လိပ်၊ မုံ့ကြာလိပ်၊ မုံ့ကတော့၊ ငှက်ပျောမုံ့၊ ကောက်လန်းတီမုံ့၊ ထန်းသီးမုံ့၊ ကတတ်မုံ့၊ မုံ့ကတိုးဖွာ၊ မုံ့လုပ်ဆောင်း၊ မုံ့ကြာရိုး၊ ကျိူမုံ့၊ မုံ့ငါးကလေး၊ မုံ့လုံးကြီး၊ မုံ့လုံးရေပေါ်၊ မုံ့ပိန္နဲစေ့၊ အေးမုံ၊ လမုံ့၊ အထက်မီး အောက်မီးမုံ့၊ မုံ့ဆန်း၊ မုံ့ဆန်းမရွေး၊ မုံ့စလင်းထောင်ကြော်၊ မုံ့ဆီကြော်၊ မုံ့ချိုသွင်း၊ ပသျှူးမုံ့၊ ဒေါင်းဖန်ဝါမုံ့၊ ထိုးမုံ့၊ မုံ့ဟင်းခါး၊ မုံ့ကြွပ်၊ မုံ့ဝမ်းသာ။
မုံ့တီဆိုတာ မန္တလေးအသုံးလို့ပြောရင် မမှားလောက်ပါ။ အသံထွက်တော့ မုံ့ဒီ။ နန်းဆိုတာ နန်းဆွဲတာ။ လုံးပတ် အသေး အလတ် အကြီးရှိတယ်။ စက်မှုလုပ်ငန်းမှာသုံးတဲ့ ဒိုင်ယာမီတာ။ သေးမျှင်တာမှာသာ သုံးတယ်။ ဖတ်ဆိုတာ ခပ်ပြားပြားကိုသာ ခေါ်ရတာ များတယ်။ ရောခေါ်လို့လည်း ရပါတယ်။ ဘတ်လို့ အသံထွက်တယ်။
မုံတီလို့ပြောရင် နန်းကြီးမုံ့တီကို တန်းမြင်ကြနိုင်တယ်။ နန်းလတ်၊ နန်သေးလို့ ခွဲပြောကြတယ်။ နန်းသေးကို မုံ့ဟင်းခါးမှာလည်း သုံးတယ်။ ဆန်ပြားက သီးခြား။ ဂျုံပြားကလည်း သီးခြား။ စပါဂတီ ခေါ် အီတလီခေါက်ဆွဲမှာ ပုံစံ အရွယ် အရောင်တွေ အမျိုးမျိုး။ မုံ့လုပ်ဆောင်းမှာတော့ နန်းမဟုတ်ပဲ နှင်းသီး ဖြူဖြူလေးတွေလို လုပ်ထားတယ်။
ရှုမဝမဂ္ဂဇင်းထွက်စအချိန်တွင် ကျွန်တော်တို့သည် နေ့စဉ်လိုလိုပင် စကော့ဈေး အနောက်ဖက်တန်းရှိ ရှုမဝတိုက်သို့ ရောက်တတ်ကြသည်။ လူသွားစင်္ကြန်ပေါ်တွင်ချထားသော ရှုမဝဦးကျော်၏စားပွဲကို ဝိုင်း၍ ထိုင်ကာ ဦးကျော်ဧည့်ခံသော လဖက်ရည်နှင့် မုံ့များကို သုံးဆောင်ကြရင်း စာပေနယ်က ဟိုအကြောင်း သည်အကြောင်းများကို တယောက်နှင့်တယောက် ရောက်တတ်ရာရာ ပြောဆိုကြ၏။ (ငွေဥဒေါင်း)
သစ်ကျားပင် - ဝီကီပီးဒီးယား - မန္တလေးထိုးမုံ့၊ ရွှေကြည်၊ နနွင်းမကင်းစသော မုံ့မျိုးတို့ လုပ်ကိုင်ရာ၌လည်း
ရွှေကျေး (မုံ့မျိုးစုံ)
ကဝိလက္ခဏာသတ်ညွှန်း
မြန်မာမင်းလွှတ်တော်သုံးသတ်ပုံ
စာစဉ် (၁)
စိန္တကျော်သူ ဦးသြ ရေးသားစီရင်သည်။
စားသည့်မုံ့ကို ရဝေရှင်ထွေး အဏ်ချင်းတွင် “ဆီပေါ်နေလှပ်၊ ယိုသနပ်နှင့်၊ နှစ်ထပ်မလှုံ့၊ မသိုးမုံ့က၊ စသည်ထွေထွေ ဟူ၍ သေးသေးတင်စပ်သည်။
အခု စားစရာကို မုန့်လို့သာ ၉၅% လောက်က ရေးနေကြတယ်။ မူရင်းက မုံ့။ မြန်မာ့စွယ်စုံကျမ်းလည်း မုံ့။ ကဝိလက္ခဏာသတ်ညွှန်းမှာလည်း မုံ့။ 
မုန့်လို့ရေးတာ မှားတယ်လို့ မဆိုလိုပါ။ အော်ဂဲနစ်စားစရာကတော့ မုံ့။
မုန့် နဲ့ မုံ့ https://burmese-spelling.blogspot.com/2022/10/blog-post_743.html
ပဲလမုံ့ https://burmese-spelling.blogspot.com/2022/10/blog-post_673.html
မန္တလေးမုံ့တီ https://burmese-spelling.blogspot.com/2022/08/blog-post_801.html
ဘာမုံ့ စားမလဲ https://burmese-spelling.blogspot.com/2022/10/blog-post_492.html
မုံ့စားကြမလား မုန့်ရောင်းနေသည် https://burmese-spelling.blogspot.com/2022/08/blog-post_594.html
မုံ့ဆီကြော် https://dr-tint-swe.blogspot.com/2022/01/blog-post_795.html
ဝယ်သူအကြိုက်သာ လိုက်ရေးကြ https://nyaungoo.xyz/?p=24410

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟု...