တင်ထားတာတခု ဖတ်ရတယ်။ သတ်ပုံတွေလည်း မှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။
(စ) ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ဒီဇင်ဘာ ၁ ရက်နေ့မှာတည်ထောင်ခဲ့တယ်။၂၀၂၂ ဒီဇင်ဘာ ၁ ရက်ဆိုရန်ကုန်တက္ကသိုလ်နှစ် ၁၀၂ ပြည့်ပြီ။၁၉၇၈ ခုနှစ်ဆောင်းတွင်းကြီးရာဇူး (RASU) ခေါ်တဲ့ “ရန်ကုန်ဝိဇ္ဇာနဲ့သိပ္ပံတက္ကသိုလ်” ဝင်းထဲစရောက်ဖူးတယ်။ရန်ကုန်တက္ကသိုလ်ကိုကျွန်တော်တို့ခေတ်ကရာဇူး (R.A.S.U) Rangoon Art & Science University) ခေါ်တယ်။ တက္ကသိုလ်ကျောင်းသားမဖြစ်သေးပေမယ့်ဝိဇ္ဇာခမ်းမရှေ့မှာကျင်းပတဲ့စိုင်းထီးဆိုင်စတိတ်ရှိုးပွဲသွားကြည့်တာပါ။ညဦးပိုင်းကျောင်းဝင်းထဲရောက်သွားပြီးအစဉ်အလာကြီးတဲ့ရန်ကုန်တက္ကသိုလ်ဆိုတာဒီလိုကြီးပါလားခံစားမိတယ်။မှောင်ထဲမှာတိတ်ဆိတ်နေတဲ့ဘွဲ့နှင်းသဘင်ခမ်းမကြီးကိုအဝေးမှာလှမ်းမြင်ခဲ့ရတယ်။
တက္ကသိုလ်ရိပ်သာလမ်းကျောင်းရှေ့မှတ်တိုင်ကနေကျောင်းကိုကြည့်လိုက်ရင် “ ရန်ကုန်ဝိဇ္ဇာနဲ့သိပ္ပံတက္ကသိုလ် ” ရေးထားတဲ့သံဆိုင်းဘုတ်အပြာရောင်ကိုတွေ့ရလိမ့်မယ်။အပြာရောင်နောက်ခံမှာအဖြူရောင်ဆေးနဲ့ရေးထားတယ်။ဆေးဟိုတကွက် ဒီတကွက်ပျက်နေတယ်။ (လွင်ဦး_ရန်ကင်း) (ဆုံး)
ရန်ကုန်တက္ကသိုလ် နှစ်ငါးဆယ်ပြည့်တော့ ကျွန်တော်တို့က ဆေးကျောင်းသား။ ရန်ကုန်တက္ကသိုလ် နှစ်ငါးဆယ်ပြည့် စာစောင် ၁၉၇၀ ပါ မြန်မာစာသတ်ပုံကို တင်ပြပါရစေ။
- အသင်းတသင်း၏ အတွင်းရေးမှူးတယောက် မန်းတင်
- တက္ကသိုလ်ကောင်စီလာတဦး၏ အတွေ့အကြုံ တက္ကသိုလ်ကောင်စီလာတဦး
- ၁၉၂၉ မှသည် ၁၉၃၃ တခေတ်မို့ ဓို့ ဓ ဓွေ တက္ကသိုလ် ရွှေပြည်စိုး
- သတ္တိရှိသော သစ်တပင် (ကဗျာ) မောင်စိန်ဝင်း (ပုတီးကုံး)
နှစ်တရာပြည့်မှာ တက္ကသိုလ်အားလုံး လျှမ်းလျှမ်း(တစ်)ဖြစ်နေကြပါတော့တယ်။ လွမ်းတာက သစ်ပုပ်ပင်ကြီး မဟုတ်။ အင်းယားဇာတ်လမ်းတွေ မဟုတ်ပါ။ မြန်မာစာကိုမှန်အောင်ရေးပြီး အာရှမှာ ဘာသာစုံ လျှမ်းလျှမ်းတောက်ခဲ့တဲ့ ကာလဖြစ်ပါတယ်။ မန္တလေးတက္ကသိုလ် ခေါ် မန္တလေး ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်လည်း ရန်ကုန်နောက်လိုက်တယ်။ မြန်မာစာ ပါမောက္ခဦးချမ်းမြ (မြကေတု)တို့ ဆရာတင်မိုးတို့ ရှိစဉ်ကသာ မှန်တယ်။ တက္ကသိုလ်ကျောင်းသူတဦးသီချင်းကို မှန်အောင်ရေးတာကို မျက်လုံးမျက်ဆံပြူးပြီး လိုက်ရှာမှသာ တခုတလေ တွေ့တော့တယ်။ များမကြာမီမှာ ဝ/သ (မန်း) က တမာပင်တွေကို စသတ်နဲ့ ရေးလာကြလိမ့်မယ်။
Rangoon University Burmese ရန်ကုန်တက္ကသိုလ် နှင့် မြန်မာစာ https://dr-tint-swe.blogspot.com/2021/09/rangoon-university-burmese.html
ပုံများ (Listener's Heaven Audiobooks - အသံစာအုပ်) ကျေးဇူး။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment