Skip to main content

နှ နဲ့ နှစ်

၁။ ဆရာခင်ဗျား နှစ်လုံးရောဂါလား နှလုံးရောဂါလား သိပါရစေ။

နှ နဲ့ နှစ် စာကို ၃-၄ ခါလောက် တင်ပြထားပါတယ်။

Heart disease နှလုံးရောဂါ။

ထီထိုးတာ နှစ်လုံး၊ သုံးလုံးရောဂါ။

၂။ နှလုံးသွေးကြော ဘယ်နချောင်းရှိလဲ (ဘယ်နှစ်ချောင်းရှိလဲလို့ ရေးရ။)

၃။ နှမျှောတသဝမ်းနည်းမိသည်မှာ အတိုင်းအဆမရှိပါဆရာ (နှမြောတသ လို့ ရေးရတယ်။)

၄။ မင်္ဂလာနံနက်ခင်းပါဆရာ မြန်မာအဘိဓာန်တစ်ခုထဲမှာ ဒီလိုထပ်တွေ့မိလို့ပါဆရာ 

တစ်ခုဆိုရင်တော့ ပေါ်လစီသတ်ပုံသာဖြစ်တယ်။ ဘယ်နှယောက်၊ ဘယ်နှခုဆိုတာလည်း သွက်သွက်ခါအောင် မှားတယ်။

၅။ လူအရေအတွက်တွေကိုပြောတဲ့အခါမှာ ဘယ်နှစ်ယောက်၊ ဘယ်နယောက်၊ ဘယ်ဟာ အမှန်လဲဆရာ။ နာရီမှာဆိုလည်း ဘယ်နှစ် နာရီ၊ ဘယ်န နာရီ ဒါလေးတွေသိချင်လို့ပါဆရာ။ (ဘယ်နှစ်ယောက်၊ ဘယ်နှစ်နာရီလို့က မှန်တယ်။)

၆။ ကိုဗစ်ဖြစ်တာ ဘယ်လိုပြုမူနေထိုင်သင့်လဲဆရာ ချောင်းက သူများတွေရော အဲ့လို ဆိုးလားဆရာ ဘယ်နရက်လောက်ဆို စိတ်ချရပြီလဲဆရာ (ဘယ်နှစ်ရက်လောက်ဆို)

၇။ နှစ်လုံးနဲ့နှလုံးဘယ်ဟာအမှန်လဲဆရာ (နှလုံးရောဂါ)

၈။ ဆရာ အခုနောက်ပိုင်းမြန်မာစာလုံးပေါင်းအမှန်ကို ဖြန့်ဝေပေးနေတဲ့အဖွဲ့အစည်းတွေမှာလည်း (ဘယ်နှ) က အမှန်လို့ ညွှန်းပြနေကြတာတွေ တွေ့နေရတယ်ဆရာ ဒီလိုတွေဖြစ်နေတော့ မြန်မာစာလေ့လာသင်ယူနေကြတဲ့ မြန်မာလူမျိုးတွေနဲ့ နိုင်ငံခြားသားတွေအတွက်လည်း တကယ်မှန်ကန်တဲ့ မြန်မာစာ၊ မြန်မာစကားကို လေ့လာသင်ယူရတာ တော်တော်လေးအခက်တွေ့စေပါတယ်ဆရာ။

၉။ လူအရေအတွက်တွေကိုပြောတဲ့အခါမှာ ဘယ်နှစ်ယောက်၊ ဘယ်နယောက်၊ ဘယ်ဟာ အမှန်လဲဆရာ။ နာရီမှာဆိုလည်း ဘယ်နှစ်နာရိီ၊ ဘယ်န နာရီ ဒါလေးတွေသိချင်လို့ပါဆရာ။

၁၀။ အမေဆုံးသွားသဖြင့် နမျော တသ ခြင်းမှာ နမျောမှန်ပါသလားဆရာရှင့် ကျေးဇူးပြု၍ဖြေပေးပါရှင့် (နှမြောတသ လို့ ရေးရတယ်။)

နှ

စိတ်နှလုံး

နှမ၊ 

နှမြော၊ 

နှမြောတသ၊ 

နှမသားချင်း

နှမသားချင်း

နှမိနှမြော

နှမိနှမြော = စုံမက်ချစ်ခင်ခြင်း

နှရွဲ = ရှုံ့မဲ့၍ငိုသည်

နှရား = ကြော်ဖွယ်လုလု၊ ကြောက်ကြိမ်းသည်

နှလုံး၊ 

နှလုံးကျဉ်းမြောင်း

နှလုံးကောင်းဝန်စီး

နှလုံးခုန်

နှလုံးတုန်

နှလုံးမရွှင်

နှလုံးမွေ့လျော်

နှလုံးရည်

နှလုံးရောဂါ၊ 

နှစ်

တနှစ် (၁ နှစ်)

နှစ်ကာလရှည်

နှစ်ချို့စပါး

နှစ်ချုပ်စာရင်း

နှစ်ခွရှိသော

နှစ်စဉ်ထာဝရ

နှစ်ထပ်သင်္ဘော

နှစ်ထောင်းအားရ

နှစ်နှစ် (၂ နှစ်)

နှစ်နှစ်ခြိုက်ခြိုက်

နှစ်ပင်တိုင်သင်္ဘော

နှစ်ပါးစုံ (နှမစုံ) မွေး

နှစ်မ (နှမ) သားချင်း

နှစ်မြို့သည်

နှစ်လိုမြတ်နိုး

နှစ်လုံး (နှလုံး) သည်းပွတ်

ဘယ်နှစ်ကောင်

ဘယ်နှစ်ခု၊ 

ဘယ်နှစ်ယောက်၊ 

ရွှေရင်ကလျှော၊ နွဲ့နွဲ့ချော၊ နစ်မျောကိုလည်း ပင့်ရမည်။

လူလည်းမမျှော၊ ရေ၌မျှော၊ ငှက်ပျောကိုလည်း ပင့်ရမည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

မုန့် နဲ့ မုံ့

မင်္ဂလာပါဆရာ ထိုးမုံ့ကအမှန်လား ထိုးမုန့်ကအမှန်လား တကယ်မသိလို့မေးတာပါ ဖြေပေးပါနော်  ၁။ ဆရာ မုန့်ဖိုး ကအမှန်မဟုတ်ဘူးလား။ ‌ဆရာရေးထားတဲ့ မုံ့ဘိုးက မှားနေပါတယ်။ - သွေးသောက်အယ်ဒီတာ၏ အမှာ တင်ပြထားပါတယ်။ ၂။ မုန့် နဲ့ မုံ့ ရဲ့ ကွာခြားပုံလေးကို ကျေးဇူးပြု၍ ခွဲခြားပြသပေးပါခင်ဗျ။ အများရေးတာတွေ့နေရတာကတော့ မုန့် လို့အများဆုံးတွေ့ရလို့ပါ။သိမှတ်စရာကောင်းနေပါတယ်ရှင်းပြပေးစေချင်ပါတယ်။ ၃။ မုန့် လို့သာ သင်ခဲ့ရလို့ပါ ဆရာ ၄။ အခုမှ သိတယ် ဆရာ ကျေးဇူးပါ ဆရာ တသက်လုံး အမှား အမှန် ပြင်ရပြီ ၅။ ကျနော်လည်း မုန့် က အမှန်ထင်နေတာ မဟုတ်ဘူးလားဗျ။ ၆။ မုန့်ဖက်ထုပ် ဘာဟာက အမှန်လဲ ဆရာ။ ၇။ မုံ့ လား မုန့် လား။ ၈။ မုံ့ဆိုတာ သတိမထားမိခဲ့ဘူး။ မုန့်မှတ်နေတာဆရာ မြန်မာစာသတ်ပုံမှာ မုန့်လို့ မရှိခဲ့ပါ။ အစီအစဉ်မှာ မုံ - မုံ့ - မုံး - မုန် - မုန်း -မိုး - မိုရ် - မို့ - မိုး - မိုဃ်း လို့သာရှိတယ်။ ကဝိဓဇသတ်ပုံကျမ်းမှာ မုံ့ = စားသောမုံ့၊ မုံ့မျိုးစုံလို့ရေးတယ်။ ဧကန်သာတမုံ့၊ နေသည်တမုံ့၊ ပြုသည်တမုံ့တွေကတော့ အသုံးနည်းလာတဲ့စာလုံးတွေဖြစ်ပါတယ်။ နောက်ထုတ်သတ်ပုံစာအုပ်တွေမှာ မုန့် လို့သာတွေ့နိုင်ကြပါမယ်။ မြန်မာ့စွယ်စုံကျမ်းမှာ မုံ့ လို့သာသုံးပါ...

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟု...