Skip to main content

"ထွဋ် နဲ့ ထွတ်"

မန်လည်ဆရာတော်ရဲ့ မဟာသုတကာရီမဃဒေဝလင်္ကာသစ်ကျမ်း

- မကိုဋ်နဝရတ် ၊ ကျောက်စိန်ထွတ်ဖြင့် (အပိုဒ်-၁)

- သုံးလူထွတ်ချာ ၊ စောမြတ်စွာလည်း (အပိုဒ်- ၈)

- လောကသုံးဆိုင်၊ ထွတ်ဆုံးတိုင်၍ (အပိုဒ် -၁၂)

- aခါင်ဆုံးမကိုဋ်၊ ထွတ်ဆုံးစိုက်သို့(အပိုဒ်- ၁၃)

- သနင်းထွတ်ဖျား၊ တို့ဘုရားလျှင် (အပိုဒ်-၁၅)

- သမ္ဗောဓိထွတ်၊ တုလွတ်ဂုဏ်တော် (အပိုဒ် - ၁၅)

နတ်သျှင်နောင်ရတုပေါင်းချုပ်

- သုံးတိုက်ပယ်မှောင်၊ ထွတ်ဘုန်းခေါင်

- ဖြူညွန့်ရွက်ဆိုင် ၊ ပန်းရိပ်မြိုင်လျက် aရာက်တိုင်တိမ်ထွတ်၊ ပျံမတတ်တည့်။

- ခေါင်ထွတ်ဆက်ကာ ၊ မင်းတို့သာလျှင် ဆင်ရာမကိုဋ်၊ ရှင်တော်ရိုက်ဟု...။

- ချစ်ထွတ်တင်ထား ၊ သနားပါအောင် လက်ဆောင်အသက် ၊ နှင်းဆက်ချင်ချင် ဝါလုံးစင်သည်၊ လွမ်းအင်ကြီးပြန်ခဲ့တကား။

အရှင်မဟာရဋ္ဌသာရ၏ စတုဓမ္မသာရကိုးခန်းပျို့

- မြေမိုးရပ်သူ ၊ လူခပ်သိမ်းတို့ညွတ်တိမ်းပူဇော် ၊ ကျေးဇူးတော်လည်း

နှိုင်းဘော်တုကျွန်း၊ မြင့်မိုရ်ထွန်းသို့ရဟန်းမျာ့ထွတ်၊ သုံးလူ့နတ်ကား။ (အပိုဒ်- ၁)

- ဆွေရင်းခင်ပွန်း၊ ငယ်ကမှန်း၍ ရွှေနန်းထွတ်ခေါင်၊ စိုးချုပ်အောင်လျှင် ...။ (အပိုဒ်- ၇)

- ရထားထက်က၊ ဆင်းသက်လျင်ပြင်း ပညောင်ရင်းသို့၊ ကပ်လျှင်းတုံလတ်

ပုဏ္ဏားထွတ်ကား။ (အပိုဒ်- ၉)

နဝဒေးကြီးရဲ့ ရတုများ

- သုံးဖြာဗွေထွတ် ၊ ခေါင်တုလွတ်ကို ရှိဝတ်ဦးတည် ၊ လျှောက်ဝံ့သည်ကား...။

- ရွှေရောင် နှင့် မြ၊ ရောင်တိုင်းလှသော် မှိုင်းပြထက်ဝန်း၊ နှင်းသာဖြန်းက ရန်းရန်းရွရွ၊ ဆွဆွဖြူထွား ပုလဲပွားသို ၊ ချရားမဉ္ဇူ ခိုင်စုံတူကို ၊ ဆက်လှူရည်ထင်

လှထွတ်တင်နှင့်၊ ရွှေရင်ရစ်ခွေ စုံလွယ်စေလော့။

ပဒေသရာဇာရဲ့ သူဇာပျို့

- ရွှေနန်းများရှင်၊ ဘုရင်များမှုး ဘုန်းမြူးရောင်ဝှန်၊ ရွှေဉာဏ်တုလွတ် မြင်တိုင်းတတ်သည်၊ အထွတ်မှန်ကူ ပေးတော်မူမှ။ (အပိုဒ်- ၁)

- နဂါးနတ်ရှင်၊ ငါပင်ကိုယ်ကား တခြားပြည်က၊ ပါပမိစ္ဆာ ပုဏ္ဏားလာ၍၊ တေဇာကြီးထွတ် မန္တာန်မြတ်ကို၊ ရွတ်ဘိသော့ထွေ။ (အပိုဒ်-၈)

- ထိုအခါဝယ်၊ ဟေမာဂီရိ အမည်ရှိသည် ၊ ထွန်းညိပြောင်ပြောင် ရွှေစင်တောင်ကို ၊ ထွတ်ခေါင်ပိုင်စိုး (အပိုဒ်-၁ဝ)

တွင်းသင်းတိုက်ဝန်ရဲ့ မုဒုလက္ခဏပျို့

- ဘီလူးသိကြား၊ တိမ်ထွတ်ဖျားက (အပိုဒ်- ၂၈)

- မင်းကြီးမေးဟန်၊ ကြားလသွန်သော် သုံးတန်ဘုံသူ၊ လူတို့အထွတ်

ပွင့်မည့်နတ်လည်း၊ ပြတ်ပြတ်သံချို မိန့်လဆို၏။ (အပိုဒ်- ၅၂)၏

အရှင်မဟာသီလဝံသဆရာတော်ရဲ့ ပါရမီတော်ခန်း

- ဗောဓိမဏ္ဍိုင်၊ ခန်းဝါပိုင်က ချက်ရိုင်ပြည့်စုံ၊ နဝဂုဏ်တည့် ဆန်စုန်အောက်ထက်၊ ကျောက်ဝှန်တက်၍ ဘဝဂ်ရပ်သူ၊ သယမ္ဘူဟု

ခြောက်ဆူဘုံထွတ်၊ အနတ်နတ်တို့။ (အပိုဒ် -၁)

စိန္တကျော်သူဦးသြရဲ့ သြဝါဒထူးပျို့

- ပြည်ကြီးအရှင်၊ ထွဋ်သခင်ကား ၊ လူတွင်ခေါင်ထိ၊ သမုတိဟု၊ မည်ရှိနတ်စစ်၊ မြတ်ဆုံးဖြစ်ရှင့်။ (အပိုဒ်-၁)

- ရန်နင်းထွတ်ဖျား၊ မင်းတို့အားမူ၊ ပွားများဝှန်ဖြိုး၊ တန်ခိုးလွန်မင်း၊ ကြီးမြတ်ခြင်းတည်း။ (အပိုဒ်-၃၃)

- ပြည်သူ့တမွတ်၊ လောကနတ်နှင့်၊ အထွတ်ညာတင်၊ ရှင်မိဖုရား။ (အပိုဒ် ၄ဝ)

ဘဒူမင်းညိုရဲ့ ရခိုင်မင်းသမီးဧးချင်း

ရမ်းဗြဲကျွန်း၊ သရက်ချောင်းမူကတော့ (ထွဋ်) လို့စာလုံးပေါင်းပါတယ်။သူ့အယူအဆနဲ့သူဖြစ်မယ်ထင်ပါတယ်။

- မဟာသမတ်၊ နွယ်မပြတ်လျှင်၊ အထွဋ် (ထွတ်) ထိပ်မိုး၊ ဖြိုင်ဖြိုင်စိုးသည်၊ မျိုးလည်းလွန်မြောက်။ (အပိုဒ်-၂)

၁၉၆၃ ခုနှစ်ထုတ် ဟံသာဝတီတိုက်ထုတ် လောကသာရပျို့နဲ့အဖြေ

- ဘုရား တရား သံဃာ၊ ရတနာထွတ်ထား မြတ်သုံးပါးကို။ (အပိုဒ်- ၁)

လောကသာရပျို့အဖြေရေးဆရာညီနောင် (အမိန့်တော်ရရှေ့နေ ဦးသီး၊ စာတော်ပြန်-မြို့အုပ် ဦးဘိုးဖြူ) က ရတနာထွတ်ထားကိုရှင်းပြရာမှာ ဋသံလျှင်းချိတ်အသတ်နဲ့ထွဋ်ဟာမြန်မာမှုမဆန်၊ တဝမ်းပူသတ်အသတ်နဲ့ထွတ်ကသာ မြန်မာမှုမြန်မာဟန်ဆန်တယ်လို့ မိန့်ကြပါတယ်။ သူတို့ရဲ့ ရှင်းချက်ကို ဖတ်ပါ။

"ထွတ် = အထိပ်-အဖျား-အမြတ်။ ယင်းထွတ်ဟူသော ဝေါဟာရသည် မြန်မာဘာသာသက်သက်ဖြစ်၍ တဝမ်းပူသတ်နှင့်သာ သင့်လျော်သည်။ အချို့က မကုဋသဒ္ဒါအရ မကိုဋ်တွင် ဋသံလျှင်းချိတ်သည်ကို အမှီပြု၍ ထွတ်ဟူသောစကားကို မကိုဋ်ဟူသောစကားနှင့်အဓိပ္ပါယ်တူယူပြီးလျှင် ဋသံလျှင်းချိတ်သတ်

ရေးပြုလေ့ရှိကြသည်။ ထွတ်-ဟူသောဝေါဟာရသည် မကုဋသဒ္ဒါပျက်မဟုတ်ကြောင်း သဒ္ဒနုသာရီသတ်ပုံဖြင့် သိအပ်၏။"

ဘွဲ့အမည် လူအမည်များ -

ထွဋ်ခေါင်ဆရာတော်

စန္ဒရားလှထွဋ်၊

ဇော်ဝင်းထွဋ်၊ 

ဗိုလ်ရဲထွဋ်၊

ရှင်ရဲထွတ်

အမရဒီပ ကျေးဇူး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

အဘရောဂါ ကျဆုံးပါစေ

ဒီစာကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အခါတရာလောက်တင်ပြီးသား။ စစ်ယူနီဖေါင်းနဲ့လူတွေ့တိုင်း အဘခေါ်ခိုင်းတာ နဝတ ခေတ်ကစတယ်။ နောက်တော့ လူတွေ့တိုင်း အဘဖြစ်လာတယ်။  ကိုယ့်အဖွားမှာ အိမ်ထောင်ဘက်တွေ များရော။ မလုပ်ကောင်းပါ။ ကန်တော့။ မြန်မာစာမှာပါ အဘရောဂါ ကူးစက်လာတယ်။ အခုဘဲ တယောက်က အဘ။ အဘအသုံးဟာ ယဉ်ကျေးမှု စသဖြင့် အရင်လူတွေရေးသလို ရေးလာပြန်တယ်။ အဘအသုံး နည်းလာပြီ။ အသစ်က Hi နဲ့ နော်။  စောစောက ထပ်မံတင်ပြသေးတယ်။ သားနဲ့ သမီး။ ကျွန်တော်၊ ကျနော်၊ ကျမ၊ ဗျ၊ ခင်ဗျ၊ ခင်ဗျာ၊ ရှင်၊ ရှင့် အသုံးတွေ ပျောက်ကွယ်လာလာတာအတွက် အင်မတန် နှမြောပါတယ်။  အဘမခေါ်ရမနေနိုင်သူတွေ ကျွန်တော့ဆီတော့ စာမရေးသားကြစေလိုပါ။ အခေါ်ခံချင်သူတွေ အများကြီး။  သူများကိုအဘခေါ်သူတွေ ကြီးလာရင် အဘလိုလုပ်ကြလိမ့်မယ်။ အဘရောဂါ ပျောက်ပါစေသတည်း။ အဘခေတ် ကျဆုံးပါစေသတည်း။ ယဉ်ကျေးမှုဖြစ်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ပြန်မရေးစေလိုပါ။ ဆရာဝန်ကို ဆရာလို့ မခေါ်ချင်သူတွေလည်း မမေးကြစေလိုပါ။ ဒေါက်တာတင့်ဆွေ