Skip to main content

ပင်လယ်ခရုဘွဲ့

၁။ ဆရာခင်ဗျ တွေ့ဖူး တွေ့ဘူး ဘယ်ဟာ အမှန်ပါလဲခငိဗျ

ဆရာကြီးလုပ်သူများကိုယ်တိုင်က ဗူးဘုရားကို မရောက်ဘူးသူ။ ဗူးသီးကြော်လည်း မစားဘူးသူ။

၂။ ဗူးသီးကြော် မစား'ဖူး'သူလို့ဖြစ်ရမှာပါဆရာ

၃။ မရောက်ဘူးသေးသော ကလော - မရောက် (ဖူး) ဖြစ်မလား လို့ဆရာ။

မရောက်ဘူးသေး မရောက်ဖူးသေးဘူး မသွားချင်သေးဘူး။

ဘူးလို့ ရေးမိတိုင်း ကွန်မင့်တွေ လာပါတယ်။ ဆောရီး။ ကျွန်တော်တို့ကျောင်းသားဘဝက စာရေးတာမှာ အခုခေတ်လို တသွေးတသံတမိန့် ရှားတယ်။မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉)

ဘူး = တားမြစ်ငြင်းပယ်ကြောင်းပြ ကြိယာနှင့် တွဲ၍သုံးသော စကားလုံး။ (မရှိဘူး၊ မသွားဘူး၊ မလာဘူး စသည်။)

ဘူးကွယ်

ဘူးခံ

ဘူးမှုတ် (ဗူးမှုတ် ရှု)

ဘူးလုံးနားမထွင်း (ဗူးလုံးနာမထွင်း၊ ဗူးလုန်းနားမထွင်း ရှု)

နဘူးနွယ်ပင်

ကြားဘူးနားဝ (အငြင်း မဟုတ်)

ဘုရားဖူးဘူးသည် (အငြင်း မဟုတ်)

ဘူးကွယ်သည်

ဘူးခံ (နောက်သတ်ပုံ)

ဘူးပင် (နောက်သတ်ပုံ)၊ ဗူးပင် (ယခင်သတ်ပုံ)

ဘူးလုံးနားမထွင်း (နောက်သတ်ပုံ)

ဘူးလည်သီးခတ်ချည် (နောက်သတ်ပုံ)

ဘူးသပိတ်ပင် (နောက်သတ်ပုံ)

မကြားဘူး

မဖြစ်ဖူးဘူး (နောက်သတ်ပုံ)

မမြင်ဘူး

မလိုက်ဘူး (နောက်သတ်ပုံ)

မရောက်ဘူး

ဆေးဘူး (နောက်သတ်ပုံ)၊ 

ဆေးဗူး (ယခင်သတ်ပုံ)

ထောင်ဘူးဝ (နောက်သတ်ပုံ)

ဖူး

ကမ်းနဖူး

စိတ်ဖူး

ဆတ်သွားဖူး

ထိပ်ဖူး

နဖူး

ဖူးငုံ

ဖူးစာ

ဖူးဖူးမှုတ်သည်

ဖူးမြင်သည်

ဖူးတွေ့သည်

ဖူးမြော်သည်

ဖူးရောင်သည်

ဖူးရွှေလက်တင်

ဘုရားဖူး

ပြောင်းဖူး

မဝယ်ဘူး မယ်ခူးတဲ့ဖက်စို။ 

မီးမကူ နေပူမှာ မကင်အားလို့၊ ထားရတယ် အိပ်ရာအောက်မှာ၊ မင်းသောက်ဖို့ကို။ 

ညှာအနား၊ ရှေ့သွားနဲ့ကိုက်လို့တို၊ မချိုတောင့်လိပ်ဆေး။

ပိုးမကူ၊ ဝါချည်ဖြူ တပင်ရစ်ကယ်နှင့်၊

ငယ်ချစ်မောင် ရွှေဝသွားကို၊ ပါးလိုက်ကဲ့လေး။   ။ (မယ်ခွေ)

ဘူး (ကဝိဓဇသတ်ပုံကျမ်း)

ကြားဘူးနားဝ

နဘူးနွယ်ပင်

ဘုရားဖူးဘူးသည်

ဘူးကွယ်သည်

မကြားဘူး

မမြင်ဘူး

မရောက်မလာဘူး

မဟာစည်ဆရာတော်ရေးသားတဲ့ ဝိပဿနာရှုနည်းကျမ်းမှာ ထို့ကြောင့် မြင်ဘူး ကြားဘူး နံဘူး စားဘူး တွေ့ထိဘူး ကြံသိဘူးသော ထိုအတိတ်ရုပ်နံတို့ကို ပြန်၍စဉ်းစားမိတိုင်း ဃနပညတ်ထင်ရှားလျှက် နိစ္စ သုခ အတ္တဟု ထင်မြင် စွဲလမ်းမှုသည် ဖြစ်ပေါ်၏။

ကြုံဘူးမှ ယုံစဘွယ်သည် စာရေးသူစိန်စိန်၏ ဘဝခရီး တကွေ့၌ တွေ့ကြုံသော အဖြစ်အပျက်တခု၏ ဒုတိယစခန်း ဖြစ်သည်။

အမှာစာမှာ မြန်မာစာသတ်ပုံမှန်နဲ့ရေးတာကို တင်ပြပါတယ်။

ဦးကြင်ဥပဒေသာသီချင်းတွေကိုလည်း ရှစ်တန်းမှာ သင်ခဲ့ရတယ်။

ပင်လယ်ခရုဘွဲ့

ကြုံစဖူး မြင်ဖူးမှ ယုံစဘွယ်။

ဖြူနီဝါပြာတစုနှင့်

ခရုထွေလာဆန်း

ကမ်းကွေ့ပတ်လယ်။

ရွှေမင်တံ သံပချုပ်နှင့်

ဟန်ရုပ်ပြသွယ်သွယ်

နတ်မယ်လျဆံထိုး။

ဝင်ကစွပ်

မြင်ဆွတ်ကကြည်ဘို့ရာ

ဟိုသို့လာ သည်သို့သွားနှင့်

အငှားခန္ဓာမြှောင်ရတယ်

ဆန်းခေါင်ထိမျိုး။    ။ (ဦးကြင်ဥ)

ဦးကြင်ဥက ဖြူနီဝါပြာတစုလို့ ရေးပါတယ်။ သတ်ပုံမှန်ကိုလည်း ကြုံဘူးမှ ယုံစဘွယ်။

မူကွဲအရေအသားတွေ ရှေးကတည်းက ရှိတယ်။ မူအရ မူရင်းစာကိုတော့ ထင်သလို မပြင်ရပါ။ ဒီကဗျာကို တင်ထားကြတာ အားလုံးလိုလိုက ပြင်ထားကြတယ်။ မလုပ်ကောင်းပါ။ ဝီကီတို့စ်မှာ ဘူး နဲ့ဖူး၊ လည် နဲ့ လယ်၊ ချုပ် နဲ့ ခြုပ် ၃ လုံး လွဲနေတယ်။

ဒေါက်တာတင့်ဆွေ




Comments