Skip to main content

ဦးဖိုးလတ် - မြန်မာစကားအဖွင့်ကျမ်း (ပထမတွဲ၊ ဒုတိယတွဲ နှင့် ဖြည်စွက်တွဲ)

မြန်မာသတ်ပုံမှာ မှားတတ်တာတွေကို ရှင်းပြထားတဲ့ ၁၉၆၂ ထုတ် ဦးဖိုးလတ်-မြန်မာစကားအဖွင့်ကျမ်းကို စာဖတ်သူတိုင်း အခမဲ့ အောက်ပါ link မှာ ဝင်ရောက် ဖတ်ရှု နိုင်ပါပြီ။     

https://fliphtml5.com/bookcase/kfunn/

နိဒါန်း

“မြန်မာအဘိဓာန်ဋီကာ” ဟု လည်း ခေါ် ဆို အပ် သော၊ ဤ “မြန်မာ စကားအဖွင့်ကျမ်း” တွင် မြန်မာဘာသာ၌ တိမ်မြုပ်ငုပ်လျှိုးနေသော စကား များ၊ အရေး၊ အနက်၊ အသုံးတို့၌ တိမ်းယိမ်းချွတ်ချော်နေသော စကားများ၊ အရေးအနက်အသုံးတို့နှင့် စပ်လျဉ်း၍ ဝိဝါဒရှိသောစကားများ၊ အကြောင်း တခုခုကြောင့် စိတ်ပါဝင်စားဖွယ် ကောင်းသော စ ကား များ အား၊ နည်း အမျိုးမျိုးဖြင့် ကျွန်ုပ်တို့ နှိုက်ချွတ်တူးဖေါ်ရှာဖွေ၊ အလင်းသို့ ဆောင်ကြဉ်းခဲ့ သည်တို့ကို တလုံးတဝတည်း စုပေါင်း၍ ရိုက်နှိပ်တင်ပြထားပါသည်။

စကားများကို သုတေသနပြုရာ၌ လိုအပ်သော လက်နက်ကရိယာများမှာ သတ်ပုံကျမ်းများ၊ ပေါရာဏ ကထာကျမ်းများ၊ ဝေါဟာရ အဖွင့်ကျမ်းများ၊ ကဗျာ ကျမ်းများ၊ ရှေး ကျောက် စာ, မင်စာ, စည့်ကွင်းစာများ၊ မြန်မာ ဘာသာနှင့်ဆက်သွယ်ခြင်းရှိသော ဘာသာကျမ်းများ၊ စသည်တို့ ဖြစ်ပါသည်။ ယင်းလက်နက်ကရိယာတို့မှာ ယခုအခါ မည်သည့်အမျိုးအစား၌မျှ၊ကျေနပ် လောက်အောင် ကောင်းမွန်ပြည့်စုံပြီဟုဆိုဖွယ်မ ရှိသေးပါ။ လက်နက်ကရိယာ များ အကယ် ကောင်းမွန် ပြည့်စုံ လုံလောက်မှသာ၊ မြန်မာ စကားများကို သုတေသနပြု၍ ဖွင့်ဆိုရာ၌လည်း လုံးဝကျေနပ်လောက်သော အခြေသို့ ဆိုက် ရောက်နိုင်ပါမည်။ ရသမျှသော လက်နက် ကရိယာတို့ကိုသာ အသုံးပြု၍၊ နှိုက်ချွတ်တူးဖေါ် ရှာဖွေတင်ပြရသဖြင့် အချို့ နေရာတို့၌ ချွတ်ယွင်းချက်များ ရှိကောင်းရှိပေဦးမည်။သို့ရာတွင် ဤကျမ်းဖြင့် ကျွန်ုပ်တို့ကတတ်နိုင်သလောက် လမ်းခုတ်ထွင်ရှင်းလင်း၊ နင်းကြမ်း တန်ထား ခင်းပေးလိုက်သည့် အပေါ်၌၊ နောင်လာသုတေသီတို့သည် ဖြတ်ကျော် လျောက်သွား၍၊ မြန်မာစကားများ ကို လုံးဝ ကျေနပ်နှစ်သက်လောက်သော အခြေသို့ဆိုက်အောင် ဖွင့်ဆိုနိုင်ကြ လိမ့်မည်ဟု မြှော်လင့်ပါသည်။

မြန်မာစကားများကိုသုတေသနပြု၍ ကျွန်ုပ်တို့ဖွင့်ဆိုတင်ပြလာခဲ့သည်မှာ နှစ်ပေါင်းအတော်ကြာမြင့်ခဲ့လေပြီ။ ဤသို့တင်ပြခဲ့ပြီးသော စကားပေါင်း ၃၅ မျှနှင့်၊ မ တင် ပြ ရ သေး သော စ ကား ပေါင်း ၅ဝ ခန့်၊ ပေါင်း ဂ၅ တို့ကို ဤမြန်မာစကားအဖွင့်ကျမ်း၊ ပထမတွဲတွင်၊ ထည့်သွင်း ဖေါ်ပြလိုက်ပါသည်။ ရှေး ၌ ရေး သား တင်ပြ ခဲ့ သော စကားပေါင်း ၃၅ တို့တွင်လည်း လိုအပ် သည့် နေရာတို့၌ ပြင်ဆင် ဖြည့်စွက်၍ နှုတ်ပယ်သင့်သည်တို့ ကိုလည်း နှုတ်ပယ်ကာ၊ အချို့ တို့ကို အသစ်ထပ်မံ ရေးသား၍ပင် ထည့်လိုက်ပါသည်။ စကားပေါင်း ဂ၅ တို့၏ခေါင်းစဉ်အောက်၌ စပ်လျဉ်းဆက်သွယ်ခြင်းရှိသော စကားပေါင်းမြောက်မြားစွာတို့ကို လည်း ဖွင့်ဆိုထားကြောင်း တွေ့ရပါလိမ့် မည်။ တင်ပြထားသော စကားများသည် အက္ခရာစဉ် အတိုင်းသော် အ မှ န သို့သာ ရောက်ပါသေးသည်။ ယင်းအက္ခရာစဉ်အတွင်း၌ပင် ပြည့်စုံ လုံလောက် ခြင်းမရှိသေးပါ။နောင်ဖြည့်စွက်ရေးသားသွတ်သွင်းရန် စကားပေါင်းများစွာ ကျန်ရှိနေပါသေးသည်။ များမကြာမီ ဆက်လက် ပုံ နှိပ် ဖြန့် ချီ မည့် “မြန်မာ စ ကား အ ဖွင့် ကျမ်း၊ ဒုတိယတွဲ” တွင် သော်၊ ပ မှ ဟ တိုင်အောင်သော အက္ခရာစဉ်ဖြင့် ဆက်လက်ဖေါ်ပြသွားပါမည်။ ယင်းတွင် နေရာရှိသေးလျှင် ဖြည့်စွက်စကားများကိုပါ ထည့်သွင်းလိုက်ပါမည်။အကယ်၍ နေရာမရှိတော့ က၊ ဖြည့်စွက်စကားများကို သီးသန့်စုပေါင်းရိုက်နှိပ်ဖြန့်ချီပါမည်။

ဤမြန်မာစကား အဖွင့်ကျမ်းကို ရေးသား ပြုစုရာ၌ ရည်ရွယ်ချက်မှာ မြန်မာ စကားများ၏ ရင်းမြစ်တို့ကို စိစစ်ကာ အရေးမှန် အနက်မှန်တို့ကို ဖေါ်ပြပြီးလျှင်၊ မြန်မာဘာသာ၌ စိတ်ပါဝင်စား၊ လေ့လာ လိုက်စားသူတို့ အား အရေးကြီးသော မြန်မာသတ်ပုံကျမ်းများ၊ ကဗျာကျမ်းများ၊ ရှေးရှေး ကျောက်စာ, မင်စာများ၊ မြန်မာနှင့် အနွယ်တူဘာသာများ စသည်တို့နှင့် ရင်းနှီးယဉ်ပါးလာစေ၍၊ ယင်းပညာရပ်များတွင် စိတ်ပါဝင် လေ့လာလိုက် စား လာ ကြ ပြီး လျှင်၊ တရွေ့ရွေ့တဖြေးဖြေးခမ်းနားကြီးကျယ်၊ ထယ်ဝါ ခံ့ ညားသော မြန်မာဘာသာဗိမာန်ကြီးကို အပြီးတိုင် စုပေါင်းတည်ဆောက် နိုင်ကြစေရန်ဖြစ်ပေသတည်း။

(Listener's Heaven Audiobooks - အသံစာအုပ်)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

ရှေးရေစက်

ရေး - ရွှေတိုင်ညွန့် ဆို - ဝင်းဦး + မာမာအေး လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ ချောလှတယ် သဘောကောင်းတဲ့ သူကလေးရယ် အတူဆုံဖို့ နဖူးစာရေးတယ် ယုံကြည်ဖွယ် မာယာနှောကာ ပြောတတ်တဲ့သက်လှယ်ရယ် နောင်ခါဝယ် မေရှင်ကလေးကို အရေးမစိုက်မှာ အလွန်စိုးတယ် ချစ်မှာလားကွယ်  မေတ္တာထားတယ်  ရှေးရေစက် ကံဆုံတယ် တူနှစ်သွယ် ဆုံဆည်းရတယ် ချစ်စရာကောင်းသူကလေးရယ် မောင့်စိတ်ထဲမှာ စွဲလန်းတယ် အဟုတ်ကိုပြောတာလားကွယ် လိမ်ဉာဏ်တွေပိုတယ်  ကရုဏာထားတာ အဟုတ်ပါပဲ မေတ္တာထားတယ် တကယ့်ကိုပဲ မင်းအလိုရှိရင်မောင့်အသည်း ခွဲကာပေးမယ်  တွေ့ရင်တော့ဖြင့် လွမ်းအောင်ချွဲ နောက်ကွယ်ကျရင်မေ့မှာပဲ အသည်းမှာစွဲတဲ့ ပျိုမေရှင်ကို အလိုလိုက်ရလိမ့်မယ်  တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ် တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ်  ချစ်တဲ့သူရယ်  ကြိုက်တဲ့သူရယ်  ရာသက်ပန်ရွယ်ကိုးလို့သာ အရိုးကျအောင် ပေါင်းပါ့မယ်  စိုးရိမ်ဖွယ် စိုးရိမ်ဖွယ် ယောက်ျားများဟာ ဖောက်ပြားလွယ် တကယ်ကြောက်အားပိုတယ် ယုံဘူး ယုံဘူး ချစ်ဦးပျိုသက်လှယ်  လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟုတ်ရပါ။ စာ