Skip to main content

ဦးဖိုးလတ် - မြန်မာစကားအဖွင့်ကျမ်း (ပထမတွဲ၊ ဒုတိယတွဲ နှင့် ဖြည်စွက်တွဲ)

မြန်မာသတ်ပုံမှာ မှားတတ်တာတွေကို ရှင်းပြထားတဲ့ ၁၉၆၂ ထုတ် ဦးဖိုးလတ်-မြန်မာစကားအဖွင့်ကျမ်းကို စာဖတ်သူတိုင်း အခမဲ့ အောက်ပါ link မှာ ဝင်ရောက် ဖတ်ရှု နိုင်ပါပြီ။     

https://fliphtml5.com/bookcase/kfunn/

နိဒါန်း

“မြန်မာအဘိဓာန်ဋီကာ” ဟု လည်း ခေါ် ဆို အပ် သော၊ ဤ “မြန်မာ စကားအဖွင့်ကျမ်း” တွင် မြန်မာဘာသာ၌ တိမ်မြုပ်ငုပ်လျှိုးနေသော စကား များ၊ အရေး၊ အနက်၊ အသုံးတို့၌ တိမ်းယိမ်းချွတ်ချော်နေသော စကားများ၊ အရေးအနက်အသုံးတို့နှင့် စပ်လျဉ်း၍ ဝိဝါဒရှိသောစကားများ၊ အကြောင်း တခုခုကြောင့် စိတ်ပါဝင်စားဖွယ် ကောင်းသော စ ကား များ အား၊ နည်း အမျိုးမျိုးဖြင့် ကျွန်ုပ်တို့ နှိုက်ချွတ်တူးဖေါ်ရှာဖွေ၊ အလင်းသို့ ဆောင်ကြဉ်းခဲ့ သည်တို့ကို တလုံးတဝတည်း စုပေါင်း၍ ရိုက်နှိပ်တင်ပြထားပါသည်။

စကားများကို သုတေသနပြုရာ၌ လိုအပ်သော လက်နက်ကရိယာများမှာ သတ်ပုံကျမ်းများ၊ ပေါရာဏ ကထာကျမ်းများ၊ ဝေါဟာရ အဖွင့်ကျမ်းများ၊ ကဗျာ ကျမ်းများ၊ ရှေး ကျောက် စာ, မင်စာ, စည့်ကွင်းစာများ၊ မြန်မာ ဘာသာနှင့်ဆက်သွယ်ခြင်းရှိသော ဘာသာကျမ်းများ၊ စသည်တို့ ဖြစ်ပါသည်။ ယင်းလက်နက်ကရိယာတို့မှာ ယခုအခါ မည်သည့်အမျိုးအစား၌မျှ၊ကျေနပ် လောက်အောင် ကောင်းမွန်ပြည့်စုံပြီဟုဆိုဖွယ်မ ရှိသေးပါ။ လက်နက်ကရိယာ များ အကယ် ကောင်းမွန် ပြည့်စုံ လုံလောက်မှသာ၊ မြန်မာ စကားများကို သုတေသနပြု၍ ဖွင့်ဆိုရာ၌လည်း လုံးဝကျေနပ်လောက်သော အခြေသို့ ဆိုက် ရောက်နိုင်ပါမည်။ ရသမျှသော လက်နက် ကရိယာတို့ကိုသာ အသုံးပြု၍၊ နှိုက်ချွတ်တူးဖေါ် ရှာဖွေတင်ပြရသဖြင့် အချို့ နေရာတို့၌ ချွတ်ယွင်းချက်များ ရှိကောင်းရှိပေဦးမည်။သို့ရာတွင် ဤကျမ်းဖြင့် ကျွန်ုပ်တို့ကတတ်နိုင်သလောက် လမ်းခုတ်ထွင်ရှင်းလင်း၊ နင်းကြမ်း တန်ထား ခင်းပေးလိုက်သည့် အပေါ်၌၊ နောင်လာသုတေသီတို့သည် ဖြတ်ကျော် လျောက်သွား၍၊ မြန်မာစကားများ ကို လုံးဝ ကျေနပ်နှစ်သက်လောက်သော အခြေသို့ဆိုက်အောင် ဖွင့်ဆိုနိုင်ကြ လိမ့်မည်ဟု မြှော်လင့်ပါသည်။

မြန်မာစကားများကိုသုတေသနပြု၍ ကျွန်ုပ်တို့ဖွင့်ဆိုတင်ပြလာခဲ့သည်မှာ နှစ်ပေါင်းအတော်ကြာမြင့်ခဲ့လေပြီ။ ဤသို့တင်ပြခဲ့ပြီးသော စကားပေါင်း ၃၅ မျှနှင့်၊ မ တင် ပြ ရ သေး သော စ ကား ပေါင်း ၅ဝ ခန့်၊ ပေါင်း ဂ၅ တို့ကို ဤမြန်မာစကားအဖွင့်ကျမ်း၊ ပထမတွဲတွင်၊ ထည့်သွင်း ဖေါ်ပြလိုက်ပါသည်။ ရှေး ၌ ရေး သား တင်ပြ ခဲ့ သော စကားပေါင်း ၃၅ တို့တွင်လည်း လိုအပ် သည့် နေရာတို့၌ ပြင်ဆင် ဖြည့်စွက်၍ နှုတ်ပယ်သင့်သည်တို့ ကိုလည်း နှုတ်ပယ်ကာ၊ အချို့ တို့ကို အသစ်ထပ်မံ ရေးသား၍ပင် ထည့်လိုက်ပါသည်။ စကားပေါင်း ဂ၅ တို့၏ခေါင်းစဉ်အောက်၌ စပ်လျဉ်းဆက်သွယ်ခြင်းရှိသော စကားပေါင်းမြောက်မြားစွာတို့ကို လည်း ဖွင့်ဆိုထားကြောင်း တွေ့ရပါလိမ့် မည်။ တင်ပြထားသော စကားများသည် အက္ခရာစဉ် အတိုင်းသော် အ မှ န သို့သာ ရောက်ပါသေးသည်။ ယင်းအက္ခရာစဉ်အတွင်း၌ပင် ပြည့်စုံ လုံလောက် ခြင်းမရှိသေးပါ။နောင်ဖြည့်စွက်ရေးသားသွတ်သွင်းရန် စကားပေါင်းများစွာ ကျန်ရှိနေပါသေးသည်။ များမကြာမီ ဆက်လက် ပုံ နှိပ် ဖြန့် ချီ မည့် “မြန်မာ စ ကား အ ဖွင့် ကျမ်း၊ ဒုတိယတွဲ” တွင် သော်၊ ပ မှ ဟ တိုင်အောင်သော အက္ခရာစဉ်ဖြင့် ဆက်လက်ဖေါ်ပြသွားပါမည်။ ယင်းတွင် နေရာရှိသေးလျှင် ဖြည့်စွက်စကားများကိုပါ ထည့်သွင်းလိုက်ပါမည်။အကယ်၍ နေရာမရှိတော့ က၊ ဖြည့်စွက်စကားများကို သီးသန့်စုပေါင်းရိုက်နှိပ်ဖြန့်ချီပါမည်။

ဤမြန်မာစကား အဖွင့်ကျမ်းကို ရေးသား ပြုစုရာ၌ ရည်ရွယ်ချက်မှာ မြန်မာ စကားများ၏ ရင်းမြစ်တို့ကို စိစစ်ကာ အရေးမှန် အနက်မှန်တို့ကို ဖေါ်ပြပြီးလျှင်၊ မြန်မာဘာသာ၌ စိတ်ပါဝင်စား၊ လေ့လာ လိုက်စားသူတို့ အား အရေးကြီးသော မြန်မာသတ်ပုံကျမ်းများ၊ ကဗျာကျမ်းများ၊ ရှေးရှေး ကျောက်စာ, မင်စာများ၊ မြန်မာနှင့် အနွယ်တူဘာသာများ စသည်တို့နှင့် ရင်းနှီးယဉ်ပါးလာစေ၍၊ ယင်းပညာရပ်များတွင် စိတ်ပါဝင် လေ့လာလိုက် စား လာ ကြ ပြီး လျှင်၊ တရွေ့ရွေ့တဖြေးဖြေးခမ်းနားကြီးကျယ်၊ ထယ်ဝါ ခံ့ ညားသော မြန်မာဘာသာဗိမာန်ကြီးကို အပြီးတိုင် စုပေါင်းတည်ဆောက် နိုင်ကြစေရန်ဖြစ်ပေသတည်း။

(Listener's Heaven Audiobooks - အသံစာအုပ်)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ