အသိပညာတုံးတဲ့သူကို တုန်း အစား တုံး လို့ပြောင်လှောင်ရေးလေ့ရှိတယ်။
အသုံးမကျတဲ့ စည်းမျဉ်းတွေရေးဆွဲခိုင်းတာကို လှောင်ပြောင်ချင်တော့ စီးမြင်းဆွဲဝန်ကြီး လို့ ရေးပါတယ်။
ဇွတ်တရွတ် ရေးသော ကာတွန်းဆရာ စည်းမျဉ်းဆွဲနေသော ဝန်ကြီး
စည်းမျဉ်းများ တဆွဲထဲဆွဲနေသောအချိန်တွင် စည်းမျဉ်းဆွဲနေသော ဝန်ကြီးတဦး၏ပုံကို ရေးဆွဲပေးပို့ရန် မှာကြားလိုက်သော ကျွန်ုပ်၏ ဇွတ်တရွတ် ကာတွန်းဆရာတယောက်က အထက်ပါပုံအတိုင်း ရေးဆွဲပေးလိုက်လေသည်။
မှတ်ချက် -
ယခုခေတ်ကာတွန်းဆရာ ဇွတ်"တစ်"ရွတ်သည် ဝန်ကြီး"တစ်"ဦး၏ပုံကိုသာ "တစ်"ဆွဲထဲဆွဲနေပါသည်။ စီးမြင်းတကောင်ပုံကို ရေးဆွဲရဲ့သည့် အစွမ်းသတ္တိကိုမူကား မီးခဲပြာဖုံးလုပ်နေပါတော့သည်။
(ပုံအတွက် ကျေးဇူး။ ယခင်က တကြိမ် တင်ပြဘူးပါသည်။)
ဒေါက်တာတင့်ဆွေ
Comments
Post a Comment