Skip to main content

ကျပ်တရာတန်ငွေစက္ကူနှင့် ကျပ်ငါးဆယ်တန် ငွေစက္ကူများလို့ ရေးရတယ်

တိုင်းပြည်ပျက်တယ်ဆိုတာ မိခင်ဘာသာစကား အရေးအသားကစ ပျက်တာ။

ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ၊ ရန်ကုန်မြို့

၁၉၆၄ ခုနှစ်၊ ကျပ်တရာတန်ငွေစက္ကူနှင့် ကျပ်ငါးဆယ်တန် ငွေစက္ကူများကို တရားဝင်ငွေအဖြစ်မှ ရပ်စဲသည့်ဥပဒေ။

[၁၉၆၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥပဒေအမှတ် ၇။]

၁၃၂၆ ခုနှစ်၊ နယုန်လဆန်း ၇ ရက်။

(၁၉၆၄ ခုနှစ်၊ မေလ ၁၇ ရက်။)

အောက်ဖေါ်ပြပါဥပဒေ ကိုထုတ်ပြန်ကျေညာသည်။

နိဒါန်း

တော်လှန်ရေးကောင်စီသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ချမှတ်၍ ပြည်ထောင်စု မြန်မာနိုင်ငံတဝှမ်းလုံးရှိလုပ်သားပြည်သူ အပေါင်းတို့၏ ဘဝကိုမြှင့်တင် ရန်အတွက် လိုအပ်သည့် လုပ်ငန်းအသီးသီးကို ဆောင်ရွက်လျက်ရှိသည်။ ဤလုပ်ငန်းများသည် လုပ်သားပြည်သူတို့ကို အကျိုးပြုသော်လည်း ခေါင်းပုံဖြတ်သမား၊ အမြတ်ကြီးစားတို့ကို အကျိုးမပြုသဖြင့်၊ ၎င်းတို့၏ ဆန့်ကျင်မှုကို နေ့စဉ်နှင့်အမျှ ခံရလျက်ရှိသည်။

နိုင်ငံခြားနှင့် တိုင်းရင်းသား အရင်းရှင်ကြီးများက ပြည်ထောင်စုမြန်မာနိုင်ငံ ၏စီးပွါးရေးကို မချုတ်ချယ် နိုင်စေရန် ရည်ရွယ်၍ ဘဏ်လုပ်ငန်းကို ပြည်သူပိုင်ပြုလုပ်ခဲ့ စဉ်ကတိုင်းရင်းသား နှင့်နိုင်ငံခြားသား ငွေရှင်ကြေးရှင်အမြောက်အမြားသည် ဘဏ်များတွင်၎င်းတို့ အပ်နှံထားသောငွေများကို ပြန်လည်ထုတ် ယူ၍၊ ဘဏ်လုပ်ငန်းပြည်သူပိုင် ပြုလုပ်ခြင်းကို ဆန့်ကျင်ခဲ့ကြသည်။

လုပ်သားပြည်သူတို့၏ စား-ဝတ်-နေရေးစရိတ် တည်ငြိမ်စေရန် ရည်ရွယ်၍ ကုန်ဈေးနှုန်းများ မတန် တဆတိုးတက်နေသည် ကိုတားဆီးရန်အတွက် နိုင်ငံခြားကူးသန်းရောင်းဝယ်ရေးလုပ်ငန်းကို ပြည်သူပိုင် ပြုလုပ်သည့်အခါ တွင်သော်၎င်း၊ လက်ကားဆိုင်ကြီးများ၊ ကုန်ရုံကြီးများ၊ ပွဲရုံကြီးများ ကိုပြည်သူပိုင်ပြုလုပ်သော အခါတွင်သော်၎င်း တိုင်းရင်းသားနှင့် နိုင်ငံခြားသား ငွေရှင်ကြေးရှင်များ သည်၎င်းတို့သိုဝှက်ထားသည့် ပစ္စည်းများကို အမြန်ငွေစက္ကူများဖြင့် လဲလှယ်ထားကြသည်။ ထိုငွေစက္ကူများဖြင့်၎င်း၊ ဘဏ်မှထုတ်ယူထားသည့် ငွေစက္ကူများဖြင့်၎င်း အခါအခွင့်ရလျှင် ရသလိုကုန်များကို ဈေးကစား ၍ရုတ်ခြည်းအမြတ် အများဆုံးထုတ်ယူရန် လုပ်ကိုင်ပြန်သည်။

အချို့သော သူများသည်နိုင်ငံခြားများသို့ ငွေစက္ကူများကို ခိုးထုတ်ခါမတန်တဆဈေး ဖြင့်နိုင်ငံခြား ငွေစက္ကူများကို ဝယ်ယူကြသည်။

ဤသို့လျှင်ငွေစက္ကူများကို ကုန်ပစ္စည်းသဘွယ်ကိုင်၍ လုပ်ကိုင်လာသည့် ငွေရှင်ကြေးရှင်လူတစု လက်ထဲတွင် ကျပ်တရာ တန်ငွေစက္ကူများနှင့် ကျပ်ငါးဆယ်တန်ငွေစက္ကူများစု ပုံမိတော့သည်။ ၎င်းငွေ စက္ကူများသည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ စီးပွါးရေးကို ကမောက်ကမဖြစ်စေ အောင်၊ လုပ်သားပြည်သူ တို့၏စားသောက်နေထိုင် ရေးကိုကျဆင်း အောင်လုပ်မည့် ပစ္စည်းများဖြစ်နေသည်။

ထို့ကြောင့်၊ ၎င်းငွေစက္ကူများ၏ အန္တရာယ်ကို ဖျက်ရန်လိုအပ်လာပေသည်။

တဘက်တွင်လည်း ကောင်းရောင်းကောင်းဝယ်ဖြင့် ရိုးရိုးသားသား စုဆောင်းမိ သည်တို့ကို ကျပ် တရာ တန်ငွေစက္ကူများနှင့် ကျပ်ငါးဆယ်တန် ငွေစက္ကူများဖြင့်သိမ်းဆည်း ထားသူများလည်းရှိကြသည်။ ၎င်းတို့အတွက်မနစ်နာ အောင်စီစဉ်ရန်လည်း လိုပေသည်။ ထို့ကြောင့် ကျပ်တရာတန်ငွေစက္ကူများနှင့် ကျပ်ငါး ဆယ်တန်ငွေစက္ကူများကို တရားဝင်ငွေ အဖြစ်မှရပ်စဲရမည်ဟု ကျေညာသော်လည်း ရက် သတ္တတပတ် အတွင်းမည်သူမဆို မိမိတရားဝင်ကိုင် ထားသည့်ကျပ်တရာတန် ငွေစက္ကူများနှင့် ကျပ် ငါးဆယ်တန်ငွေ စက္ကူများကိုအစိုးရထံ လာရောက်အပ်နှံစေ၍ ထိုသို့အပ်နှံသည့် ငွေစက္ကူတန်ဘိုး ပမာဏထဲမှအချို့ကို တရားဝင်ငွေဖြင့် ချက်ခြင်းလဲလှယ်ပေးပြီး ကျန်တန်ဘိုးကို လူတဦးစီ၏ အခြေ အနေ ကိုကြည့်၍မည်မျှလဲလှယ်ပေးရမည်ကို သတ်မှတ်ပေးရပေမည်။

အထက်ပါအကြောင်းအရာများကို ထောက်ထား၍၊ ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေး ကောင်စီ ဥက္ကဋ္ဌ သည်အောက်ပါ ဥပဒေကိုပြဋ္ဌာန်းလိုက်သည်။

https://www.mlis.gov.mm/mLsView.do;jsessionid=25B37FA3D59FC990C3C3F131F815DD99?lawordSn=2757

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

ရှေးရေစက်

ရေး - ရွှေတိုင်ညွန့် ဆို - ဝင်းဦး + မာမာအေး လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ ချောလှတယ် သဘောကောင်းတဲ့ သူကလေးရယ် အတူဆုံဖို့ နဖူးစာရေးတယ် ယုံကြည်ဖွယ် မာယာနှောကာ ပြောတတ်တဲ့သက်လှယ်ရယ် နောင်ခါဝယ် မေရှင်ကလေးကို အရေးမစိုက်မှာ အလွန်စိုးတယ် ချစ်မှာလားကွယ်  မေတ္တာထားတယ်  ရှေးရေစက် ကံဆုံတယ် တူနှစ်သွယ် ဆုံဆည်းရတယ် ချစ်စရာကောင်းသူကလေးရယ် မောင့်စိတ်ထဲမှာ စွဲလန်းတယ် အဟုတ်ကိုပြောတာလားကွယ် လိမ်ဉာဏ်တွေပိုတယ်  ကရုဏာထားတာ အဟုတ်ပါပဲ မေတ္တာထားတယ် တကယ့်ကိုပဲ မင်းအလိုရှိရင်မောင့်အသည်း ခွဲကာပေးမယ်  တွေ့ရင်တော့ဖြင့် လွမ်းအောင်ချွဲ နောက်ကွယ်ကျရင်မေ့မှာပဲ အသည်းမှာစွဲတဲ့ ပျိုမေရှင်ကို အလိုလိုက်ရလိမ့်မယ်  တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ် တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ်  ချစ်တဲ့သူရယ်  ကြိုက်တဲ့သူရယ်  ရာသက်ပန်ရွယ်ကိုးလို့သာ အရိုးကျအောင် ပေါင်းပါ့မယ်  စိုးရိမ်ဖွယ် စိုးရိမ်ဖွယ် ယောက်ျားများဟာ ဖောက်ပြားလွယ် တကယ်ကြောက်အားပိုတယ် ယုံဘူး ယုံဘူး ချစ်ဦးပျိုသက်လှယ်  လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟုတ်ရပါ။ စာ