ဟသာင်္တ မုန့်ဟင်းခါး ချက်နည်း တွင် လျို့ဝှက်ချက် နှစ် ခုရှိတယ်
ဟင်္သာတ ကို မှန်အောင်ရေးမထားတဲ့ မုန့်ဟင်းခါးချက်နည်းစာကို ခဏခဏတွေ့တယ်။ တယောက်ပြီးတယောက်က ကူးတင်ကြတယ်။ တနှစ်ကျော်ကျော်အတွင်း ဆယ့်လေးငါးခါထက်မနည်း တွေ့တယ်။ ဟင်္သာတကိုတော့ မှန်အောင်မရေးတတ်ကြပါ။ ကူးတင်သူတွေကလည်း မှန်အောင် မပြင်ကြပါ။
ထန်းတပင်ကို စသတ်၊ တကောင်းကို စသတ်၊ တမူးလည်း စသတ်ကြပါတယ်။
ဗိုလ်တထောင်တော့ ဘုရားအမည်တော်ကိုသာ စသတ်သေးတယ်။ သတင်းစာနဲ့ မြို့အမည် အကောင်းပကတိရှိသေးတယ်။
ဒီလိုပုံနဲ့ မန္တလေးလည်း နားလေးသူတွေနေထိုင်တဲ့မြို့တော်ဖြစ်လာပါတော့သည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment