တခါတုန်းက မြန်မာပြည်မှာ ကျွန်တော်တို့ စီးခဲ့ရတဲ့ ရာဘာဖိနပ်တွေ နဲ့ ဆင်ကြယ်ဖိနပ်စီးနိုင်ရင် အကောင်ပဲ (BURMESENEW.XYZ)
ကျေးဇူး။ တခါတုန်းက လို့ရေးတဲ့အတွက် ကွန်ဂရက်ကျူလေးရှင်း။
ကျွန်တော်တို့ အထက်တန်းနဲ့ ဆေးကျောင်းသားဘဝမှာ ဆင်ကြယ်ဖိနပ်တွေ အသုံးများတယ်။ ထိုင်းကနေ မှောင်ခိုလမ်းကဝင်လာတာ။ ကောလိပ်ကျောင်းသားတွေ စကောလားရှစ်နဲ့ စတိုင်ပင် တလ ၇၅ ကျပ်ရတယ်။ ဆင်ကြယ်ဖိနပ်တရံ ၅ ကျပ်။ ခိုင်လည်းခိုင်တယ်။
နယူးဒေလီရောက်တော့ ဆင်ကြယ်ဖိနပ်နဲ့တူတာ လိုက်ရှာတယ်။ မြန်မာပြည်မှာရတာလောက် အမျိုးအစား မကောင်းပါ။ နယ်စပ်ကနေ မှာယူပါတယ်။ အခု ယူအက်စ်အေမှာလည်း ဆင်ကြယ်နဲ့ အတော်ကိုတူတဲ့ ရာဘာဖိနပ် အနီရောင်သဲကြိုး တရံရှိတယ်။ ဖိနပ်ပုံအတွက် ကန်တော့။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment