- မိန်းမတွေဟာ
- မိဘတွေဟာ
- သားသမီးတွေဟာ
- ဘုန်ကြီးတွေဟာ စသဖြင့် ဆိုးတယ်၊ ကောင်းတယ်လို့ တင်ထားကြတာမျိုး ခဏခဏတွေ့ရတယ်။
အဲလိုကောက်ချက်ဆွဲတာကို ဝါးလုံးသိမ်းမှတ်ချက်လို့ ခေါ်တယ်။ တက္ကသိုလ်ပြဋ္ဌာန်း အခြေခံ ယုတ္တိဗဒေ စာအုပ်မှာတော့ ဝိုင်းကြီးချုပ်ကောက်ချက်ဆွဲခြင်းလို့ ဆိုပါတယ်။
ဘယ်လိုအဖြစ်အပျက်ကိုမဆို ယုတ္တိတန်တဲ့ ခြုံငုံဆင်ခြင်မှုဖြစ်အောင် လုပ်ကြရပါတယ်။
မေးခွန်းတွေလာတယ်။ (က) ရောဂါတွေ အရမ်းဖြစ်နေကြတယ်။ (ခ) ရောဂါတွေ တရွာလုံးဖြစ်နေကြတယ်၊ (ဂ) ဆေးနဲ့ ပျောက်တယ် စသဖြင့် ရေးကြတာတွေကို ဖတ်ရတယ်။
မှန်ကန်တဲ့ကောက်ချက်အတွက် အဲလိုလောက်နဲ့ မရပါ။
တယောက်စ နှစ်ယောက်၊ ဆယ်ဦးဆယ့်ငါးဦးနဲ့ အကုန်လို့ ပြောတာ မမှန်ပါ။
အကြောင်းအရာတိုင်းမှာ ချွင်းချက်တွေ ရှိတယ်။
အထက်မှာ တင်ပြထာတဲ့ ယောက်ျား၊ မိန်းမ စတာတွေထဲမှာ ကောင်းသူ၊ သင့်သူ၊ ဆိုးသူတွေ အုပ်စုတိုင်းမှာ ပါမယ်။
ကမ္ဘာမှာ အကောင်းဆုံးဆိုတဲ့ ဖိုက်ဇာကထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေးဟာ ကိုဗစ်ကူးစက်ခံရသူတွေ ဆေးရုံတက်ရနှုန်း ၇၆-၇၉% နည်းစေတယ်။ သေဆုံးမှုနှုန်း ၇၆-၈၅% နည်းစေတယ်။ ၁၀၀% ဆိုတာ မရှိပါ။
တင်ပြလိုတာက ကောင်းတယ်၊ ဆိုးတယ်စတဲ့ ကောက်ချက်ကို ခပ်လွယ်လွယ် ခပ်ပေါပေါ့ မချသင့်ကြပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment