Skip to main content

September စက်တင်္ဘာလ

စက်တင်္ဘာနာမည်ဟာ Septem (Seven) ကနေ ဆင်းသက်လာတာဖြစ်တယ်။ ရောမပြက္ခဒိန်အရ သတ္တမမြောက်လ ဖြစ်လို့ပါ။ အဲသည်ခေတ်က တနှစ်မှာ ၁ဝ လသာရှိတယ်။ ဇန္နဝါရီနဲ့ ဖေဖေါ်ဝါရီလတွေကမပါသေးပါ။ ၂၀၂၃ ခုနှစ် စက်တင်္ဘာလမှာ မြန်မာပြက္ခဒိန်အရ ၁၃၈၅ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁ ရက်ကနေ တော်သလင်းလပြည့်ကော် ၁ ရက်နေ့အထိ ကျရောက်တယ်။

စက်တင်္ဘာလ အထိမ်းအမှတ်နေ့များ

• ပဌမတနင်္ဂနွေနေ့ = Grandparents Day အမေရိက နဲ့ ကနေဒါ အဖိုး-အဖွါးများနေ့

• ပဌမတနင်္လာနေ့ = Labor Day (Labour Day) အမေရိက နဲ့ ကနေဒါ အလုပ်သမားနေ့

• တတိယတနင်္လာနေ့ = ဂျပန် သက်ကြီးရွယ်အိုများနေ့

• ၁ ရက်နေ့ = အူဇဘက်ကစ်စတန် လွတ်လပ်ရေးနေ့

• ၂ ရက် = ဗီယက်နမ် အမျိုးသားနေ့

• ၅ ရက် = Teachers’ Day (အိန္ဒိယ) ဆရာများနေ့

• ၇ ရက် = ဘရာဇီးလ် လွတ်လပ်ရေးနေ့

• ၈ ရက်နေ့ = International Literacy Dayနိုင်ငံတကာစာတတ်မြောက်ရေးနေ့

• ၁၃ ရက် = Positive Thinking Day အပြုသဘောဆောင်စဉ်းစားရေးနေ့

• ၁၅ ရက် = အယ်လ်ဆာဗာဒို လွတ်လပ်ရေးနေ့

• ၁၅ ရက် = အမေရိကန် ဟစ်ပင်းနစ် ရှေးဟောင်းအမွေအနှစ်နေ့

• ၁၅ ရက် = International Day of Democracy နိုင်ငံတကာဒီမိုကရေစီနေ့

• ၁၈ ရက် = National Cheeseburger Day ချိစ်ဘာဂါ နေ့

• ၁၉ ရက် = Puppy Farm Awareness Day ဘိန်းစိုက်ပျိုးရေး လှုံ့ဆော်ရေးနေ့

• ၂၁ ရက် = International Peace Day နိုင်ငံတကာငြိမ်းချမ်းရေးနေ့

• ၂၄ ရက် = Heritage Day တောင်အာဖရိက ရှေးဟောင်းအမွေအနှစ်နေ့

• ၂၅ ရက် = မိုဇမ်ဘစ် တော်လှန်ရေးနေ့

• ၂၇ ရက် = World Tourism Day ကမာ္ဘ့ ကမာ္ဘလှည့်ခရီးသွားလာရေးနေ့

• ၂၉ ရက် = World Heart Day ကမာ္ဘ့နှလုံးနေ့

• ၂၉ ရက် = National Coffee Day ကော်ဖီနေ့

စက်တင်္ဘာလ အမှတ်အသားများ

• Sapphire နီလာ (ပြာလဲ့လဲ့) ကျောက်ဟာ စက်တင်္ဘာလရဲ့ သင်္ကေတဖြစ်တယ်။

• Aster မေမြို့ပန်း၊ Forget-me-not ပန်းနဲ့ Morning glory ပန်းတွေဟာ စက်တင်္ဘာလရဲ့ ပန်းတွေ ဖြစ်ကြတယ်။

• Zodiac (Astrological) Signs ဆယ်နှစ်ရာသီခွင်အရ Virgo ကန်ရာသီ (အပျိုစင်) နဲ့ Libra တူရာသီ (ချိန်ခွင်) တွေ ဖြစ်ကြတယ်။

ကျန်းမာရေးနဲ့ စက်တင်္ဘာလ

• Prostate Cancer Awareness Month ယောက်ျားဆီးကျိတ်ကင်ဆာ လှုံ့ဆော်ရေးလ

• Liver Cancer Awareness month အသည်းကင်ဆာ လှုံ့ဆော်ရေးလ

• ၉ ရက် = Fetal Alcohol Syndrome Awareness Day ကလေးသူငယ်အရက်ဒဏ်ရောဂါ လှုံ့ဆော်ရေးနေ့

• ၁၅ ရက် = World Lymphoma Awareness Day လင်ဖိုးမားရောဂါ လှုံ့ဆော်ရေးနေ့

• ၂၁ ရက် = World Alzheimers Day ကမာ္ဘ့ အယ်လ်ဇာမိုင်ယားရောဂါနေ့

• ၂၁ ရက် = International Deaf Awareness Week နားမကြားရောဂါ လှုံ့ဆော်ရေးရက်သတ္တပါတ်

• ၂၅ ရက် = Ataxia Awareness Day (အတက်ဇီယား) အာရုံကြောရောဂါ လှုံ့ဆော်ရေးနေ့

• ၂၈ ရက် = World Rabies Day ကမာ္ဘ့ခွေးရူးပြန်ရောဂါနေ့


မြန်မာ့နိုင်ငံရေးနဲ့ စက်တင်္ဘာလ

• ၅-၉-၂ဝဝ၇ ရွှေဝါရောင်သံဃာတော်များလှုပ်ရှာမှုကို စတင်ပေးတဲ့အဖြစ်အပျက် ပခုက္ကူမှာဖြစ်တယ်။

• ၉-၉-၁၉၃၉ နေ့မှာ ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူခဲ့တယ်။

• ၁၈-၉-၁၉၈၈ နေ့မှာ (နဝတ) အမည်နဲ့ စစ်တပ်ကအာဏာသိမ်းခဲ့တယ်။

• ၂၇-၉-၁၉၈၈ နေ့မှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်တည်ထောင်ခဲ့တယ်။

• ၁၈-၁၂-၁၉၉ဝ နေ့က စတင်ထူထောင်ခဲ့တဲ့ NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရကို ၁၄-၉-၂ဝ၁၂ နေ့မှာ ဆန္ဒအလျှောက်ဖျက်သိမ်းခဲ့တယ်။

ကျွန်တော် အခုနေရတဲ့အရပ်မှာ စက်တင်္ဘာဆိုရင် သစ်ရွက်တွေ စိုစိမ်းရာနေ ခြောက်လာ၊ ဝါ၊ ညိုမှောင်၊ ရွှေရောင်တွေ ပြောင်းကြပြီး ဖေါလ် ခေါ် ရွက်ကြွေတဲ့ရာသီရောက်ပါပြီ။ အမြင်မှာ အလှဆုံးနဲ့ နေရထိုင်ရတာလည်း အပူအအေး မလွန်ကဲတဲ့ရာသီ ဖြစ်ပါတယ်။

ကျွန်တော်နဲ့ ဒေါ်မြမြအေးတို့ ၁၈-၉-၂၀၁၄ နေ့က ဒုတိယနိုင်ငံကနေ တတိယနိုင်ငံကိုရောက်ရှိကြပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

အဘရောဂါ ကျဆုံးပါစေ

ဒီစာကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အခါတရာလောက်တင်ပြီးသား။ စစ်ယူနီဖေါင်းနဲ့လူတွေ့တိုင်း အဘခေါ်ခိုင်းတာ နဝတ ခေတ်ကစတယ်။ နောက်တော့ လူတွေ့တိုင်း အဘဖြစ်လာတယ်။  ကိုယ့်အဖွားမှာ အိမ်ထောင်ဘက်တွေ များရော။ မလုပ်ကောင်းပါ။ ကန်တော့။ မြန်မာစာမှာပါ အဘရောဂါ ကူးစက်လာတယ်။ အခုဘဲ တယောက်က အဘ။ အဘအသုံးဟာ ယဉ်ကျေးမှု စသဖြင့် အရင်လူတွေရေးသလို ရေးလာပြန်တယ်။ အဘအသုံး နည်းလာပြီ။ အသစ်က Hi နဲ့ နော်။  စောစောက ထပ်မံတင်ပြသေးတယ်။ သားနဲ့ သမီး။ ကျွန်တော်၊ ကျနော်၊ ကျမ၊ ဗျ၊ ခင်ဗျ၊ ခင်ဗျာ၊ ရှင်၊ ရှင့် အသုံးတွေ ပျောက်ကွယ်လာလာတာအတွက် အင်မတန် နှမြောပါတယ်။  အဘမခေါ်ရမနေနိုင်သူတွေ ကျွန်တော့ဆီတော့ စာမရေးသားကြစေလိုပါ။ အခေါ်ခံချင်သူတွေ အများကြီး။  သူများကိုအဘခေါ်သူတွေ ကြီးလာရင် အဘလိုလုပ်ကြလိမ့်မယ်။ အဘရောဂါ ပျောက်ပါစေသတည်း။ အဘခေတ် ကျဆုံးပါစေသတည်း။ ယဉ်ကျေးမှုဖြစ်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ပြန်မရေးစေလိုပါ။ ဆရာဝန်ကို ဆရာလို့ မခေါ်ချင်သူတွေလည်း မမေးကြစေလိုပါ။ ဒေါက်တာတင့်ဆွေ