Skip to main content

ပင်လယ်ခရုဘွဲ့


၁။ ဆရာခင်ဗျ တွေ့ဖူး တွေ့ဘူး ဘယ်ဟာ အမှန်ပါလဲခငိဗျ

ဆရာကြီးလုပ်သူများကိုယ်တိုင်က ဗူးဘုရားကို မရောက်ဘူးသူ။ ဗူးသီးကြော်လည်း မစားဘူးသူ။

၂။ ဗူးသီးကြော် မစား'ဖူး'သူလို့ဖြစ်ရမှာပါဆရာ

၃။ မရောက်ဘူးသေးသော ကလော - မရောက် (ဖူး) ဖြစ်မလား လို့ဆရာ။

မရောက်ဘူးသေး မရောက်ဖူးသေးဘူး မသွားချင်သေးဘူး။

ဘူးလို့ ရေးမိတိုင်း ကွန်မင့်တွေ လာပါတယ်။ ဆောရီး။ ကျွန်တော်တို့ကျောင်းသားဘဝက စာရေးတာမှာ အခုခေတ်လို တသွေးတသံတမိန့် ရှားတယ်။မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉)

ဘူး = တားမြစ်ငြင်းပယ်ကြောင်းပြ ကြိယာနှင့် တွဲ၍သုံးသော စကားလုံး။ (မရှိဘူး၊ မသွားဘူး၊ မလာဘူး စသည်။)

ဘူးကွယ်

ဘူးခံ

ဘူးမှုတ် (ဗူးမှုတ် ရှု)

ဘူးလုံးနားမထွင်း (ဗူးလုံးနာမထွင်း၊ ဗူးလုန်းနားမထွင်း ရှု)

နဘူးနွယ်ပင်

ကြားဘူးနားဝ (အငြင်း မဟုတ်)

ဘုရားဖူးဘူးသည် (အငြင်း မဟုတ်)

ဘူးကွယ်သည်

ဘူးခံ (နောက်သတ်ပုံ)

ဘူးပင် (နောက်သတ်ပုံ)၊ ဗူးပင် (ယခင်သတ်ပုံ)

ဘူးလုံးနားမထွင်း (နောက်သတ်ပုံ)

ဘူးလည်သီးခတ်ချည် (နောက်သတ်ပုံ)

ဘူးသပိတ်ပင် (နောက်သတ်ပုံ)

မကြားဘူး

မဖြစ်ဖူးဘူး (နောက်သတ်ပုံ)

မမြင်ဘူး

မလိုက်ဘူး (နောက်သတ်ပုံ)

မရောက်ဘူး

ဆေးဘူး (နောက်သတ်ပုံ)၊ 

ဆေးဗူး (ယခင်သတ်ပုံ)

ထောင်ဘူးဝ (နောက်သတ်ပုံ)

ဖူး

ကမ်းနဖူး

စိတ်ဖူး

ဆတ်သွားဖူး

ထိပ်ဖူး

နဖူး

ဖူးငုံ

ဖူးစာ

ဖူးဖူးမှုတ်သည်

ဖူးမြင်သည်

ဖူးတွေ့သည်

ဖူးမြော်သည်

ဖူးရောင်သည်

ဖူးရွှေလက်တင်

ဘုရားဖူး

ပြောင်းဖူး

မဝယ်ဘူး မယ်ခူးတဲ့ဖက်စို။ 

မီးမကူ နေပူမှာ မကင်အားလို့၊ ထားရတယ် အိပ်ရာအောက်မှာ၊ မင်းသောက်ဖို့ကို။ 

ညှာအနား၊ ရှေ့သွားနဲ့ကိုက်လို့တို၊ မချိုတောင့်လိပ်ဆေး။

ပိုးမကူ၊ ဝါချည်ဖြူ တပင်ရစ်ကယ်နှင့်၊

ငယ်ချစ်မောင် ရွှေဝသွားကို၊ ပါးလိုက်ကဲ့လေး။   ။ (မယ်ခွေ)

ဘူး (ကဝိဓဇသတ်ပုံကျမ်း)

ကြားဘူးနားဝ

နဘူးနွယ်ပင်

ဘုရားဖူးဘူးသည်

ဘူးကွယ်သည်

မကြားဘူး

မမြင်ဘူး

မရောက်မလာဘူး

မဟာစည်ဆရာတော်ရေးသားတဲ့ ဝိပဿနာရှုနည်းကျမ်းမှာ ထို့ကြောင့် မြင်ဘူး ကြားဘူး နံဘူး စားဘူး တွေ့ထိဘူး ကြံသိဘူးသော ထိုအတိတ်ရုပ်နံတို့ကို ပြန်၍စဉ်းစားမိတိုင်း ဃနပညတ်ထင်ရှားလျှက် နိစ္စ သုခ အတ္တဟု ထင်မြင် စွဲလမ်းမှုသည် ဖြစ်ပေါ်၏။

ကြုံဘူးမှ ယုံစဘွယ်သည် စာရေးသူစိန်စိန်၏ ဘဝခရီး တကွေ့၌ တွေ့ကြုံသော အဖြစ်အပျက်တခု၏ ဒုတိယစခန်း ဖြစ်သည်။

အမှာစာမှာ မြန်မာစာသတ်ပုံမှန်နဲ့ရေးတာကို တင်ပြပါတယ်။

ဦးကြင်ဥပဒေသာသီချင်းတွေကိုလည်း ရှစ်တန်းမှာ သင်ခဲ့ရတယ်။

ပင်လယ်ခရုဘွဲ့

ကြုံစဖူး မြင်ဖူးမှ ယုံစဘွယ်။

ဖြူနီဝါပြာတစုနှင့်

ခရုထွေလာဆန်း

ကမ်းကွေ့ပတ်လယ်။

ရွှေမင်တံ သံပချုပ်နှင့်

ဟန်ရုပ်ပြသွယ်သွယ်

နတ်မယ်လျဆံထိုး။

ဝင်ကစွပ်

မြင်ဆွတ်ကကြည်ဘို့ရာ

ဟိုသို့လာ သည်သို့သွားနှင့်

အငှားခန္ဓာမြှောင်ရတယ်

ဆန်းခေါင်ထိမျိုး။    ။ (ဦးကြင်ဥ)

ဦးကြင်ဥက ဖြူနီဝါပြာတစုလို့ ရေးပါတယ်။ သတ်ပုံမှန်ကိုလည်း ကြုံဘူးမှ ယုံစဘွယ်။

မူကွဲအရေအသားတွေ ရှေးကတည်းက ရှိတယ်။ မူအရ မူရင်းစာကိုတော့ ထင်သလို မပြင်ရပါ။ ဒီကဗျာကို တင်ထားကြတာ အားလုံးလိုလိုက ပြင်ထားကြတယ်။ မလုပ်ကောင်းပါ။ ဝီကီတို့စ်မှာ ဘူး နဲ့ဖူး၊ လည် နဲ့ လယ်၊ ချုပ် နဲ့ ခြုပ် ၃ လုံး လွဲနေတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

ရှေးရေစက်

ရေး - ရွှေတိုင်ညွန့် ဆို - ဝင်းဦး + မာမာအေး လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ ချောလှတယ် သဘောကောင်းတဲ့ သူကလေးရယ် အတူဆုံဖို့ နဖူးစာရေးတယ် ယုံကြည်ဖွယ် မာယာနှောကာ ပြောတတ်တဲ့သက်လှယ်ရယ် နောင်ခါဝယ် မေရှင်ကလေးကို အရေးမစိုက်မှာ အလွန်စိုးတယ် ချစ်မှာလားကွယ်  မေတ္တာထားတယ်  ရှေးရေစက် ကံဆုံတယ် တူနှစ်သွယ် ဆုံဆည်းရတယ် ချစ်စရာကောင်းသူကလေးရယ် မောင့်စိတ်ထဲမှာ စွဲလန်းတယ် အဟုတ်ကိုပြောတာလားကွယ် လိမ်ဉာဏ်တွေပိုတယ်  ကရုဏာထားတာ အဟုတ်ပါပဲ မေတ္တာထားတယ် တကယ့်ကိုပဲ မင်းအလိုရှိရင်မောင့်အသည်း ခွဲကာပေးမယ်  တွေ့ရင်တော့ဖြင့် လွမ်းအောင်ချွဲ နောက်ကွယ်ကျရင်မေ့မှာပဲ အသည်းမှာစွဲတဲ့ ပျိုမေရှင်ကို အလိုလိုက်ရလိမ့်မယ်  တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ် တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ်  ချစ်တဲ့သူရယ်  ကြိုက်တဲ့သူရယ်  ရာသက်ပန်ရွယ်ကိုးလို့သာ အရိုးကျအောင် ပေါင်းပါ့မယ်  စိုးရိမ်ဖွယ် စိုးရိမ်ဖွယ် ယောက်ျားများဟာ ဖောက်ပြားလွယ် တကယ်ကြောက်အားပိုတယ် ယုံဘူး ယုံဘူး ချစ်ဦးပျိုသက်လှယ်  လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟုတ်ရပါ။ စာ