ကွန်မင့်တခု = ဆရာပေါ်မလာပဲ(ဘဲ)ပျောက်သွားလို့မျှော်နေတာ၊ welcome ပါ။
ကွန်မင့်တခု = ဆရာ့ကို ပြန်တွေ့ရပြီ
ကွန်မင့်တခု = ဆရာနေကောင်းပါလား ဆရာမတွေ့တာကြာလို့ပါ
ကွန်မင့်တခု = ဆရာ အရင်ကလို Post တွေသိပ်မတွေ့ရဘူး ဆရာ ပျောက်နေတယ်နော်။
ကွန်မင့်တခု = ဆရာ မတွေ့ရတာကြာတော့ နေလို့မှကောင်းရဲ့လားလို့ စိတ်ပူမိတယ်။
ကွန်မင့်တခု = ဆရာ့စာတွေ မဖတ်ရတာကြာခဲ့ပြီ။
ကွန်မင့်တခု = ဆရာနေကောင်းပါရဲ့လား။
တခါတခါ လာတတ်တဲ့ ကွန်မင့်မျိုး။ စာစီတာသာ မတူ၊ ဆိုလိုတာကတော့ အတူတူ။ ကျွန်တော်က ညဆိုရင် ၈ နာရီကနေ ၁၀ နာရီကြာအိပ်တယ်။ မအိပ်ခင် ကွန်ပြူတာပိတ်တယ်။ ဖုန်းကနေတော့ စာမရေးပါ။
ဖေ့စ်ဘွတ်က ခဏခဏဒုက္ခပေးတယ်။ အခုအကောင့်က အဟောင်းကို ပြန်သုံးရတာ။ သုံးနေတာ ၂ လလောက်ရှိပြီ။ ဖရင်းစာရင်း ဟိုရောက်သည်ရောက်။
ဖေ့စ်ဘွတ်ကနေ လူများများဆီမရောက်အောင်လည်း ကန့်သတ်ထားတော့ တင်တဲ့စာတွေ လူသိနည်းပါးတယ်။ မိသားစုဝင်တွေတောင် တင်သမျှ မသိကြရပါ။
မန်ကျည်းပင်ကြီးဥပမာ ဆယ်ခါလောက်တင်ပြထားပါတယ်။
ရွာထိပ်မှာ မန်ကျည်းပင်ကြီးတပင်ရှိတယ်။
မြို့ကိုသွားပြီး အလုပ်လုပ်နေတဲ့ကာလသားဟာ တခါတလေမှာ ရွာကို အလည်ပြန်လာတော့ "အင်း မန်ကျည်းပင်ကြီး မတွေ့တာကြာပြီ" တဲ့။
မန်ကျည်းပင်ကြီးက "ငါ မရွေ့တာကြာပြီ" တဲ့။
မြို့သွားကျောင်းနေတဲ့ မတောသူကလည်း နွေရာသီမှာ ရွာကိုအလည်ပြန်လာတယ်။ မန်ကျည်းပင်ကြီး အိုင်မစ်ယူတဲ့။
မန်ကျည်းပင်ကြီးက မိတူးရေ 'မီတူး' တဲ့။
သူတို့တတွေ မြို့ပြန်သွားကြတော့ နှုတ်ဆက်သွားဖေါ်မရကြ။ အပင်အိုကြီးကတော့ ပြောရှာတယ်၊ "မန်ကျည်းသီးယူ" တဲ့။
မန်ကျည်းပင်ကြီးအောက်မှာ ခိုင်းနွားအိုကြီးတကောင် မြက်စားနေလေရဲ့။ မကြာခဏဖတ်နေရတဲ့ ရွာသားတွေတော့ ဆောရီး။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment