ကျွန်မတို့လို ၁၉၇၀ နှင့်အထက်ဝန်းကျင်မှာ မွေးဖွားသူတွေ အားလုံး တလုံး၊ တခု ကို တစ်လုံး၊ တစ်ခု လို့ သင်ယူခဲ့ကြရလို့ အခုလို ကွဲပြားနေကြတယ် ထင်ပါတယ်ရှင့်။ ငယ်ငယ်ကဆို တခု/တယောက် လို့ ရေးမိလျှင်တောင် ဆရာမတွေက ပြင်းပြင်းထန်ထန် ဆူတာ မာန်တာ ခံခဲ့ ရဘူးတာ မှတ်မိနေပါတယ်။
အာဏာရဲ့သဘောက အဲလိုဘဲ။ မှန်တာ မှားတာ အရေးမကြီး အာဏာတည်ရေးသာ အလေးထားတယ်။
အခုချိန်မှာ နိုင်ငံတော်သတင်းစာမှာ သတ်ပုံမှန်နဲ့ ဆောင်းပါး ထည့်ပေးမှာမဟုတ်ပါ။
စာပေစိစစ်ရေးမရှိတော့တာကို မသိချင်ယောင်ဆောင်ကြတဲ့ ပုံနှိပ်တိုက်တွေကလည်း သတ်ပုံမှန်စာအုပ် ထုတ်ပေးမှာ မဟုတ်ပါ။
ရိုသေကျိုးနွံကြတဲ့ တစ်ဆိုတစ်မှ မြန်မာစာအရာရှိကြီးတွေ ကုလားထိုင်နေရာ မြဲတယ်။
ဘယ်ခေတ်မှာမဆို နေတတ်သူတွေ အနေချောင်ပြီး ကြီးပွားကြပါတယ်။
မြန်မာစာခင်မြာမှာတော့ မျိုချရခက်နေတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment