ဆောရီး။ အခုနေရာကို ၂၉ ရက်တိတိ သုံးလို့မရခဲ့ပါ။
ကျွန်တော်ကနေ အမှားပြင်ပေးခဲ့ရသူတွေ သက်သာရာရသွားကြလိမ့်မယ်။
အခုလို အသိပေးတော့ ဖေ့စ်ဘွတ်ကို မသုံးဘဲနေရကောင်းလေမလား တမိနစ်လောက် စဉ်းစားလိုက်တယ်။
ဆက်ပြီး စဉ်းစားပါတယ်။ မြန်မာစာအကြောင်း ရေးနေတာ ၉ နှစ်ထဲရောက်ပြီ။ ပဌမ ၈ နှစ်မှာ မထူးခြားသလောက်သာ မှန်လာတယ်။ မကြာသေးခင်က မှန်အောင်ရေးတာတွေ များလာတာ သိသားတယ်။
၂၉ ရက်အတွင်းမှာ သုံးခဲ့တဲ့နေရာနဲ့ဆက်နေတဲ့ ဖေ့စ်ဘွတ်မှာ မှန်အောင်ရေးတာတွေကို အရင်ကလို တကူးတက လိုက်ရှာမနေရတော့ဘဲ တွေ့လာတယ်။
ကင်ဆာနေရာတွေက သတ်ပုံပြင်ပေးတာကို သဘောမကျလို့ ကင်ဆာလူနာတွေနဲ့ ဆရာဝန် အဆက်အသွယ် ပြတ်သွားတယ်။
ကျွန်တော်ပြင်ပေးတာကို သဘောမကျသူတိုင်းက ပြင်ပေးတာကို ဖျက်နိုင်တယ်။ ပြင်ပေးသူကိုလည်း ဘလော့နိုင်ကြပါတယ်။ စိတ်မခုပါ။
စာရေးရင် မှားတတ်သူတွေထဲမှာ ကျွန်တော်လည်း ပါတယ်။ မှားမှန်းသိတာနဲ့ အကုန်လိုက်ပြင်ပါတယ်။ အကုန်ဆိုတာ -
- ဖေ့စ်ဘွတ် ၂ နေရာ
- ဖေ့စ်ဘွတ် စာမျက်နှာ
- တယ်လီဂရမ်
- ဘလော့ဂ်
၄-၅ နေရာပြင်ရပါတယ်။
မြန်မာစာကင်ဆာကိုတော့ ဆက်ကုပါဦးမယ်။ ဆောရီး။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment