၂။ ကြိတ် နဲ့ ကျိတ် မှားရေးမိလို့ တောင်းပန်ပါသည်ဆရာ
၃။ ရင်သားအကြိတ်ကို ခွဲစရာမလိုတဲ့အရွက်ဆိုပြီး တင်ထားတာတခု တွေ့တယ်။ အကျိတ်သတ်ပုံက မှားနေတယ်။
၄။ ကျိပ်မှာ (ပသတ်) နဲ့ ကျိပ်မှ မှန်လေမလားလို့ ဒေါက်တာ။
၅။ ပို့စ်တခုမှာ လည်ပင်းအကြိပ် ထုတ်ပြီးစစ်ဆေးရမယ်။ အဆီကျိပ်ဘဲဖြစ်ပါစေလို့ ဆုတောင်းတာဖတ်ရတယ်။
အကြိပ်ဆိုတာ မရှိပါ။ လူတကျိပ်။ လည်ပင်းအကျိတ်၊ အဆီကျိတ် လို့ရေးရတယ်။
ကျိပ်
တကျိပ် = ၁ဝ = တဆယ်
နှစ်ကျိပ်ရှစ်ဆူ = ၂၈ ဆူ
ကြိတ်
ကြိတ်ကြိတ်တိုး စည်ကားသည်
ကြိတ်ကြိုးစားသည်
ကြိတ်ဆုံ
ကြိတ်နှုန်း
ကြိတ်မနိုင်ခဲမရ
ကြိတ်မှန်ပင်
ကြိတ်မှိတ်ခံသည်
စပါးကြိတ်စက်
ထိုးကြိတ်သည်
ဝါကြိတ်စက်
သွားကြိတ်သည်
အံကြိတ်
အကြိတ်အနယ်၊
အကြိတ်အနယ်ပြိုင်သည်
ကျိတ်
ကင်ဆာအကျိတ်
ကျိတ်၍ကြံ
ကျိတ်၍ခံ
ကျိတ်ကြံကျိတ်လုပ်
ကျိတ်ဓား
ကျိတ်ပင်
ကျိတ်ပုတီး
ကျိတ်မျိုသည်းခံ
တကျိတ်တည်း တဉာဏ်တည်း
ရင်သားအကျိတ်
သားအိမ်အကျိတ်
သုကျိတ်မျောက်
အကျိတ်အခဲ
အကျိတ်အဖု
ဦးနှောက်အကျိတ်
သတ်ပုံမှာ ဆေးနည်းတွေ။ သတ်ပုံမှာတရားစာတွေ သတိထားကြစေချင်ပါတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment