မြန်မာပြည်က အကောင်းဆုံး စိန်တလုံးတော့ မဟုတ်ပါ။ မက်ဆီကို စတဲ့ အမေရိကအလယ်ပိုင်း နိုင်ငံတွေက လာတယ်။ ငှက်ပျောသီးလည်း အဲဒီတိုင်းပြည်တွေကနေ တင်သွင်းတယ်။
ယူအက်စ်ကို မက်ဆီကိုကနေ ၂၀၁၀ ခုနှစ်က သရက်သီးတန်ဖိုး $191 သန်းတင်သွင်းခဲ့တယ်။ ၂၀၂၃ ခုနှစ်မှာ $476 သန်း။
ဂွါတီမာလာ၊ ကော့စတာရီကာ၊ အီကွေဒေါ၊ အွန်ဒူးရပ်စ်၊ ကိုဘမ်ဘီယာနဲ့ မက်ဆီကိုနိုင်ငံတွေကနေ ငှက်ပျောသီးတင်သွင်းတယ်။ စုစုပေါင်း $2.04 billion ရှိပါသတဲ့။
ရာသီထွက်သီးနှံတွေ ကောင်းပါကြောင်း မကြာခဏ တင်ပြပါတယ်။ မြန်မာပြည်မှာလည်း သူ့ရာသီနဲ့သူ အကုန်ကောင်းတယ်။ အခုချိန်ခါကာလမှာ သရက်သီးနဲ့ မန်ကျည်းရွက်။
ဒီအရပ်မှာတော့ သရက်သီးရော ငှက်ပျောသီးပါ ဆယ့်နှစ်ရာသီရတယ်။ ကောင်းတာဘဲ။
မြန်မာပြည်မှာ မကောင်းတာက စိန်တလုံးကို မှန်အောင်မရေးတာ၊ မန်ကျည်းရွက်ကို မှားရေးတာနဲ့ ဌက်ပျောသီးလို့ ရေးတာတွေ စားမကောင်းလောက်ပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment