ပဌမပြန်စာမေးပွဲ ပထမရသည်
၁။ ပထမတန်း ပဌမတန်း ဘယ်လို စတင်ဖြစ်ပေါ်လာလဲ ရှင်းပြပေးပါဆရာ။ ပဌမတန်းကို ပထမတန်းလို့ ရေးရင် အခြားအဓိပ္ပါယ်ကွဲထွက်သွားတာမျိုးကော ရှိတတ်လားဗျ။
ပါဠိ နဲ့ သက္ကတ ဖြစ်ပါတယ်။
၂။ သတင်းစာဟောင်းတခုကပုံကို ပို့ပေးပါတယ်။ ပုံထဲမှာ ပဋ္ဌမနဲ့ စာမှာ ပထမ လို့ ရေးထားတယ်။ ပဌမ နဲ့ ပထမ သာ မှန်ပါတယ်။ ပဋ္ဌမ မမှန်ပါ။
၃။ ပဥမ နဲ့ ပထမ ဘယ်ဟာ က မှန်တာလဲဗျ
၄။ ဆရာ ပထမ နေ့ပါ ပဌမ မဟုတ်ဘူး စလုံးပေါင်းသတ်ပုံ မှန်အောင်ရေးပေးပါ
၅။ ဆရာ ပထမ နဲ့ ပဌမ အတူတူဘဲလားဗျ။
၆။ ဆရာ ပထမဆုံးနှင့် ပဌမဆုံး ဘာကွာပါလဲဆရာ
၇။ ဆရာ ပထမတန်း၊ ပဋ္ဌမတန်း နှစ်ခုစလုံးရေးရသလား။ ဘယ်ဟာအမှန်လဲ။
၈။ ဆရာ။ ပထမ ဆိုတဲ့အသုံးနှစ်မျိုးအကြောင်း ရှင်းပြပေးပါခင်ဗျာ။ ၁၉၆၇-ခုနှစ်ထုတ် ကဗျာ့စွယ်စုံကျမ်းထဲမှာ သုံးတဲ့ ပထမ ဆိုတာရယ်။ ၁၉၉၁-ခုနှစ်ထုတ် သီချင်းစာအုပ်ထဲက ပထမ ဆိုတာရယ်။လိုင်းပေါ်မှာတွေ့ရတဲ့ ၁၉၅၇-ခုနှစ်က အပြေးပြိုင်ပွဲတခုမှတ်တမ်းဓါတ်ပုံထဲက ပဌမ ဆိုတာရယ်။ ဘယ်လိုအသုံးဖြစ်ပေါ်လာပါသလဲခင်ဗျာ။
၉။ ပဌမ နဲ့ ပထမ ဘယ်ဟာကိုယူရမလဲဆရာ။ အရင်အသုံးက ပဌမ၊ နောက်အသုံးက ပထမဖြစ်နေလို့ပါ ဆရာရေ။
၁၀။ ပဌမ နဲ့ပထမ ဘယ်ဟာမှန်လဲဆရာ။ ဆရာရေးတာ ပဌမလို့ရေးထားလို့ပါ
၁၁။ ပဌမက ပါဠိမူရင်း ဖြစ်ပြီး၊ ပထမက မွေးစားစကားလုံးအဖြစ် သုံးတယ်ထင်ပါတယ်ဗျာ။ ကျောင်းသုံးတွေမှာလည်း ပထမလို့ပဲ ရေးပါတော့တယ်။
၁၂။ ပဌမက ပါဠိမူရင်း ဖြစ်ပြီး၊ ပထမက မွေးစားစကားလုံးအဖြစ် သုံးတယ်ထင်ပါတယ်ဗျာ။ ကျောင်းသုံးတွေမှာလည်း ပထမလို့ပဲ ရေးပါတော့တယ်။
၁၃။ ပဌမနဲ့ ပထမ ဘယ်ဟာမှန်လဲဆရာ။ ဆရာရေးတာ ပဌမလို ့ရေးထားလို့ပါ
၁၄။ ပထမ လို့ရေးရင် မှားသလားဗျ
၁၅။ မင်္ဂလာပါ ဆရာခင်ဗျာ ပထမတန်းလား ပဌမတန်းလား သိချင်ပါကြောင်း။
ဦးဟုတ်စိန် ပါဠိ မြန်မာ အဘိဓာန် = ပဌမ
မြန်မာ့စွယ်စုံကျမ်း = ပထမ
ယုဒသန် အဘိဓာန် = ပဌမ
မှတ်ရန် - ဝီကီပီးဒီယာမှာ မြန်မာ့စွယ်စုံကျမ်းထဲကစာတွေကို ကူးတင်တဲ့အခါ မူရင်းထဲပါ ပဌမ ကို ပထမ လို့ ပြင်ထားတယ်။ မလုပ်ရပါ။ မလုပ်ကောင်းပါ။
ပဋ္ဌမ မမှန်ပါ။
အဲလိုဘဲ မြန်မာ့စွယ်စုံကျမ်းကို ပီဒီအက်ဖ် ဖိုင်လုပ်သူတွေကလည်းမူရင်းထဲပါ ပဌမ ကို ပထမ လို့ ပြင်ထားတယ်။ မလုပ်ရပါ။ မလုပ်ကောင်းပါ။
ပဌမ ပါဠိကနေလာတယ်။ ပထမ သက္ကတဘာသာ (သင်္သကရိုက်ဘာသာ) ဆန်းစ်ကရစ်ဘာသာကနေလာတယ်။
ပဌမ (ပါဠိ) နဲ့ ပထမ (သက္ကတ) မူကွဲတွေဖြစ်တယ်။ နှစ်မျိုးလုံးမှန်တယ်။
ပဌမ = ပါဠိ = တခုမြောက်
ပဋ္ဌ = ထက်မြက်စွမ်းနိုင်သည်။ လိမ္မာသောအဖြစ်ဖြင့် တည်သည်။
ပထမ = သင်သကရိုက် (သက္ကတ၊ ဆန်းစ်ခရစ်) သက် = တခုမြောက်
ကျောင်းသုံးတွေ၊ နောက်ထုတ်တဲ့ သတ်ပုံစာအုပ်တွေ၊ အဘိဓာန်တွေမှာ ပထမလို့သာပေါင်းတယ်။ မြန်မာ့စွယ်စုံကျမ်းတွေမှာတော့ ပဌမလို့သာ ရိုက်နှိပ်ထားတယ်။
ကျွန်တော့်ကို ပဌမတန်းကတည်းက စာသင်ပေးကြတဲ့ ဆရာ၊ ဆရာမတွေအားလုံးစကားကို လိုက်နာလို့ စစ်အစိုးရခေတ်မှာခိုင်းသလို လိုက်မပြင်ပါ။ လူအတော်များများက ကနေ့ သက်ရှိလူတွေက သင်ပေးတာ ရေးနေတာ ပြောဟောတာကိုသာ အမှန်လို့ တထစ်ချမှတ်ယူနေကြတယ်။ ပျံလွန်တော်မူသွားကြတဲ့ ဆရာတော်တွေ။ ကွယ်လွန်သွားကြပြီဖြစ်တဲ့ ပညာရှင်တွေကို အလေးမထားကြတော့ပါ။ သက်ရှိပညာရှင် လုပ်နေသူတွေထဲမှာ ကိုယ်ထင်ရာသာ ဇွတ်မှန်တယ်ပြောနေကြသူ မနည်းလှပါ။ ပြန်ငြင်းခွင့်မရတော့တဲ့ ကွယ်လွန်သူတွေအပေါ် နိုင့်ထက်စီးနင်းလုပ်ရာကျတယ်။ ပဌမလို့ရေးတဲ့ကျွန်တော့်ကို ဘိတ်ဆုံးလို့ ထင်ရင်လည်း သဘောပါပဲ။
ပဌမ သမ္ပဒါသုတ် = ရဟန်းတို့ ပြည့်စုံခြင်း ‘သမ္ပဒါ’ တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်း ဟူမူ - ယုံကြည်မှု ‘သဒ္ဓါ’ နှင့် ပြည့်စုံခြင်း၊ စောင့်ထိန်းမှု ‘သီလ’ နှင့် ပြည့်စုံခြင်း၊ အကြားအမြင် ‘သုတ’ နှင့် ပြည့်စုံခြင်း၊ စွန့်ကြဲမှု ‘စာဂ’ နှင့် ပြည့်စုံခြင်း၊ သိမှု ‘ပညာ’ နှင့် ပြည့်စုံခြင်းတို့တည်း။ ရဟန်းတို့ ပြည့်စုံခြင်းတို့သည် ဤငါးမျိုးတို့တည်း ဟု (မိန့်တော်မူ၏)။
ပဋ္ဌမလို့ အရင်က သတင်းစာတချို့မှာ ပါတယ်။ နောက်မကြာခင် အသုံးမပြုကြတော့ပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment