Skip to main content

ကျိန်စာသင့်သော တဝမ်းပူ

တိုင်းပြည်လွတ်လပ်ရေးရပြီးစမှာ မွေးကြတဲ့ ကျွန်တော်တို့မျိုးဆက်က တသက်လုံး တဆူ၊ တပါး၊ တဦး၊ တယောက်၊ တခု၊ တကောင်လို့သာ သင်ယူကြရ၊ ရေးသားကြရ၊ ဖတ်ခဲ့ကြရပါတယ်။ 

၁၉၉၁ ခုနှစ်ထုတ် မြန်မာအဘိဓာန်အသစ်ထဲမှာ တဝမ်းပူ ၇၀% လောက်ကို မလိုအပ်ဘဲ စသတ်ထားတာ တွေ့တော့ အံသြကြရတယ်။

တဝမ်းပူတွေကို စသတ်နဲ့ရေးရမယ်လို့ အထက်မိန့်ကို ၁၉၈၆ ခုနှစ်လောက်ကစပြီး ထုတ်ထားတယ်လို့ တလောက နိုင်ငံတော်သတင်းစာပါ ဆောင်းပါးတပုဒ် အရ သိလာရတယ်။ သြော်။

၁၉၈၈ ခုနှစ်နောက်စပြီး မူရင်းစာအုပ်တွေမှာ တ နဲ့ ပုံနှိပ်ထားတာကို တစ် နဲ့ ပြန်ရိုက်မှသာ ထုတ်ဝေခွင့်ရတယ်။

ကျောင်းသုံးစာအုပ်တွေထဲမှာလည်း ဂန္ထဝင်ကဗျာတွေထဲက တဝမ်းပူမှန်သမျှကို စသတ်ပြီး သင်ကြားတော့တယ်။ 

ဆရာဆရာမတွေအကုန် တစ်ကြရတယ်။ မဟုတ်ရင် အလုပ်ပြုတ်မယ်။ ကျောင်းသူကျောင်းသားတွေအကုန် တစ်ကြရတယ်။ မဟုတ်ရင် စာမေးပွဲကျမယ်။

လူတိုင်းက စာရေးတိုင်း အဘိဓာန်ကို မလှန်အားကြပါ။ အတုမြင် အတတ်သင်ကြရတယ်။

ဆယ်စုနှစ် ၁ ခုလောက်ကြာတော့ တဝမ်းပူ ၇၅% လောက်ကို စသတ်လာကြတယ်။

ဆယ်စုနှစ် ၂ ခုလောက်ကြာတော့ တဝမ်းပူ ၈၀% လောက်ကို စသတ်လာကြတယ်။

ဆယ်စုနှစ် ၃ ခုလောက်ကြာတော့ တဝမ်းပူ ၈၅% လောက်ကို စသတ်လာကြတယ်။

ဆရာဆရာမတွေသာမက စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ အယ်ဒီတာတွေအကုန် တဝမ်းပူကို အလွတ်မပေးဘဲ စသတ်တဲ့အကျင့်က ခိုင်မြဲလာတယ်။ နိုင်ငံတော်အာဏာစက်အောက်မှာ ဘယ်သူမှ လွန်ဆန်လို့မရ။ မြန်မာစာပါရဂူဘွဲကလည်း တဝမ်းပူကို စသတ်မှ ရတယ်။

တဝမ်းပူကို စသတ်တဲ့ အမှားတခုတည်းသာ မကပါ။ မူကွဲစာလုံးတွေလည်း တည်ရှိခွင့် မရတော့ပါ။

လူတိုင်းကတော့ မညံ့ပါ။ 

တဖြည်းဖြည်းနဲ့ မှန်အောင်ရေးတတ်သူတွေနဲ့ မှန်အောင်ရေးရဲသူဦးရေ တစတစ တိုးတိုးလာပါတယ်။ လွန်ခဲ့တဲ့ တနှစ်အတွင်း တဝမ်းပူတွေ တလုံးပြီးတလုံး လွတ်လပ်လာကြတယ်။ အရင်ကဆိုရင် ဖေ့စ်ဘွတ်မှာ စာလုံးပေါင်းသတ်ပုံ မှန်တာကို သက်သေခံအဖြစ်တင်ပြဘို့ အတော်ကိုလိုက်ရှာရတယ်။ အခုတော့ တလနှစ်လအတွင်းမှာ တကူးတက လိုက်ရှာစရာ မလိုသလောက် မှန်ကန်လာတယ်။

စာအုပ်သစ်တွေကတော မှန်အောင်ရေးတာ တအုပ်စ နှစ်အုပ်စသာ ရှိသေးတယ်။ လာပါလိမ့်မယ်။

အခုတော့ ခက်သေးတယ်။ မြန်မာစာအထက်မှာ အာဏာစက်ရှိလို့။

ပညာကို ပညာနဲ့ ဆန်းစစ်၊ လေ့လာ၊ သင်ကြား၊ ငြင်းခုန်ခွင့်တွေ ပြန်လည်ထွန်းကားလာချိန်မှာ တဝမ်းပူလည်း ကျိန်စာသင့်ရာက လွတ်မြောက်လာမယ်။

အခုစာရေးချိန်မှာ တချို့က မျိုချရခက်တဲ့ စိန်တလုံးသရက်သီးကိုသာ ကြိုက်နေကြသေးတယ်။ မူလလက်ဟောင်း ဗိုလ်တထောင်ဘုရားကို မလေးစားသူတချို့ ရှိနေသေးတယ်။

Cursed: Season 1 – Review | Netflix Fantasy Series | Heaven of Horror

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

အဘရောဂါ ကျဆုံးပါစေ

ဒီစာကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အခါတရာလောက်တင်ပြီးသား။ စစ်ယူနီဖေါင်းနဲ့လူတွေ့တိုင်း အဘခေါ်ခိုင်းတာ နဝတ ခေတ်ကစတယ်။ နောက်တော့ လူတွေ့တိုင်း အဘဖြစ်လာတယ်။  ကိုယ့်အဖွားမှာ အိမ်ထောင်ဘက်တွေ များရော။ မလုပ်ကောင်းပါ။ ကန်တော့။ မြန်မာစာမှာပါ အဘရောဂါ ကူးစက်လာတယ်။ အခုဘဲ တယောက်က အဘ။ အဘအသုံးဟာ ယဉ်ကျေးမှု စသဖြင့် အရင်လူတွေရေးသလို ရေးလာပြန်တယ်။ အဘအသုံး နည်းလာပြီ။ အသစ်က Hi နဲ့ နော်။  စောစောက ထပ်မံတင်ပြသေးတယ်။ သားနဲ့ သမီး။ ကျွန်တော်၊ ကျနော်၊ ကျမ၊ ဗျ၊ ခင်ဗျ၊ ခင်ဗျာ၊ ရှင်၊ ရှင့် အသုံးတွေ ပျောက်ကွယ်လာလာတာအတွက် အင်မတန် နှမြောပါတယ်။  အဘမခေါ်ရမနေနိုင်သူတွေ ကျွန်တော့ဆီတော့ စာမရေးသားကြစေလိုပါ။ အခေါ်ခံချင်သူတွေ အများကြီး။  သူများကိုအဘခေါ်သူတွေ ကြီးလာရင် အဘလိုလုပ်ကြလိမ့်မယ်။ အဘရောဂါ ပျောက်ပါစေသတည်း။ အဘခေတ် ကျဆုံးပါစေသတည်း။ ယဉ်ကျေးမှုဖြစ်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ပြန်မရေးစေလိုပါ။ ဆရာဝန်ကို ဆရာလို့ မခေါ်ချင်သူတွေလည်း မမေးကြစေလိုပါ။ ဒေါက်တာတင့်ဆွေ