Skip to main content

လောကသဘာဝဆုံးမစာ - တောင်ဖီလာဆရာတော်

(ဖျက်စု၊ ခက်စု၊ ခဲစု၊ မမြဲစု- သံပေါက်များ)

=> ဖ်က္စု-၂၀…

၁။ စေတီမှန်းထား၊ မြတ်ဘုရား

 တည်ထားကောင်းလျက်၊ ညောင်ပင်ဖျက်သည်။ ။

၂။ မြစ်မ,ရေနက်၊ သောင်ပြင်ဖျက်သည်။

၃။ မင်းကောင်းပါလျက်၊ မင်းမြှောင်ဖျက်သည်။

၄။ လက်ဆုံစား၊

 မယားကောင်းလျက်၊ အပြောင်ဖျက်သည်။

၅။ မောင်းသွင်းခု,နင်း၊ ရေလျင်သွင်း

 ပျိုးခင်းကောင်းလျက်၊ မြောင်တောင်ဖျက်သည်။

၆။ လက်ဆက်တံကူ၊ လှေမူခိုင်လျက်၊ မီးပိုးဖျက်သည်။

၇။ လက်တီးကြမ်းပြင်၊

 ဆင်ဝင်ကောင်းလျက်၊ ဝဲလင်းဖျက်သည်။

၈။ ဣတ္ထိယမူ၊ ရူပါကောင်းလျက်၊ ဆံထုံးဖျက်သည်။

၉။ ဓမ္မသတ်တရား၊ ရှိပါငြားလည်း

 တိမ်းပါးငဲ့ကွက်၊ လက်ဆောင်ဖျက်သည်။

၁၀။ ရဟန်းတရား၊ ကျင့်ပါငြားလည်း

 တရားမဖက်၊ အစားဖျက်သည်။

 တိမ်းပါးငဲ့ကွက်၊ လက်ဆောင်ဖျက်သည်။ (မူကွဲ)

၁၁။ သီလငါးပါး၊ ကျင့်သူအားကို

 စီးပွါးရမက်၊ လောဘဖျက်သည်။ ။

၁၂။ သုခမိန်ဟု၊ ကျော်ရှိန်နှံ့သိ ပညာရှိ

 ကြီးဘိအမျက်၊ ဒေါသဖျက်သည်။ ။

၁၃။ တိုင်နှင့်ကျီကျ၊ ထုပ်လျောက်စသည်

 ခိုင်လှပါလျက်၊ ပေါင်းကွပ်ဖျက်သည်။ ။

၁၄။ ပြည်ရွာတိုင်းကား၊ စည်ပင်ငြားလည်း

 ခေါင်းပါးခေါင်လျက်၊ စပါးဖျက်သည်။ ။

၁၅။ ပဉ္စင်တူရိယာ၊ နှဲခရာ

 သာယာပေလျက်၊ လင်းကွင်းဖျက်သည်။ ။

၁၆။ လက်သင်လှော်ကား၊ လှော်ပေငြားလည်း

 အသွားကောင်းလျက်၊ လှေပဲ့ဖျက်သည်။ ။

၁၇။ ဘောဇဉ်ငါးပါး၊ ပျားအရသာ

 ကောင်းပါပေလျက်၊ ဆားငန်ဖျက်သည်။ ။

၁၈။ ဆီမီးတန်ဆောင်၊

 ဝင်းပြောင်ပေလျက်၊ လေဆိုးဖျက်သည်။ 

၁၉။ ဣတ္ထိယမူ၊ ရူပလက္ခဏာ၊ ကောင်းပေပါလျက်

 ရောဂါနှိပ်စက်၊ အနာဖျက်သည်။ ။

၂၀။ သူကောင်းဖြစ်ငြား၊

 မူထားကောင်းလျက်၊ အပေါင်းဖျက်သည်။

=> ခက္စု-၂၄…

၁။ တင်ပေဖူးသည့်၊ ကျေးဇူးရှိလျက်၊ အဆပ်ခက်။

၂။ မယားရှိလျက်၊ အလှည့်ခက်။

၃။ ဧည့်သည်ညဉ့်နက်၊ အအိပ်ခက်။

၄။ ပစ်ခွါခဲ့လျက်၊ အပြန်ခက်။

၅။ လာခဲ့ခေါ်လျက်၊ အနှင်ခက်။

၆။ ပေးပြီးပါလျက်၊ အယူခက်။

၇။ ချောင်းရေလျှံတက်၊ အကူးခက်။

၈။ ရင်ဆိုင်တွေ့လျက်၊ အပြေးခက်။

၉။ သံသာချိုမြွက်၊ စကားခက်။

၁၀။ ကြောက်လန့်ပြေးတက်၊ အဆင်းခက်။

၁၁။ ကံ့ကူကျောက်ထွက်၊ အရေးခက်။

၁၂။ မျဉ်းတံကောက်လျက်၊ အသားခက်။

၁၃။ သန္ဓေပြည့်နှက်၊ ဆေးကုခက်။

၁၄။ ခရီးညွှန်ဆက်၊ အသွားခက်။

၁၅။ တံတားကျိုးပျက်၊ အလျှောက်ခက်။

၁၆။ ရေအိမ်ပြိုလျက်၊ အပြင်ခက်။

၁၇။ သားမြေးဆိုးလျက်၊ အစွန့်ခက်။

၁၈။ ထွေးပြန်ပြီးလျက်၊ အမျိုခက်။

၁၉။ မြတ်သည်သုံးပါး၊ မှန်းထားပြီးလျက်၊ အသုံးခက်။

၂၀။ ဆူးငြောင့်တွင်းကျင်း၊ ကျုံးသွင်းပြည့်နှက်၊ အဝင်ခက်။

၂၁။ အသားမည်းနက်၊ အဆင်ခက်။

၂၂။ ဆိုးသည်သတင်း၊ သားချင်းရှိလျက်၊ အပြောခက်။

၂၃။ ပက်ပယ်လှေဖျက်၊ အတိုက်ခက်

၂၄။ ကွဲပြားအယူ၊ နားကင်းထူ

 သုံးလူရှင်လျက် အဟောခက်။

=> ခဲစု-၁၀…

၁။ လူအဖြစ်ကို၊ စင်စစ်မလွဲ၊ ရမည်ခဲ။

၂။ ရလှည့်ပါလည်း၊ အင်္ဂါပြည့်ဝ၊ ပုရိသဟု

 မုချမလွဲ၊ ရမည်ခဲ။

၃။ ပုရိသစစ်၊ ဖြစ်လင့်ကစား၊ မြတ်တရားကို၊

 တိုးပွါးနှိုက်နဲ၊ သိမည်ခဲ။

၄။ သိငြားသော်လည်း၊ ပျက်ချော်မလွဲ၊ တော်မည်ခဲ။

၅။ တော်ငြားပါလည်း၊ ရှေ့နာက်စိတ်ထဲ၊ တတ်မည်ခဲ။

၆။ ဂတိလေးပါး၊ ထိုတရားကို

 စွန့်စားရှောင်လွှဲ၊ ကျင့်မည်ခဲ။

၇။ မိစ္ဆာယူမှား၊ အပါယ်လားသော်

 တရားမစွဲ၊ ကျွတ်မည်ခဲ။

၈။ အရှင်မင်းက၊ မှူးမတ်စသည်၊ ပြည်မှလူများ၊

 မတရားက၊ တိုင်းကားပြည်ထဲ၊ စည်မည်ခဲ။

၉။ ဝေဘူတောင်ဖျား၊ ပတ္တမြားကို၊ စွန့်ထားညွန်ပေါ်

 နှစ်တုံသော်လည်း၊ တေဇော်ညွန်ထဲ၊ နှစ်မည်ခဲ။

၁၀။ ပညာလွန်ကျူး၊ ဂုဏ်အထူးနှင့်၊ ကျေးဇူးရှိမူ၊

 ထိုသသူအား၊ ခေါင်းပါးဆင်းရဲ၊ ရှိမည်ခဲ။

=> မမြဲစု-၆…

၁။ ရူပလက္ခဏာ၊ ကိုယ်ခန္ဓာ

 များစွာဖောက်လှဲ၊ မတည်မြဲ။

၂။ လောကီဥစ္စာ၊ ရတနာကို

 များစွာသိမ်းဆည်း၊ နေမမြဲ။

၃။ ပုထုဇဉ်လူ၊ မောဟထူကို

 အယူစွပ်စွဲ၊ မှတ်မမြဲ။

၄။ သူမြတ်တို့အား၊ ချစ်သနား

 မြီစားမြောက်ကဲ၊ ရာမမြဲ။

၅။ သစ်ကိုင်းခက်မြိုင်၊ ကမ်းမနိုင်

 ပြိုယိုင်ရေထဲ၊ တည်မမြဲ။

၆။ ငါတကားဟု၊ ကြိမ်းဝါးမောင်းမဲ၊ မှတ်မမြဲ။

(မေတ္တာနှလုံး ကိုယ်စီသုံး ချမ်းမြေ့ကြပါစေ။)

ရှေးစာကဗျာများ

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

ရှေးရေစက်

ရေး - ရွှေတိုင်ညွန့် ဆို - ဝင်းဦး + မာမာအေး လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ ချောလှတယ် သဘောကောင်းတဲ့ သူကလေးရယ် အတူဆုံဖို့ နဖူးစာရေးတယ် ယုံကြည်ဖွယ် မာယာနှောကာ ပြောတတ်တဲ့သက်လှယ်ရယ် နောင်ခါဝယ် မေရှင်ကလေးကို အရေးမစိုက်မှာ အလွန်စိုးတယ် ချစ်မှာလားကွယ်  မေတ္တာထားတယ်  ရှေးရေစက် ကံဆုံတယ် တူနှစ်သွယ် ဆုံဆည်းရတယ် ချစ်စရာကောင်းသူကလေးရယ် မောင့်စိတ်ထဲမှာ စွဲလန်းတယ် အဟုတ်ကိုပြောတာလားကွယ် လိမ်ဉာဏ်တွေပိုတယ်  ကရုဏာထားတာ အဟုတ်ပါပဲ မေတ္တာထားတယ် တကယ့်ကိုပဲ မင်းအလိုရှိရင်မောင့်အသည်း ခွဲကာပေးမယ်  တွေ့ရင်တော့ဖြင့် လွမ်းအောင်ချွဲ နောက်ကွယ်ကျရင်မေ့မှာပဲ အသည်းမှာစွဲတဲ့ ပျိုမေရှင်ကို အလိုလိုက်ရလိမ့်မယ်  တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ် တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ်  ချစ်တဲ့သူရယ်  ကြိုက်တဲ့သူရယ်  ရာသက်ပန်ရွယ်ကိုးလို့သာ အရိုးကျအောင် ပေါင်းပါ့မယ်  စိုးရိမ်ဖွယ် စိုးရိမ်ဖွယ် ယောက်ျားများဟာ ဖောက်ပြားလွယ် တကယ်ကြောက်အားပိုတယ် ယုံဘူး ယုံဘူး ချစ်ဦးပျိုသက်လှယ်  လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟုတ်ရပါ။ စာ