Skip to main content

သုံးဆဲ့ရှစ်ဖြာ မင်္ဂလာ

မြတ်စွာဘုရား နတ်လူတို့၏ အကျိုးစီးပွားအလို့ငှာ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတော်ကို ဟောကြားတော်မူသည်။ နတ်၊ လူ ဟူသမျှတို့၏ ကြီးပွားကြောင်း အမြတ်ဆုံးသော မင်္ဂလာ တရားများပေတည်း။

မင်္ဂလာ ၃၈ ပါး

မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း တော်၌ သီတင်းသုံးနေတော်မူစဉ် လူနတ်တို့၏ အကျိုးစီးပွား အလို့ငှာ တညသော သန်းခေါင်အခါ၌ မထင်ရှားသော နတ်သားတပါး တောင်းပန်လျှောက်ထားသဖြင့် သုံးဆဲ့ရှစ်ပါး အပြားရှိသော ဤမင်္ဂလာတရားတော်ကို ဂါထာဆယ်ပုဒ်ဖြင့် ဟောကြားတော်မူခဲ့သည်။ သုံးဆယ့်ရှစ်ပါး အပြားရှိသော မင်္ဂလာတရားတို့ကား

အသေဝနာစ ဗာလာနံ ဟူသော ပုဒ်၌ ၃ ပါး

သူမိုက်တို့ကို မမှီဝဲ မဆည်းကပ်ခြင်းလည်း တပါး၊

ပညာရှိသောသူတို့ကို မှီဝဲဆည်းကပ်ခြင်းလည်း တပါး၊

ပူဇော်ထိုက်သော သူတို့ကို ပူဇော်ခြင်းလည်း တပါး၊

ပတိရူပ ဒေသဝါသောစ ဟူသော ပုဒ်၌ ၃ ပါး

တင့်အပ် လျောက်ပတ်သော အရပ်၌ နေခြင်းလည်း တပါး၊

ရှေးဘဝကပြုခဲ့ဘူးသော ကောင်းမှုရှိသောသူ၏ အဖြစ် လည်း တပါး၊

မိမိကိုယ်ကို ကောင်းစွာ ဆောက်တည်ခြင်းလည်း တပါး၊

ဗာဟု သစ္စဉ္စ သိပ္ပဉ္စဟူသော ပုဒ်၌ ၄ ပါး

အကြားအမြင်များသော သူ၏ အဖြစ်လည်း တပါး၊

အပြစ်မရှိသော အတတ်ကို တတ်ခြင်းလည်း တပါး၊

ကောင်းစွာသင်အပ်သော အကျင့်ဝိနည်းလည်း တပါး၊

ကောင်းသောစကားကို ကောင်းစွာ ပြောဆိုခြင်းလည်း တပါး၊

မာတာပိတု ဥပဋ္ဌာန ဟူသော ပုဒ်၌ ၃ ပါး

အမိအဖကို လုပ်ကျွေးမွေးမြူခြင်းလည်း တပါး၊

သားမယားအား သင်္ဂြိုဟ်ထောက်ပံ့ခြင်းလည်း တပါး၊

အနှောင့်အရှက်မရှိသော အမှုအလုပ်တို့ကို ပြုလုပ်ခြင်းလည်း တပါး၊

ဒါနဉ္စ ဓမ္မစရိယာစ ဟူသော ပုဒ်၌ ၄ ပါး

အလှူပေးခြင်းလည်း တပါး၊

တရားတော်နှင့်အညီ မြတ်သောအကျင့်ကို ကျင့်ခြင်း လည်း တပါး၊

အဆွေအမျိုးတို့အား ခြီးမြှောက် ထောက်ပံ့ခြင်းလည်း တပါး၊

အပြစ်မရှိသော အမှုတို့ကို ပြုလုပ်ခြင်းလည်း တပါး၊

အာရတီ ဝိရတီပါပါ ဟူသော ပုဒ်၌ ၄ ပါး

မကောင်းမှုတို့မှ ဝေးစွာရှောင်ကြဉ်ခြင်းလည်း တပါး၊

မကောင်းမှုတို့မှ ကိုယ်နှုတ်တို့ဖြင့် အထူး ရှောင်ကြဉ် ခြင်းလည်း တပါး၊

သေရည်သေရက် သောက်စားခြင်းမှ ကောင်းစွာစောင့် စည်းခြင်းလည်း တပါး၊

ကောင်းမှုကုသိုလ် တရားတို့၌ မမေ့မလျော့ခြင်းလည်း တပါး၊

ဂါရဝေါစ နိဝါတောစဟူသော ပုဒ်၌ ၅ ပါး

ရိုသေထိုက်သော သူကို ရိုသေခြင်းလည်း တပါး၊

မိမိကိုယ်ကို နှိမ့်ချခြင်းလည်း တပါး၊

ရောင့်ရဲတင်းတိမ် လွယ်ခြင်းလည်း တပါး၊

သူ့ကျေးဇူးကို သိခြင်းလည်း တပါး၊

သင့်တင့်လျောက်ပတ်သောအခါ၌ တရားတော်ကို နာခြင်းလည်းတပါး၊

ခန္တီစ သောဝစဿတာ ဟူသော ပုဒ်၌ ၄ ပါး

သည်းခံခြင်းလည်း တပါး၊

သူတော်ကောင်းတို့ ဆုံးမအပ်သော တရားကို လိုက်နာ လွယ်ခြင်းလည်း တပါး၊

ရဟန်းကောင်းရဟန်းမြတ်တို့အား ဖူးမြော်ခြင်းလည်း တပါး၊

သင့်တင့် လျောက်ပတ်သောအခါ၌ တရားစကားကို ဆွေးနွေးမေးမြန်းခြင်း လည်း တပါး၊

တပေါစ ဗြဟ္မစရိယဉ္စ ဟူသော ပုဒ်၌ ၄ ပါး

ခြိုးခြံစွာ ကျင့်ခြင်းလည်း တပါး၊

မြတ်သောအကျင့်ကို ကျင့်ခြင်းလည်း တပါး၊

အရိယသစ္စာတရားတို့ကို သိမြင်ခြင်းလည်း တပါး၊

အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခြင်းလည်း တပါး

ဖုဋ္ဌဿ လောကဓမ္မေဟိ ဟူသော ပုဒ်၌ ၄ ပါး

လောကဓံတရား ရှစ်ပါးနှင့် တွေ့ကြုံငြားသော်လည်း စိတ်သည် တုန်လှုပ်ခြင်း မရှိသည်လည်းတပါး၊

စိုးရိမ်ခြင်း မရှိသည်လည်း တပါး၊

ရမ္မက်ဟူသော မြူအညစ်အကြေး ကင်းခြင်းလည်း တပါး၊

ဘေးမရှိခြင်းလည်း တပါး၊

ဤသို့ပြအပ်ခဲ့ပြီးသော ၃၈ ပါး မင်္ဂလာတရားတို့ကို ပြုကျင့် အားထုတ်သောသူတို့သည် မည်သည့်အရပ်၌မဆို ရန်သူတို့မအောင်နိုင်သဖြင့် အရာခပ်သိမ်း၌ ချမ်းသာကြရကုန်၏။ ထို မင်္ဂလာတရား ၃၈ ပါးသည် နတ်လူဟူသမျှတို့၏ ကြီးပွား ချမ်းသာကြောင်း အမြတ်ဆုံးသော မင်္ဂလာတရားများ ဖြစ်ကြပေသည်။

ဝီကီပီးဒီးယားမှာ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉) ကနေ ကူးတင်ထားတယ်။ မူရင်းသတ်ပုံ တပါး ၃၉ လုံးကို ပြင်ထားတယ်။ ဆဲ့ကိုလည်း ဆယ့်လို့ ပြင်ထားတယ်။ မလုပ်ကောင်းပါ။ မင်္ဂလာမရှိပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ