Skip to main content

ဉ နဲ့ ဥ မတူပါ

၁။ ဉ၊ ဥ သုံးနည်းကို ထပ် မေးမယ်။ ဉပမာ ဥပမာ ပဉ္စမတန်း ပဥ္စမတန်း ပျဉ်ပြား ပျဥ်ပြား ဥသုံးရင်ပိုသင့်တော် တာကိုတွေ့ရတယ်။ ဉ ကဘယ်လိုနေရာမျိုးမှာ သုံးတာလဲ

ဉာဏ်ကောင်းသော ကျောင်းသူတယောက်သည် ကြက်ဥတလုံးစားပြီး ညတိုင်းစာဖတ်သည်။

၂။ ကြက်ဉ(ကြက်ဥ)ငရုတ်သီးစိမ်းဆော့ ကြက်ဉ(ကြက်ဥ) (သို့) ဘဲဉ(ဘဲဥ)ကိုပြုတ်ပါ

၃။ ဉပုသ်နေ့တပိုင်းပဲစောင့်လို့ရပါလားခင်ဗျ

ဥပုသ်လို့ ရေးမှသာ မှန်တယ်။ ( ဉ ) က ညကလေး။

၄။ ပထမ သံဂါယနာ တင်စဉ်က အရှင်ဉပါလိ မည်သည့် တာဝန်ယူခဲ့သလဲ (အရှင်ဥပါလိလို့ ရေးရတယ်။ ဉ နဲ့ ဥ မတူပါ။)

၅။ ညဏ် နဲ့ ဉာဏ် ဘယ်ဟာအမှန်လဲဆရာ။ ဉာဏ်။

၆။ ဆရာ ညီမလေးတယောက်က ညဏ်ပညာလို့ရေးထားပါတယ်။ ကျနော်က ဥာဏ်ပညာလို့ သိထားပါတယ်။ ကျနော် ရေးတာ အမှန်ထင်လို့ ဥာဏ်ပညာက အမှန်လို့ ပြောပြပါတယ်။ အဲဒီ ညီမလေးက လက်မခံပါဘူး ဘယ်ဟာအမှန်လဲဆိုတာ သိချင်ပါတယ် ဆရာ။ (ညဏ်ပညာ မမှန်ပါ။)

၇။ ဆရာ မောင်ဉာဏ ဖြစ်ရမှာ မောင်ဥာဏ ဖြစ်နေပါတယ်။ (နှစ်မျိုးလုံး ရေးကြတယ်။)

၈။ ဥာဏ်က အမှန်လား ဉာဏ်က အမှန်လား ပြောပြပေးပါအုံးခင်ဗျ။ အခုလို အမတ်တယောက်က တင်ထားတာတွေ့တော့ လူငယ်တော်တော်များများ အတုယူမှားသွားမှာစိုးလို့ပါ။ (မေးတဲ့သူပို့ပေးတဲ့ ဦးဥာဏ်လင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (ရွှေပြည်သာ) ရေးတဲ့ ဥါဏပစ္စည်းဥပဒေရေးဆွဲရေး ပုံကို မထည့်တော့ပါ။ ရေးချကတော့ ပြင်သင့်တယ်ထင်ပါတယ်။)

၉။ သဉ္ဇာ ဆိုသော စာလုံးကို ပေါင်းရာမှာလည်း ညကလေး(ဉ)နေရာမှာ အက္ခရာ ဥ သုံး၍ ပေါင်းပါက မှားပါတယ်။ စာလုံးပေါင်း၍ ရမည်မဟုတ်ပါ။

သဥ္ဇာ (စာလုံးက ဒီလိုဖြစ်နေပါမယ်) ညကလေး(ဉ) သုံး၍ ပေါင်းမှသာ သဉ္ဇာ ဟူ၍ စာလုံးရပါမယ်။ (သူရိန်)

အရင်ကထုတ်ထားခဲ့တဲ့ သတ်ပုံကျမ်းတွေမှာ ဥာဏ်ပညာ၊ ဥာဏ်တော်၊ ဥာဏ်မဏ္ဍိုင်၊ ဥာဏ်ရောင်ဝါ၊ ဗောဓိဥာဏ်၊ မဂ်ဥာဏ်ဖိုဥာဏ်၊ သဗ္ဗညုတဥာဏ်လို့ ရေးပါတယ်။ ဦးကိုလည်း သည်အတိုင်းရိုက်နှိပ်ပါတယ်။ မြန်မာ့စွယ်စုံကျမ်းထဲမှာ ပညာဥာဏ်ပြန်လည်ဆန်းသစ်ခြင်း။ (ရီနေဆွန်း) ဥာဏ်သစ်အရေးတော်ပုံလို့ ရိုက်နှိပ်ထားပါတယ်။ အခုခေတ်စာအုပ်တွေမှာတော့ ဉာဏ်စဉ်၊ ဉာဏ်တော်၊ ဉာဏ်တိမ်၊ ဉာဏ်တုံး၊ ဉာဏ်ထုံ၊ ဉာဏ်နုံ့၊ ဉာဏ်ပညာ၊ ဉာဏ်မီ၊ လို့ တွေ့ရတယ်။ အတိအကျဆိုရင် ပါဠိအဘိဓာန်မှာတော့ ဉာဏ် = သိခြင်း။ ပညာစေတသိက်လို့ ရိုက်ပါတယ်။

ဉ က ဇ နဲ့ ဈ နောက်မှာလာတယ်။ ဥ က ဣ နဲ့ ဤ နောက်မှာလာတယ်။ အသံထွက်လည်း မတူကြပါ။ ဥ လို့ရေးတာကို အ သံနဲ့ထွက်ရတယ်။ ဥပမာ ဥက္ကဋ္ဌ။ ဥမ္မာ။ ဉ နဲ့ရေးတာကို ညသံထွက်ရတယ်။ ဥပမာ ဉာဏ်ပညာ။ ဉာဏဒဿန။

ဒါပေမဲ့ စာအုပ်တွေကိုရိုက်နှိပ်တာမှာ အရင်က ခဲစာလုံးစီရပြီ၊ အခုတော့ ကွန်ပြူတာမှာရိုက်ကြရတယ်။ ခေတ်ကာလအရ အများစုက အိုင်ဖုန်းမှာ စာရေးကြတယ်။ ကီးဘုတ်တွေက အမျိုးမျိုး။ အတိအကျမှန်အောင် ရေးနိုင်တာ ရှားတယ်။ မြန်မာ့စွယ်စုံကျမ်းလည်း ခဲစာလုံးခေတ်က ထုတ်ဝေခဲ့လို့ (ဥ) နဲ့ ( ဉ) ကို အဆင်ပြေသလို စီရတယ်ထင်တယ်။ ဆရာမင်းသုဝဏ်ရေးတဲ့ မြန်မာစာ မြန်မာမှုဟာအုပ်မှာ ရွှေယုန် ရွှေကျား ရှေးစကားကို နည်းပါးဉာဏ်ချို့ သူငယ်တို့မျှ မှတ်ယုံကြဘို့ လို့ရိုက်နှိပ်ပါတယ်။

အဲဒီစာအုပ်မှာပဲ လိပ်ဥပျောက်လို့ လိပ်မရှာ သူ့ခင်ဗျာ ငိုမဲ့ငိုမဲ့ လို့ရိုက်နှိပ်ပါတယ်။ အဲဒီ မတူတဲ့စာလုံးတွေကို မပြောဘဲနဲ့ အသံထွက်မှန် ထွက်ကြပါမယ်။

ဉ (ညကလေး)နဲ့ ဥ (အက္ခရာ ဥ)

ညကလေး(ဉ) နဲ့ အက္ခရာဥ(ဥ) က လုံးဝမတူပါဘူး၊ အသုံးအနှုန်း အသံထွက် ကွဲပြားပါတယ်။ ညကလေး(ဉ)ပေါ်ကို လုံးကြီးတင် (ဉီး) မသုံးပါ။ ဦးဆိုတာ အက္ခရာဥပေါ်မှာ တင်ပြီး (ဦး) သုံးပါတယ်။

ညလေး ညကြီး

ကင်ဆာအုပ်စုမှာ မကြာခဏ တွေ့တယ်။ ညလေးမှာ ဘာဖြစ်လို့ ညာဖြစ်လို့တဲ့။ (  ဉ ) ညလေးနဲ့ ( ည ) ညကြီး မတူပါ။ ( ဥ ) မတူပါ။

ဉ က ဇ နဲ့ ဈ နောက်မှာလာတယ်။ ဥ က ဣ နဲ့ ဤ နောက်မှာလာတယ်။ အသံထွက်လည်း မတူကြပါ။ ဥ လို့ရေးတာကို အ သံနဲ့ထွက်ရတယ်။ ဥပမာ ဥက္ကဋ္ဌ။ ဥမ္မာ။

ဉ နဲ့ရေးတာကို ညသံထွက်ရတယ်။ ဥပမာ ဉာဏ်ပညာ။ ဉာဏဒဿန။ ဒါပေမဲ့ စာအုပ်တွေကိုရိုက်နှိပ်တာမှာ အရင်က ခဲစာလုံးစီရပြီ၊ အခုတော့ ကွန်ပြူတာမှာရိုက်ကြရတယ်။ ခေတ်ကာလအရ အများစုက အိုင်ဖုန်းမှာ စာရေးကြတယ်။ ကီးဘုတ်တွေက အမျိုးမျိုး။ အတိအကျမှန်အောင် ရေးနိုင်တာ ရှားတယ်။ မြန်မာ့စွယ်စုံကျမ်းလည်း ခဲစာလုံးခေတ်က ထုတ်ဝေခဲ့လို့ (ဥ) နဲ့ ( ဉ) ကို အဆင်ပြေသလို စီရတယ်ထင်တယ်။ ဆရာမင်းသုဝဏ်ရေးတဲ့ မြန်မာစာ မြန်မာမှုစာအုပ်မှာ ရွှေယုန် ရွှေကျား ရှေးစကားကို နည်းပါးဉာဏ်ချို့ သူငယ်တို့မျှ မှတ်ယုံကြဘို့ လို့ရိုက်နှိပ်ပါတယ်။ အဲဒီစာအုပ်မှာပဲ လိပ်ဥပျောက်လို့ လိပ်မရှာ၊ သူ့ခင်ဗျာ ငိုမဲ့ငိုမဲ့ လို့ရိုက်နှိပ်ပါတယ်။ အဲဒီ မတူတဲ့စာလုံးတွေကို မပြောဘဲနဲ့ အသံထွက်မှန် ထွက်ကြပါမယ်။

ဉ (ညကလေး)နဲ့ ဥ (အက္ခရာ ဥ)

ညကလေး(ဉ) နဲ့ အက္ခရာဥ(ဥ) က လုံးဝမတူပါဘူး၊ အသုံးအနှုန်း အသံထွက် ကွဲပြားပါတယ်။ ညကလေး(ဉ)ပေါ်ကို လုံးကြီးတင် (ဉီး) မသုံးပါ။ ဦးဆိုတာ အက္ခရာဥပေါ်မှာ တင်ပြီး (ဦး) သုံးပါတယ်။

(ဦး)သုံးတဲ့နေရာတွေက

အမျိုးသားတွေရဲ့ နာမည်ရှေ့ – ဦးဘ။

လူဦးရေ – တဦး၊ နှစ်ဦး

အဆောက်အဦ

အဦးဆုံး

ပထမဦးဆုံး

ပဌမဦးဆုံး

အက္ခရာ(ဥ)အနေနဲ့

ဥမ္မာဒန္တီ၊ မြောက်ဥက္ကလာ၊ ဥက္ကလာပ၊ စသဖြင့်

ညကလေး (ဉ) သုံးတဲ့နေရာတွေက

ဉာဏ၊ ဉာဏ်ပညာ၊ သဉ္ဇာ၊ မဉ္ဇူ၊ ပဉ္ဇင်း ပုထုဇဉ်၊ စသဖြင့်

အက္ခရာ(ဥ)ကို အသတ်အနေဖြင့် မသုံးပါ။

ညကလေး(ဉ)ကို လုံးကြီးတင်၍ မသုံးပါ။

ညကလေးကို (ဉ) လုံးကြီးတင်ပြီး (ဉီး) ဆိုပြီး အသံထွက်မရပါ။ ညကလေး(ဉ)ကို လုံးကြီးတင်၍ (ဉီး) ဟု မသုံးတာကြောင့်ဖြစ်ပါတယ်။

၁ ဉီး ၂ ဉီး (မှားတယ်)

၁ ဦး ၂ ဦး (မှန်တယ်)

မြန်မာ့စွယ်စုံကျမ်း အတွဲ ၄ မှာ ဉာဏ်သစ်အရေးတော်ပုံလို့ ရိုက်နှိပ်ပါတယ်။ အဲဒီခေတ် ၁၉၆၇ ခုနှစ်က ခဲစာလုံးနဲ့သာ ပုံနှိပ်ရတော့ ခက်တယ်။ ခုခေတ်မှာ ဖုန်းကီးဘုတ်တွေကလည်း ဂွကျတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

အဘရောဂါ ကျဆုံးပါစေ

ဒီစာကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အခါတရာလောက်တင်ပြီးသား။ စစ်ယူနီဖေါင်းနဲ့လူတွေ့တိုင်း အဘခေါ်ခိုင်းတာ နဝတ ခေတ်ကစတယ်။ နောက်တော့ လူတွေ့တိုင်း အဘဖြစ်လာတယ်။  ကိုယ့်အဖွားမှာ အိမ်ထောင်ဘက်တွေ များရော။ မလုပ်ကောင်းပါ။ ကန်တော့။ မြန်မာစာမှာပါ အဘရောဂါ ကူးစက်လာတယ်။ အခုဘဲ တယောက်က အဘ။ အဘအသုံးဟာ ယဉ်ကျေးမှု စသဖြင့် အရင်လူတွေရေးသလို ရေးလာပြန်တယ်။ အဘအသုံး နည်းလာပြီ။ အသစ်က Hi နဲ့ နော်။  စောစောက ထပ်မံတင်ပြသေးတယ်။ သားနဲ့ သမီး။ ကျွန်တော်၊ ကျနော်၊ ကျမ၊ ဗျ၊ ခင်ဗျ၊ ခင်ဗျာ၊ ရှင်၊ ရှင့် အသုံးတွေ ပျောက်ကွယ်လာလာတာအတွက် အင်မတန် နှမြောပါတယ်။  အဘမခေါ်ရမနေနိုင်သူတွေ ကျွန်တော့ဆီတော့ စာမရေးသားကြစေလိုပါ။ အခေါ်ခံချင်သူတွေ အများကြီး။  သူများကိုအဘခေါ်သူတွေ ကြီးလာရင် အဘလိုလုပ်ကြလိမ့်မယ်။ အဘရောဂါ ပျောက်ပါစေသတည်း။ အဘခေတ် ကျဆုံးပါစေသတည်း။ ယဉ်ကျေးမှုဖြစ်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ပြန်မရေးစေလိုပါ။ ဆရာဝန်ကို ဆရာလို့ မခေါ်ချင်သူတွေလည်း မမေးကြစေလိုပါ။ ဒေါက်တာတင့်ဆွေ