ဆို - ဝင်းဦး + မာမာအေး
လူမြင်ရင် ချစ်ချင်ဖွယ်
ရူပါရုံ ချောလှတယ်
သဘောကောင်းတဲ့ သူကလေးရယ်
အတူဆုံဖို့ နဖူးစာရေးတယ်
ယုံကြည်ဖွယ် မာယာနှောကာ
ပြောတတ်တဲ့သက်လှယ်ရယ်
နောင်ခါဝယ် မေရှင်ကလေးကို
အရေးမစိုက်မှာ အလွန်စိုးတယ်
ချစ်မှာလားကွယ်
မေတ္တာထားတယ်
ရှေးရေစက် ကံဆုံတယ်
တူနှစ်သွယ် ဆုံဆည်းရတယ်
ချစ်စရာကောင်းသူကလေးရယ်
မောင့်စိတ်ထဲမှာ စွဲလန်းတယ်
အဟုတ်ကိုပြောတာလားကွယ်
လိမ်ဉာဏ်တွေပိုတယ်
ကရုဏာထားတာ အဟုတ်ပါပဲ
မေတ္တာထားတယ် တကယ့်ကိုပဲ
မင်းအလိုရှိရင်မောင့်အသည်း
ခွဲကာပေးမယ်
တွေ့ရင်တော့ဖြင့် လွမ်းအောင်ချွဲ
နောက်ကွယ်ကျရင်မေ့မှာပဲ
အသည်းမှာစွဲတဲ့ ပျိုမေရှင်ကို
အလိုလိုက်ရလိမ့်မယ်
တူမောင်မယ် မေတ္တာအကြောင်းနဲ့
ပေါင်းဖို့ရာ ဆုတောင်းမယ်
ခင်နဲ့မောင် သစ္စာထား
သိကြားနတ်တွေ အကုန်သိတယ်
တူမောင်မယ် မေတ္တာအကြောင်းနဲ့
ပေါင်းဖို့ရာ ဆုတောင်းမယ်
ခင်နဲ့မောင် သစ္စာထား
သိကြားနတ်တွေ အကုန်သိတယ်
ချစ်တဲ့သူရယ်
ကြိုက်တဲ့သူရယ်
ရာသက်ပန်ရွယ်ကိုးလို့သာ
အရိုးကျအောင် ပေါင်းပါ့မယ်
စိုးရိမ်ဖွယ် စိုးရိမ်ဖွယ်
ယောက်ျားများဟာ ဖောက်ပြားလွယ်
တကယ်ကြောက်အားပိုတယ်
ယုံဘူး ယုံဘူး ချစ်ဦးပျိုသက်လှယ်
လူမြင်ရင် ချစ်ချင်ဖွယ်
ရူပါရုံ ချောလှတယ်
သဘောကောင်းတဲ့ သူကလေးရယ်
အတူဆုံဖို့ နဖူးစာရေးတယ်
ယုံကြည်ဖွယ် မာယာနှောကာ
ပြောတတ်တဲ့သက်လှယ်ရယ်
နောင်ခါဝယ် မေရှင်ကလေးကို
အရေးမစိုက်မှာ အလွန်စိုးတယ်
ချစ်မှာလားကွယ်
မေတ္တာထားတယ်
ရှေးရေစက် ကံဆုံတယ်
တူနှစ်သွယ် ဆုံဆည်းရတယ်
ချစ်စရာကောင်းသူကလေးရယ်
မောင့်စိတ်ထဲမှာ စွဲလန်းတယ်
အဟုတ်ကိုပြောတာလားကွယ်
လိမ်ဉာဏ်တွေပိုတယ်
ကရုဏာထားတာ အဟုတ်ပါပဲ
မေတ္တာထားတယ် တကယ့်ကိုပဲ
မင်းအလိုရှိရင်မောင့်အသည်း
ခွဲကာပေးမယ်
အင်း တွေ့ရင်တော့ဖြင့် လွမ်းအောင်ချွဲ
နောက်ကွယ်ကျရင်မေ့မှာပဲ
အသည်းမှာစွဲတဲ့ ပျိုမေရှင်ကို
အလိုလိုက်ရလိမ့်မယ်
တူမောင်မယ် မေတ္တာအကြောင်းနဲ့
ပေါင်းဖို့ရာ ဆုတောင်းမယ်
ခင်နဲ့မောင် သစ္စာထား
သိကြားနတ်တွေ အကုန်သိတယ်
တူမောင်မယ် မေတ္တာအကြောင်းနဲ့
ပေါင်းဖို့ရာ ဆုတောင်းမယ်
ခင်နဲ့မောင် သစ္စာထား
သိကြားနတ်တွေ အကုန်သိတယ်
ချစ်တဲ့သူရယ်
ကြိုက်တဲ့သူရယ်
ရာသက်ပန်ရွယ်ကိုးလို့သာ
အရိုးကျအောင် ပေါင်းပါ့မယ်
စိုးရိမ်ဖွယ် စိုးရိမ်ဖွယ်
ယောက်ျားများဟာ ဖောက်ပြားလွယ်
တကယ်ကြောက်အားပိုတယ်
ယုံဘူး ယုံဘူး ချစ်ဦးပျိုသက်လှယ်။ ။
နောက်ခံမှာ သီချင်းစာသား မပါတာရင် သတ်ပုံမမှားကြပါ။ တကယ်၊ ယောက်ျားနဲ့ ကရုဏာကို မှန်အောင်ရေးတတ်သူ နည်းတဲ့ခေတ်။
https://www.facebook.com/100007274508999/videos/2257890347744348?idorvanity=1622572604665663
ဒေါက်တာတင့်ဆွေ
Comments
Post a Comment