Skip to main content

ကျပ်တရာတန်ငွေစက္ကူနှင့် ကျပ်ငါးဆယ်တန် ငွေစက္ကူများလို့ ရေးရတယ်

တိုင်းပြည်ပျက်တယ်ဆိုတာ မိခင်ဘာသာစကား အရေးအသားကစ ပျက်တာ။

ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ၊ ရန်ကုန်မြို့

၁၉၆၄ ခုနှစ်၊ ကျပ်တရာတန်ငွေစက္ကူနှင့် ကျပ်ငါးဆယ်တန် ငွေစက္ကူများကို တရားဝင်ငွေအဖြစ်မှ ရပ်စဲသည့်ဥပဒေ။

[၁၉၆၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥပဒေအမှတ် ၇။]

၁၃၂၆ ခုနှစ်၊ နယုန်လဆန်း ၇ ရက်။

(၁၉၆၄ ခုနှစ်၊ မေလ ၁၇ ရက်။)

အောက်ဖေါ်ပြပါဥပဒေ ကိုထုတ်ပြန်ကျေညာသည်။

နိဒါန်း

တော်လှန်ရေးကောင်စီသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ချမှတ်၍ ပြည်ထောင်စု မြန်မာနိုင်ငံတဝှမ်းလုံးရှိလုပ်သားပြည်သူ အပေါင်းတို့၏ ဘဝကိုမြှင့်တင် ရန်အတွက် လိုအပ်သည့် လုပ်ငန်းအသီးသီးကို ဆောင်ရွက်လျက်ရှိသည်။ ဤလုပ်ငန်းများသည် လုပ်သားပြည်သူတို့ကို အကျိုးပြုသော်လည်း ခေါင်းပုံဖြတ်သမား၊ အမြတ်ကြီးစားတို့ကို အကျိုးမပြုသဖြင့်၊ ၎င်းတို့၏ ဆန့်ကျင်မှုကို နေ့စဉ်နှင့်အမျှ ခံရလျက်ရှိသည်။

နိုင်ငံခြားနှင့် တိုင်းရင်းသား အရင်းရှင်ကြီးများက ပြည်ထောင်စုမြန်မာနိုင်ငံ ၏စီးပွါးရေးကို မချုတ်ချယ် နိုင်စေရန် ရည်ရွယ်၍ ဘဏ်လုပ်ငန်းကို ပြည်သူပိုင်ပြုလုပ်ခဲ့ စဉ်ကတိုင်းရင်းသား နှင့်နိုင်ငံခြားသား ငွေရှင်ကြေးရှင်အမြောက်အမြားသည် ဘဏ်များတွင်၎င်းတို့ အပ်နှံထားသောငွေများကို ပြန်လည်ထုတ် ယူ၍၊ ဘဏ်လုပ်ငန်းပြည်သူပိုင် ပြုလုပ်ခြင်းကို ဆန့်ကျင်ခဲ့ကြသည်။

လုပ်သားပြည်သူတို့၏ စား-ဝတ်-နေရေးစရိတ် တည်ငြိမ်စေရန် ရည်ရွယ်၍ ကုန်ဈေးနှုန်းများ မတန် တဆတိုးတက်နေသည် ကိုတားဆီးရန်အတွက် နိုင်ငံခြားကူးသန်းရောင်းဝယ်ရေးလုပ်ငန်းကို ပြည်သူပိုင် ပြုလုပ်သည့်အခါ တွင်သော်၎င်း၊ လက်ကားဆိုင်ကြီးများ၊ ကုန်ရုံကြီးများ၊ ပွဲရုံကြီးများ ကိုပြည်သူပိုင်ပြုလုပ်သော အခါတွင်သော်၎င်း တိုင်းရင်းသားနှင့် နိုင်ငံခြားသား ငွေရှင်ကြေးရှင်များ သည်၎င်းတို့သိုဝှက်ထားသည့် ပစ္စည်းများကို အမြန်ငွေစက္ကူများဖြင့် လဲလှယ်ထားကြသည်။ ထိုငွေစက္ကူများဖြင့်၎င်း၊ ဘဏ်မှထုတ်ယူထားသည့် ငွေစက္ကူများဖြင့်၎င်း အခါအခွင့်ရလျှင် ရသလိုကုန်များကို ဈေးကစား ၍ရုတ်ခြည်းအမြတ် အများဆုံးထုတ်ယူရန် လုပ်ကိုင်ပြန်သည်။

အချို့သော သူများသည်နိုင်ငံခြားများသို့ ငွေစက္ကူများကို ခိုးထုတ်ခါမတန်တဆဈေး ဖြင့်နိုင်ငံခြား ငွေစက္ကူများကို ဝယ်ယူကြသည်။

ဤသို့လျှင်ငွေစက္ကူများကို ကုန်ပစ္စည်းသဘွယ်ကိုင်၍ လုပ်ကိုင်လာသည့် ငွေရှင်ကြေးရှင်လူတစု လက်ထဲတွင် ကျပ်တရာ တန်ငွေစက္ကူများနှင့် ကျပ်ငါးဆယ်တန်ငွေစက္ကူများစု ပုံမိတော့သည်။ ၎င်းငွေ စက္ကူများသည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ စီးပွါးရေးကို ကမောက်ကမဖြစ်စေ အောင်၊ လုပ်သားပြည်သူ တို့၏စားသောက်နေထိုင် ရေးကိုကျဆင်း အောင်လုပ်မည့် ပစ္စည်းများဖြစ်နေသည်။

ထို့ကြောင့်၊ ၎င်းငွေစက္ကူများ၏ အန္တရာယ်ကို ဖျက်ရန်လိုအပ်လာပေသည်။

တဘက်တွင်လည်း ကောင်းရောင်းကောင်းဝယ်ဖြင့် ရိုးရိုးသားသား စုဆောင်းမိ သည်တို့ကို ကျပ် တရာ တန်ငွေစက္ကူများနှင့် ကျပ်ငါးဆယ်တန် ငွေစက္ကူများဖြင့်သိမ်းဆည်း ထားသူများလည်းရှိကြသည်။ ၎င်းတို့အတွက်မနစ်နာ အောင်စီစဉ်ရန်လည်း လိုပေသည်။ ထို့ကြောင့် ကျပ်တရာတန်ငွေစက္ကူများနှင့် ကျပ်ငါး ဆယ်တန်ငွေစက္ကူများကို တရားဝင်ငွေ အဖြစ်မှရပ်စဲရမည်ဟု ကျေညာသော်လည်း ရက် သတ္တတပတ် အတွင်းမည်သူမဆို မိမိတရားဝင်ကိုင် ထားသည့်ကျပ်တရာတန် ငွေစက္ကူများနှင့် ကျပ် ငါးဆယ်တန်ငွေ စက္ကူများကိုအစိုးရထံ လာရောက်အပ်နှံစေ၍ ထိုသို့အပ်နှံသည့် ငွေစက္ကူတန်ဘိုး ပမာဏထဲမှအချို့ကို တရားဝင်ငွေဖြင့် ချက်ခြင်းလဲလှယ်ပေးပြီး ကျန်တန်ဘိုးကို လူတဦးစီ၏ အခြေ အနေ ကိုကြည့်၍မည်မျှလဲလှယ်ပေးရမည်ကို သတ်မှတ်ပေးရပေမည်။

အထက်ပါအကြောင်းအရာများကို ထောက်ထား၍၊ ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေး ကောင်စီ ဥက္ကဋ္ဌ သည်အောက်ပါ ဥပဒေကိုပြဋ္ဌာန်းလိုက်သည်။

https://www.mlis.gov.mm/mLsView.do;jsessionid=25B37FA3D59FC990C3C3F131F815DD99?lawordSn=2757

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ