Skip to main content

ရေ နဲ့ ရည်

၁။ အသက် ၄၀၊ ၅၀ ကျော်လာပြီ ဆိုရင် အသားအရည် (အသားအရေ)ဟာ တင်းတင်းရင်းရင်းမရှိတော့ဘဲ စတင် တွဲကျလာတာကို သတိထားမိကြပါလိမ့်မယ်။ သိသာတဲ့နေရာတွေကတော့ လည်ပင်း၊ မျက်ခွံ စတင်တွဲကျလာခြင်း၊ မျက်နှာမှာ အသားအရည် (အသားအရေ) လျော့ကျလာခြင်းဖြစ်ပါတယ်။

၂။ အရည်အတွက် ထုပ်ပြန်နေပြန်ပြီ ဆရာ။ အရည်အချင်း အရည်အသွေး နဲ့ ရောနှောပြီး အရေအတွက်ကို အရည်အတွက်လို့ ရေးမိလေသလားခင်ဗျား။

ထုတ်ပြန်လို့ ရေးရတယ်။ အရေအတွက်လို့ ရေးရတယ်။

၃။ တချို့က ထန်းရည်ရပြီ တမြူလောက်ဗျို့။ တချို့က ထန်းရေရပြီတဲ့။ ရည်နဲ့ ရေ ဒေသအလိုက် အခေါ်အဝေါ်တော့ ကွဲပြားနေတယ်ဆရာ

၄။ ဆရာ အရည်ပြားနဲ့ပတ်သက်ပြီး မေးလို့ရလားခင်ဗျ

၅။ သရေစာ မဟုတ်။ သွားရေစာ မဟုတ်။ သွားရည်စာလို့ ရေးရ။

၆။ အရေခွံ၊ အရည်ခွံ ဘယ်ဟာအမှန်ပါလဲဆရာ။ (အရေခွံ မှန်)

၇။ စကားရေလုပွဲလို့ ရေးထားတဲ့စာမျက်နှာတခု တွေ့တယ်။ စကားရည်လုပွဲလို့ ရေးရပါမယ်။ ၈။ တကိုယ်ရေသန့်ရှင်းရေး ကိုလည်း လွဲရေးတတ်ကြတယ်။ 

၈။ ဆရာရှင့် တခုခုစားချင်လို့ ကျတဲ့ဟာ သွားရည် သရေ သရည် ဘယ်ဟာအမှန်လဲရှင့်။ (သွားရည် မှန်)

၉။ အရိုးပေါ်အရည်တင် မဟုတ်ပါ။ အရိုးပေါ်အရေတင် လို့ ရေးရ။ 

ကဓိဓဇသတ်ပုံကျမ်းမှာ သားရေစာ၊ သားရေယိုရွှဲး လို့ပါတယ်။ နောက်ပိုင်းမှာ သွားရည်၊ သွားရည်ကျ၊ သွားရည်ယိုလို့ ရေးလာကြတယ်။

သရေ = သီရိ (ပြည့်စုံတင့်တယ်ခြင်း၊ ကြက်သရေ)

တဂိုးစီ သရေကျ။

မြန်မာ့သွားရည်စာ မုံ့စိန်းပေါင်း

ရည်

ခေါင်ရည်

ဂုဏ်ရည်

စွမ်းရည်

ထန်းရည်အရက်

နှလုံးရည်

ပညာရည်ချွန်ဆု

ပန်းရည်စုတ်

ပုန်းရည်

ဖျော်ရည်

မျက်ရည်

ရည်ငံချစ်ကြိုက်

ရည်စူးသည်

ရည်စောင်သည်

ရည်ညွှန်း

ရည်ညွှန်းချက်

ရည်တူသည်

ရည်မျှော်

ရည်မွန်သည်

ရည်မှတ်

ရည်မှန်းသည်

ရည်ရွယ်ချက်

ရည်ရွယ်သည်

ရည်ရော်

ရည်သန်သည်

ရွှေရည်ငွေရည်

ရုပ်ရည်

လက်ရုံးရည်

သေရည်သေရက်

အရည်အချင်း

အရည်အသွေး

ရေ

ကြက်သရေ (ကျက်သရေ)

ခရေပင်

ခေတ်စကား ဆန်ရေ

ခေါင်းလျှော်ရည်

စီးတဲ့ရေ ဆည်တဲ့ကန်သင်း

ဆန်ဆေးရေ ထမင်းရည်

ညသိပ်ရေ ရေသိုးနံ့

ညောင်ရေသွန်းပွဲ

တမြေတည်းနေ တရေတည်းသောက်

တရားရေအေး အမြိုက်ဆေး

တရေသွန်ပြီးထပ်တည်

'တောင်ကျရေနွားနှစ်ကောင်ဝသော်လည်း

တောင်စဉ်ရေမရ

ပါးရည်နပ်ရည်

မျက်နှာသစ်တော်ရေ

မရေမရာမလုပ်နဲ့

ရေ သောက်ပါ

ရေကင်းသံ

ရေကစား

ရေကျက်အေး

ရေကျိုငါးပိ

ရေကျောက်ရောဂါ

ရေကြက်ငှက်

ရေကြည်တော်အသင်း

ရေကြည်မြို့

ရေကြော မြေကြောလိုက်

ရေကြောင်းပြ ရေစူး

ရေကာတာ

ရေကုန်ရေခန်း

ရေခန်းခြောက်

ရေခပ်ပါ

ရေချမ်းစင်

ရေချိုးပါ

ရေခအုံးပင်

ရေခဲခြစ်

ရေခဲမုန့် ရေခဲသုပ်

ရေခဲရေ ရေခဲတောင်

ရေခဲသေတ္တာ ရေခဲခန်း

ရေငတ်ပြေ

ရေငန် ရေချို

ရေငုပ်သင်္ဘော

ရေစက်ချ အမျှဝေ

ရေစင်းစင်းသေ

ရေစိမ်း

ရေစီးကမ်းပြို

ရေစီးကြောင်း ရေစီးသန်

ရေစီးတခါ ရေသာတလှည့်

ရေစုန်ရေဆန်

ရေစုပ်စက် ရေစည်လှည်း

ရေဆွတ်

ရေဆုံးကုန်းဆုံး

ရေဆူဆန်ခတ်

ရေညှိ

ရေညာ

ရေတံခွန်

ရေတံခါး ရေလွှဲပေါက်

ရေတံလျှောက်

ရေတကောင်း

ရေတွက်သည်

ရေတွင်းရေကန်

ရေတာရှည်မြို့

ရေတိမ်နစ်သည်

ရေတိမ်ရောဂါ

ရေတိုးရေလျှံ ရေဝဲ

ရေဒါ

ရေဒီယို

ရေနံ့သာရွာ

ရေနံကြီး (ရေနံချေး)

ရေနံချောင်းမြို့

ရေနွေးကရားမှာရေချိုးကပ်

ရေနွေးဖြော

ရေနှစ်နဲ့ရေဖြန်းခရိယာန်

ရေနုတ်မြောင်း ရေဆိုးမြောင်း

ရေပက်ဖျန်း

ရေပန်းစား

ရေပြင်ညီ

ရေပြန် (ဆီး၊ ကျင်ငယ်)

ရေပုံး

ရေပူစမ်း

ရေဖတ်တိုက်

ရေဖျဉ်းနာ

ရေဖျန်း

ရေဗလုံငှက်

ရေဘဝဲ

ရေဘဝဲ

ရေဘုံဘိုင် ရေပိုက်ခေါင်း

ရေဘောင်ဘင်ခတ်

ရေမန်း ရေတော်ကပ်

ရေမျက်နှာပြင်

ရေမျိုချပါ

ရေမျောကမ်းတင်

ရေမြွှာရည်

ရေမြှုပ်

ရေမှုတ်

ရေမှုန်

ရေယက်

ရေယဉ်ကြော

ရေယုန်နာ

ရေရွတ်ဆဲရေးသည်

ရေရွတ်နေသည်

ရေရေလည်လည်

ရေလက်ကြား

ရေလည်ဆီလည်

ရေလည်နှံ့စပ်

ရေလည်ပြီလား

ရေလမ်းခရီး ရေဆိပ်

ရေလှောင်ကန် ရေကူးကန်

ရေလာမြောင်းပေး

ရေလိုက်ငါးလိုက်သမားတွေကများ

ရေလိုက်လွဲရင်တော့ကိစ္စများ

ရေလုံပြုတ်

ရေလဲဝတ်

ရေဝင်ရေထွက်

ရေဝတီဂျူးလူမျိုး

ရေဝတီနက္ခတ်

ရေဝပ်နေသည်

ရေဝေးသုသာန်

ရေဝေကြော

ရေဝေကုန်းတန်း

ရေသန့်ဗူး ရေဗူး ရေပလုတ်ကျင်း

ရေသနုပ်

ရေသပ္ပာယ်ပါ

ရေသဖန်းပင်

ရေသဘင်ပွဲ သင်္ကြန်ရေ အတာရေ

ရေသွင်းရေထုတ်

ရေသွန်ချသည်

ရေသာခို လှေကြုံလိုက်

ရေသူမ

ရေသောက်မြစ်

ရေအနည်

ရေအလျဉ်

ရေအိမ်

ရေအိုးစင်

ရေအိုက်နေ ရေမလုံရေယို

ရေအီနေသည်

ရေဦးမြို့

လက်ရေတပြင်တည်း

လူရည်လည်လုပ်

သားရေနယ်လုပ်ငန်း

သောက်တော်ရေ ချိုးတော်ရေ

အများသောက်တဲ့မိုးခါးရေ

အရည်အချင်း

အရည်အချင်းကအရေအတွက်ထက်

အရည်အသွေး

အရေပြားရောဂါ

အရေအတွက်

အသရေဖျက်

အသားအရေ

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

အဘရောဂါ ကျဆုံးပါစေ

ဒီစာကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အခါတရာလောက်တင်ပြီးသား။ စစ်ယူနီဖေါင်းနဲ့လူတွေ့တိုင်း အဘခေါ်ခိုင်းတာ နဝတ ခေတ်ကစတယ်။ နောက်တော့ လူတွေ့တိုင်း အဘဖြစ်လာတယ်။  ကိုယ့်အဖွားမှာ အိမ်ထောင်ဘက်တွေ များရော။ မလုပ်ကောင်းပါ။ ကန်တော့။ မြန်မာစာမှာပါ အဘရောဂါ ကူးစက်လာတယ်။ အခုဘဲ တယောက်က အဘ။ အဘအသုံးဟာ ယဉ်ကျေးမှု စသဖြင့် အရင်လူတွေရေးသလို ရေးလာပြန်တယ်။ အဘအသုံး နည်းလာပြီ။ အသစ်က Hi နဲ့ နော်။  စောစောက ထပ်မံတင်ပြသေးတယ်။ သားနဲ့ သမီး။ ကျွန်တော်၊ ကျနော်၊ ကျမ၊ ဗျ၊ ခင်ဗျ၊ ခင်ဗျာ၊ ရှင်၊ ရှင့် အသုံးတွေ ပျောက်ကွယ်လာလာတာအတွက် အင်မတန် နှမြောပါတယ်။  အဘမခေါ်ရမနေနိုင်သူတွေ ကျွန်တော့ဆီတော့ စာမရေးသားကြစေလိုပါ။ အခေါ်ခံချင်သူတွေ အများကြီး။  သူများကိုအဘခေါ်သူတွေ ကြီးလာရင် အဘလိုလုပ်ကြလိမ့်မယ်။ အဘရောဂါ ပျောက်ပါစေသတည်း။ အဘခေတ် ကျဆုံးပါစေသတည်း။ ယဉ်ကျေးမှုဖြစ်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ပြန်မရေးစေလိုပါ။ ဆရာဝန်ကို ဆရာလို့ မခေါ်ချင်သူတွေလည်း မမေးကြစေလိုပါ။ ဒေါက်တာတင့်ဆွေ