အနုပညာအမည် ကလောင်အမည် နှမြော
မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ
ပြန်စာ
(၁)
အန်တီ
အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ
Auntie အန်တီ (ဗြိတိသျှ)
Aunt အန့် (အမေရိကန်)
Aunty မမှန်ပါ။
အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။
'မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။
(၂)
နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။
ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။
(၃)
ဒေါ်ခင်သန်းနု
အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment