၂၀၂၆ ခုနှစ် စက်တင်္ဘာလမှာ မြန်မာပြက္ခဒိန်အရ ၁၃၈၈ ဝါခေါင်လဆုတ် ၄ ရက်နေ့ကနေ တော်သလင်း လဆုတ် ၄ ရက်နေ့အထိ ကျရောက်တယ်။
စက်တင်္ဘာနာမည်ဟာ
Septem (Seven) ကနေ
ဆင်းသက်လာတာဖြစ်တယ်။ ရောမပြက္ခဒိန်အရ သတ္တမမြောက်လ ဖြစ်လို့ပါ။ အဲသည်ခေတ်က
တနှစ်မှာ ၁ဝ လသာရှိတယ်။ ဇန္နဝါရီနဲ့ ဖေဖေါ်ဝါရီလတွေက မပါသေးပါ။
စက်တင်္ဘာလ
အထိမ်းအမှတ်နေ့များ
• ပဌမတနင်္ဂနွေနေ့
= Grandparents Day အမေရိက
နဲ့ ကနေဒါ အဖိုး-အဖွါးများနေ့
• ပဌမတနင်္လာနေ့
= Labor Day (Labour Day) အမေရိက
နဲ့ ကနေဒါ အလုပ်သမားနေ့
• တတိယတနင်္လာနေ့
= ဂျပန် သက်ကြီးရွယ်အိုများနေ့
• ၁ ရက်နေ့
= အူဇဘက်ကစ်စတန် လွတ်လပ်ရေးနေ့
• ၂ ရက် =
ဗီယက်နမ် အမျိုးသားနေ့
• ၅ ရက် = Teachers’
Day (အိန္ဒိယ) ဆရာများနေ့
• ၇ ရက် =
ဘရာဇီးလ် လွတ်လပ်ရေးနေ့
• ၈ ရက်နေ့
= International Literacy Dayနိုင်ငံတကာစာတတ်မြောက်ရေးနေ့
• ၁၃ ရက် =
Positive Thinking Day အပြုသဘောဆောင်စဉ်းစားရေးနေ့
• ၁၅ ရက် =
အယ်လ်ဆာဗာဒို လွတ်လပ်ရေးနေ့
• ၁၅ ရက် =
အမေရိကန် ဟစ်ပင်းနစ် ရှေးဟောင်းအမွေအနှစ်နေ့
• ၁၅ ရက် =
International Day of Democracy နိုင်ငံတကာဒီမိုကရေစီနေ့
• ၁၈ ရက် =
National Cheeseburger Day ချိစ်ဘာဂါ
နေ့
• ၁၉ ရက် =
Puppy Farm Awareness Day ဘိန်းစိုက်ပျိုးရေး
လှုံ့ဆော်ရေးနေ့
• ၂၁ ရက် =
International Peace Day နိုင်ငံတကာငြိမ်းချမ်းရေးနေ့
• ၂၄ ရက် =
Heritage Day တောင်အာဖရိက
ရှေးဟောင်းအမွေအနှစ်နေ့
• ၂၅ ရက် =
မိုဇမ်ဘစ် တော်လှန်ရေးနေ့
• ၂၇ ရက် =
World Tourism Day ကမာ္ဘ့
ကမာ္ဘလှည့်ခရီးသွားလာရေးနေ့
• ၂၉ ရက် =
World Heart Day ကမာ္ဘ့နှလုံးနေ့
• ၂၉ ရက် =
National Coffee Day ကော်ဖီနေ့
စက်တင်္ဘာလ
အမှတ်အသားများ
• Sapphire နီလာ
(ပြာလဲ့လဲ့) ကျောက်ဟာ စက်တင်္ဘာလရဲ့ သင်္ကေတဖြစ်တယ်။
• Aster မေမြို့ပန်း၊
Forget-me-not ပန်းနဲ့ Morning
glory ပန်းတွေဟာ စက်တင်္ဘာလရဲ့ ပန်းတွေ
ဖြစ်ကြတယ်။
• Zodiac (Astrological) Signs ဆယ်နှစ်ရာသီခွင်အရ Virgo ကန်ရာသီ (အပျိုစင်) နဲ့ Libra
တူရာသီ (ချိန်ခွင်) တွေ ဖြစ်ကြတယ်။
ကျန်းမာရေးနဲ့
စက်တင်္ဘာလ
• Prostate Cancer Awareness Month ယောက်ျားဆီးကျိတ်ကင်ဆာ လှုံ့ဆော်ရေးလ
• Liver Cancer Awareness month အသည်းကင်ဆာ လှုံ့ဆော်ရေးလ
• ၉ ရက် = Fetal
Alcohol Syndrome Awareness Day ကလေးသူငယ်အရက်ဒဏ်ရောဂါ
လှုံ့ဆော်ရေးနေ့
• ၁၅ ရက် =
World Lymphoma Awareness Day လင်ဖိုးမားရောဂါ
လှုံ့ဆော်ရေးနေ့
• ၂၁ ရက် =
World Alzheimers Day ကမာ္ဘ့
အယ်လ်ဇာမိုင်ယားရောဂါနေ့
• ၂၁ ရက် =
International Deaf Awareness Week နားမကြားရောဂါ
လှုံ့ဆော်ရေးရက်သတ္တပါတ်
• ၂၅ ရက် =
Ataxia Awareness Day (အတက်ဇီယား)
အာရုံကြောရောဂါ လှုံ့ဆော်ရေးနေ့
• ၂၈ ရက် =
World Rabies Day ကမာ္ဘ့ခွေးရူးပြန်ရောဂါနေ့
မြန်မာ့နိုင်ငံရေးနဲ့
စက်တင်္ဘာလ
• ၅-၉-၂၀၀၇
ရွှေဝါရောင်သံဃာတော်များလှုပ်ရှာမှုကို စတင်ပေးတဲ့အဖြစ်အပျက် ပခုက္ကူမှာဖြစ်တယ်။
• ၉-၉-၁၉၃၉
နေ့မှာ ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူခဲ့တယ်။
• ၁၈-၉-၁၉၈၈
နေ့မှာ (နဝတ) အမည်နဲ့ စစ်တပ်ကအာဏာသိမ်းခဲ့တယ်။
• ၂၇-၉-၁၉၈၈
နေ့မှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို
စတင်တည်ထောင်ခဲ့တယ်။
• ၁၈-၁၂-၁၉၉၀
နေ့က စတင်ထူထောင်ခဲ့တဲ့ NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ
အမျိုးသား ညွန့်ပေါင်းအစိုးရကို ၁၄-၉-၂ဝ၁၂ နေ့မှာ ဆန္ဒအလျှောက်ဖျက်သိမ်းခဲ့တယ်။
ကျွန်တော်
အခုနေရတဲ့အရပ်မှာ စက်တင်္ဘာဆိုရင် သစ်ရွက်တွေ စိုစိမ်းရာနေ ခြောက်လာ၊ ဝါ၊
ညိုမှောင်၊ ရွှေရောင်တွေ ပြောင်းကြပြီး ဖေါလ် ခေါ် ရွက်ကြွေတဲ့ရာသီရောက်ပါမယ်။
အမြင်မှာ အလှဆုံးနဲ့ နေရထိုင်ရတာလည်း အပူအအေး မလွန်ကဲတဲ့ရာသီ ဖြစ်ပါတယ်။
ကျွန်တော်နဲ့
ဒေါ်မြမြအေးတို့ ၁၈-၉-၂၀၁၄ နေ့မှာ ဒုတိယနိုင်ငံကနေ တတိယနိုင်ငံကို
ရောက်ရှိကြပါတယ်။
Comments
Post a Comment