Skip to main content

Life Ups and Downs မနေတတ်သလိုဖြစ်နေသည်

မအိပ်မချင်း တနေကုန်နီးပါး ဖေ့စ်ဘွတ်၊ ဘလော့ဂ်နဲ့ တယ်လီဂရမ်မှာ မေးတာတွေကိုဖြေ၊ ရေးလိုတာ ရေးပြီးတင်ခြင်းဟာ ကျွန်တော့ရဲ့ ယူအက်စ်အေမှာ ၁၀ နှစ်တာ နိစ္စဓူဝအလုပ်ဖြစ်ပါသည်။ 

နှစ်ပေါင်းများစွာသုံးနေတဲ့ ဖေ့စ်ဘွတ်ကို လွန်ခဲ့တဲ့ တလကစပြီး ရက်ပေါင်း ၁၈၀ ပိတ်သည်။ 

မနေတတ်လို့ အဟောင်းတခု ပြန်သုံးသည်။ ခဏနေတော့ အဲဒါကိုပါ ၂၉ ရက် ပိတ်ပင်ခြင်းခံရသည်။

ဇွဲမလျှော့ပါ။ ၄ နှစ်မသုံးဘဲထားတာကို ရအောင်ပြုပြင်သုံးပြန်သည်။ ၃-၄ ရက်နေတော့ တကြိမ်မှာ ၂၄ နာရီ ပိတ်ပြန်သည်။ ၁၅ ကြိမ်ရှိပါပြီ။ သုံးရချိန်က ၂-၃ နာရီသာကြာသည်။ လိုက်ခ်လုပ်မရ၊ ကွန်မင့်ရေးမရ၊ ဖရင်းအသစ် ထည့်မရ။ မရတာလေးတခုခုကို သွားထိမိရင် ပြစ်ဒဏ်နာရီတိုးပြန်ပါသည်။

ကနေ့ နေ့လယ် ၁၁ နာရီကျော်ကစပြီး ၂၉ ရက်ပြစ်ဒဏ်ကနေ လွတ်မြောက်လာပြီ။ 

ဖေ့စ်ဘွတ်ကို အရင်ကလို သုံးချင်သလိုသုံးရတဲ့ ပြန်လည်ရရှိလာတဲ့ အတွေ့အကြုံကို မနေတတ်သလို ဖြစ်နေသည်။ 

၂၉ ရက်ကျင့်သားရထားတော့ အဆန်းဖြစ်သည်။ 

အခုပြန်ရတာတဲ့ အသုံးပြုခွင့်က ဘယ်တော့ ဘယ်နှစ်နာရီမှာ ပြန်ပိတ်မယ်လည်း မသိနိုင်။ အစိုးမရခြင်း တရားရပါသည်။

လောကဓံအစစ်

ပုလဲမှာနေစဉ်ကဆိုရင် အိမ်မှာလည်း လူအပြည့်၊ ဆေးခန်းမှာလည်း လူနာတွေနဲ့ လူနာစောင့်တွေ အပြည့်။ အိမ်ရှေ့မှာ လည်းဝိုင်းရှိခဲ့သည်။ အခြွေအရံတွေလည်း ပေါများခဲ့ပါသည်။

အိန္ဒိယမှာ နိုင်ငံရေးကလည်း ၂၄ နာရီ။ ယမုန်နာဆေးခန်းလေးက တပတ်မှာ ၃ ရက်။ မွေးလူနာတွေကိုလည်း ၂၄ နာရီ။ ကျင့်သားရခဲ့သည်။

နယူးဒေလီကနေ ယူအက်စ်အေကို ပြောင်းလာစဉ်က လင်မယားနှစ်ယောက်မှာ လပ်ဂေ့ချ် အိတ်ကြီး ၂ အိတ်စီသာ ယူခွင့်ရသည်။ နှစ်ယောက်တည်းနေရတဲ့ အခန်းလေးမှာနေရသည်။ စလယ်ဝင်အိုးလေး ပြန်ဖြစ်သွားသည်။ ရောက်စမှာ မနေတတ်သလိုဖြစ်ကြရပါသည်။

ဒီအရပ်မှာ နိုင်ငံရေး မရှိ။ လူနာမရှိ။ အသိုင်းအဝန်းလည်း ကျဉ်းမြောင်းသွားပြီ။ သူ့ကိုယ်မသိ၊ ကိုယ့်သူမသိ။ 

နှစ်နည်းနည်းကြာတော့ ကျင့်သားရလာပါသည်။

အခုတော့ နိုင်ငံရေးမှာ ကိုယ့်ထက်လူစွမ်းကောင်းတွေ အများကြီး လုပ်ကိုင်နေကြပြီ။

လာဘ်ပေါများခြင်း၊ လာဘ်နည်းခြင်း။ အခြံအရံများခြင်း၊ အခြံအရံနည်းခြင်း၊ ချီးမွမ်းခံရခြင်း၊ အကဲ့ရဲ့ခံရခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်း လောကဓံတရားများလည်း ကျင့်သားရနေပါပြီ။

ဆိုရှယ်မီဒီယာတွေ မပေါ်ခင်ကတော့ အိန္ဒိယမှာ အီးမေးလ်ကနေ နေမကောင်းလို့မေးတာတွေကို နိုင်ငံရေးအလုပ် အားချိန်မှာ တနေကုန်တနေခန်း ဖြေရသည်။ 

ဆေးပညာစာတွေ ထောင်ဂဏန်းမနည်းမနော ရေးထားပြီးပြီ။

ဒီကိုနေရာကိုတော့ မြန်မာစာဟူသော အကြောင်းအရာသစ်ကို ရေးပါသည်။ ၉ နှစ်အတွင်းမှာ ရာဂဏန်း မနည်းတော့ပါ။

ဖေ့စ်ဘွတ်က ရာသက်ပန်ပိတ်ခံရနိုင်တယ်လို့ အကြိမ်ကြိမ် ဆိုထားသည်။ 

ရေးတာတွေ ကျန်ရစ်ပါလိမ့်မည်။ ဆေးပညာဟူသည် သစ်လေကောင်းလေ။ မြန်မာစာကား ဟောင်းလေ မှန်လေ။

လူ့ဘဝထဲ ရောက်လာတုန်းကလည်း တယောက်တည်း။ 

လောကဓံတရားများ ကျင့်သားရနေပါပြီ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

အဘရောဂါ ကျဆုံးပါစေ

ဒီစာကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အခါတရာလောက်တင်ပြီးသား။ စစ်ယူနီဖေါင်းနဲ့လူတွေ့တိုင်း အဘခေါ်ခိုင်းတာ နဝတ ခေတ်ကစတယ်။ နောက်တော့ လူတွေ့တိုင်း အဘဖြစ်လာတယ်။  ကိုယ့်အဖွားမှာ အိမ်ထောင်ဘက်တွေ များရော။ မလုပ်ကောင်းပါ။ ကန်တော့။ မြန်မာစာမှာပါ အဘရောဂါ ကူးစက်လာတယ်။ အခုဘဲ တယောက်က အဘ။ အဘအသုံးဟာ ယဉ်ကျေးမှု စသဖြင့် အရင်လူတွေရေးသလို ရေးလာပြန်တယ်။ အဘအသုံး နည်းလာပြီ။ အသစ်က Hi နဲ့ နော်။  စောစောက ထပ်မံတင်ပြသေးတယ်။ သားနဲ့ သမီး။ ကျွန်တော်၊ ကျနော်၊ ကျမ၊ ဗျ၊ ခင်ဗျ၊ ခင်ဗျာ၊ ရှင်၊ ရှင့် အသုံးတွေ ပျောက်ကွယ်လာလာတာအတွက် အင်မတန် နှမြောပါတယ်။  အဘမခေါ်ရမနေနိုင်သူတွေ ကျွန်တော့ဆီတော့ စာမရေးသားကြစေလိုပါ။ အခေါ်ခံချင်သူတွေ အများကြီး။  သူများကိုအဘခေါ်သူတွေ ကြီးလာရင် အဘလိုလုပ်ကြလိမ့်မယ်။ အဘရောဂါ ပျောက်ပါစေသတည်း။ အဘခေတ် ကျဆုံးပါစေသတည်း။ ယဉ်ကျေးမှုဖြစ်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ပြန်မရေးစေလိုပါ။ ဆရာဝန်ကို ဆရာလို့ မခေါ်ချင်သူတွေလည်း မမေးကြစေလိုပါ။ ဒေါက်တာတင့်ဆွေ