Skip to main content

ထုပ် ထုတ်

- အသင့်စားလက်ဆောင်တထုတ် ထည့်ပေးပြီး

တထုပ်လို့ ရေးရ။ တထုပ်၊ တအိတ်၊ တဗူး၊ တပုံ၊ တပီပါ၊ တခွက်။

- ၃၀၀ ဂရမ် တထုတ်(တထုပ်) ၂၀၀ ဘတ်

- အဘိဓမ္မာအခါတော်နေ့ဖြစ်ပါသည်။ ကုသိုလ်ဓမ္မများ ကြိုးစားပွားများ အားထုပ် (အားထုတ်) နိုင်ကြပါစေ။

-  ဝိပဿနာတရားအားထုပ်(ဝိပဿနာတရားအားထုတ်)နေရင်း တစ်ခါတေလ(တခါတလေ)လဲ သမထ ဖြစ်သွားတာပါဘဲ။ 

-  ကချင်ဟင်းထုတ်စချက်နေပါပြီနော် အော်ဒါလေးတွေအမှီပို့ပေးပါမယ် ထပ်တိုးပွဲလေးက ငါးကောင်လုံး ကချင်ဟင်းထုတ်လေးတွေပါ တထုပ် ၂၅၀၀တန်လေးတွေရပါမယ် (ဟင်းထုပ်လို့ ရေးရ။ တထုပ်လို့ ရေးတာမှန်။ ကွန်ဂရက်ကျူလေးရှင်း။) 

-  ကင်ဆာရောဂါသမားပါ ခါးဆီးသုံးခါရှိပြီထုပ်တာ ခါးဆီထုပ်တာ(ခါးဆီထုတ်တာ) များရင် ဘာဖြစ်တက်(ဖြစ်တတ်)လဲ ရှင်းပြပါအုန်း

-  ကျနော်တို့မြန်မာနိုင်ငံမှာ ကလေးကို မွေးပြီးပြီးချင်း အနှီးနဲ့ လက်ခြေထောက် တကိုယ်လုံးကို လှုပ်မရအောင် ကြပ်ထုတ်(ထုပ်) နေအောင် ထုတ်(ထုပ်) ထားကြတယ်။ ထုတ်(ထုပ်)ထားသင့်သလားလို့ သိချင်ပါတယ်ဆရာ။

-  ကျွန်မညီမလေးက အသက် ၄၃ နှစ်ပါ။ သားအိမ်ထုပ်(ထုတ်)ထားတာ ၉ နှစ်ရှိပါပြီ။ (သားအိမ်ထုတ်လို့သာ ရေးရပါမယ်။ ထုပ်ဆိုတာ ထုပ်ပြီးသိမ်းတာ။ ထုတ်က ထုတ်ပစ်တာ။)

-  စမ်းသပ်ကုသပေးနေတဲ့ဆရာဝန်က အသင့်ဆုံးနည်းလမ်းရွေးပါမယ်။ ဗိုက်ခွဲမှသာ ကောင်းမယ်ထင်တယ်။ သားအိမ်မှာလည်း တခုမကရှိတယ်။ မျိုးဥအိမ်မှာလည်းရှိတယ်။ သားအိမ်ထုတ်လို့ရေးရတယ်။ ထုပ်ဆိုတာ ထုပ်ပြီးသိမ်းတာ။ ထုတ်က ထုတ်ပစ်တာ။

-  ဆရာ သားအိမ်မှာ အကျိပ်လို့ပြောတယ်ဆရာ။ သားအိမ်ထုပ်ရမယ်လို့လည်းပြောတယ်ဆရာ။ (အကျိတ်လို့ရေးရတယ်။ ထုတ်လို့ရေးရတယ်။ အသက်-ရာသီ-အိမ်ထောင်ရေး မသိ။ မေးနည်းစည်းကမ်းမကျလို့ ဖြေမရ။)

-  ဆရာရှင့် အသက် ၄၀ ရာသီမှန်ပါတယ်။ ၂၂ ရက်ကို တခါဖြစ်ပါတယ်။ သွေးဆင်းတဲ့ပမာဏကတော့ အရင်ကထက် နည်းလာပါတယ်။ အခုအာထရာဆောင်းရိုက်ပြီး ဆရာဝန်က သားအိမ်ထုပ်ရမယ်လို့ ပြောပါတယ်။ ခွဲရမှာလန့်နေပေမယ့် ခွဲဖို့ဆုံးဖြတ်ထားပါတယ်။ ကျမအခြေနေက ဗိုက်မခွဲဘဲ အပေါက်ဖေါက်ပြီး ထုပ်လို့ရနိုင်ပါလားရှင့်။ အဲဒါက ဗိုက်ခွဲတာထက် ပိုကောင်းမကောင်း သိပါရစေ။ (စမ်းသပ်ကုသပေးနေတဲ့ဆရာဝန်က အသင့်ဆုံးနည်းလမ်းရွေးပါမယ်။ ဗိုက်ခွဲမှသာ ကောင်းမယ်ထင်တယ်။ သားအိမ်မှာလည်း တခုမကရှိတယ်။ မျိုးဥအိမ်မှာလည်းရှိတယ်။ သားအိမ်ထုတ်လို့ရေးရတယ်။ ထုပ်ဆိုတာ ထုပ်ပြီးသိမ်းတာ။ ထုတ်က ထုတ်ပစ်တာ။)

-  ဆရာရှင့်မေးခွင့်ပြုပါ ကျမအသက်က ၄၃ ပါ သမီးလေးမွေးပြီး ၄၅ ရက်ကတည်းက IUT ထည့်ထားပါတယ် အခု သမီးလေးကအသက် ၁၇ ပါ ပြန်ထုပ်သင့်ပြီးလား သိချင်ပါပါတယ် ကျေးဇူးပြုပြီးဖြေပေးပါရှင့် (IUD - IUCD လို့ ခေါ်တယ်။ ၅ နှစ်အထိသာ ထားလေ့ရှိတယ်။ ထုတ်လို့ ရေးရတယ်။)

-  ဆရာရှင့် အသက် ၄၀ ရာသီမှန်ပါတယ်။ ၂၂ ရက်ကို တခါဖြစ်ပါတယ်။ သွေးဆင်းတဲ့ပမာဏကတော့ အရင်ကထက် နည်းလာပါတယ်။ အခုအာထရာဆောင်းရိုက်ပြီး ဆရာဝန်က သားအိမ်ထုပ်ရမယ်လို့ပြောပါတယ်။ ခွဲရမှာလန့်နေပေမယ့် ခွဲဖို့ဆုံးဖြတ်ထားပါတယ်။ ကျမအခြေနေက ဗိုက်မခွဲဘဲ အပေါက်ဖေါက်ပြီး ထုပ်လို့ရနိုင်ပါလားရှင့်။ အဲဒါက ဗိုက်ခွဲတာထက် ပိုကောင်းမကောင်း သိပါရစေ။

-  နိုင်ငံခြားမှာ ငွေထုတ်ကိုင်ထားနိုင်တဲ့အဖွဲ့တွေ ကူညီကြပါ။ (ငွေထုပ်ဆိုတာ ငွေအိတ်။ ပိုက်ဆံထဲ့ထားတဲ့အိတ်။ သိမ်းထားတာ။ ငွေထုတ်ဆိုတာ ဘဏ်ကနေ၊ ATM ကနေ ပိုက်ဆံထုတ်တာ။ ထုတ်ယူတာ။)

-  မင်္ဂလာပါ ဆရာ အထုပ် နဲ့ အထုတ် ငြင်းနေကြလို့ ရှင်းပြပေးပါဦးဆရာ

-  မထုတ် (ထုပ်) ထား (ထုတ်မထား) သင့်ဘူးလို့တော့ ထင်တာပဲ။

-  အကုန်မြန်တဲ့လိပ်ပြာအပင်ပေါက်တွေချင်းမိုင်မျိုးကိုမျိုးယူပြီမြန်မာနိင်ငံမှထုပ်လုပ်သော လိပ်ပြာအပင်ပေါက် (ထုတ်လုပ်သော)

ထုတ်

ကျပ်ထုပ်ထိုး

ထမင်းထုပ်

ထုတ်၍ပြသည်

ထုတ်ချင်းခတ် (တိုးရို အပိတ်အပင်မရှိ)

ထုတ်ချောက် (ထုတ်ချောင်း) = မလွဲဧကန်

ထုတ်ဆောင်ပြ

ထုတ်ထုတ်မြည်သံ

ထုတ်နှုတ်

ထုတ်ပယ်

ထုတ်ပြန်ကြေညာ

ထုတ်ဖော် (ထုတ်ဘော်)

ထုတ်လုပ်သည်

ထုတ်သန်း = ဖိလာကန့်လန့်

ထုပ်

ထုပ်ဆီးကစားသည်

ထုပ်ပိုးသည်

ထုပ်ပေါ် ကြွက်လျှောက်

ထုပ်လျှောက်ဒိုင်းမြား

ဖက်ဖြင့်ထုပ်

မုံ့ဖက်ထုပ်

ယစ်ထုတ် (အရက်သမား)

လုံခြုံစွာထုပ်ပါ

သတင်းစာထုတ်ဝေသည်

သွေးထုတ်ယူသည်

သားအိမ်ထုတ်သည်

အကျိတ်အလုံးထုတ်သည်

အတွင်းမှ အပြင်သို့ထုတ်

အထုပ်အပိုး

အပြင်သို့ထုတ်ပါ

အမိန့်ထုတ်ပြန်သည်

ဦးထုပ်

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

အဘရောဂါ ကျဆုံးပါစေ

ဒီစာကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အခါတရာလောက်တင်ပြီးသား။ စစ်ယူနီဖေါင်းနဲ့လူတွေ့တိုင်း အဘခေါ်ခိုင်းတာ နဝတ ခေတ်ကစတယ်။ နောက်တော့ လူတွေ့တိုင်း အဘဖြစ်လာတယ်။  ကိုယ့်အဖွားမှာ အိမ်ထောင်ဘက်တွေ များရော။ မလုပ်ကောင်းပါ။ ကန်တော့။ မြန်မာစာမှာပါ အဘရောဂါ ကူးစက်လာတယ်။ အခုဘဲ တယောက်က အဘ။ အဘအသုံးဟာ ယဉ်ကျေးမှု စသဖြင့် အရင်လူတွေရေးသလို ရေးလာပြန်တယ်။ အဘအသုံး နည်းလာပြီ။ အသစ်က Hi နဲ့ နော်။  စောစောက ထပ်မံတင်ပြသေးတယ်။ သားနဲ့ သမီး။ ကျွန်တော်၊ ကျနော်၊ ကျမ၊ ဗျ၊ ခင်ဗျ၊ ခင်ဗျာ၊ ရှင်၊ ရှင့် အသုံးတွေ ပျောက်ကွယ်လာလာတာအတွက် အင်မတန် နှမြောပါတယ်။  အဘမခေါ်ရမနေနိုင်သူတွေ ကျွန်တော့ဆီတော့ စာမရေးသားကြစေလိုပါ။ အခေါ်ခံချင်သူတွေ အများကြီး။  သူများကိုအဘခေါ်သူတွေ ကြီးလာရင် အဘလိုလုပ်ကြလိမ့်မယ်။ အဘရောဂါ ပျောက်ပါစေသတည်း။ အဘခေတ် ကျဆုံးပါစေသတည်း။ ယဉ်ကျေးမှုဖြစ်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ပြန်မရေးစေလိုပါ။ ဆရာဝန်ကို ဆရာလို့ မခေါ်ချင်သူတွေလည်း မမေးကြစေလိုပါ။ ဒေါက်တာတင့်ဆွေ