Skip to main content

သင်ပုန်းကြီးဆိုတာ


သင်ပုန်းကြီးဆိုတာ မြန်မာစာ သင်ကြားခြင်းရဲ့ အခြေခံဖြစ်တယ်။ ဦးကျည်ပွေ့ကစတင်ခဲ့တယ်လို့ ဆိုပါတယ်။ ခေတ်အလိုက် သင်ပုန်းကြီးကို ပြောင်းရေးကြရတယ်။ အခြေခံထဲမှာ အခြေခံအကျဆုံးအချက်ကို သတိပြုရပါမယ်။ သင်ပုန်းကြီးပါလင်္ကာတွေကို ဖတ်ပါ။ က ကနေ အ ထိမှာ ဘယ်စာလုံးမှ ရေးချ၊ လုံးကြီးတင်၊ အသတ်၊ အောက်မြစ်၊ တချောင်းငင်၊ နှစ်ချောင်းငင်၊ သေးသေးတင်၊ စတာတွေ မပါရပါ။ က ကို က စာလုံး သုံးတယ်။ ခ ကို ခ စာလုံး သုံးတယ်။ ကဇွန်းက မှန်ပြီး၊ ကန်ဇွန်း မမှန်ပါ။
စပယ်မှန်ပြီး စံပယ် မမှန်ပါ။
ခေတ်သုံးခေတ် သင်ပုန်းကြီးဖတ်စာ
(၁) ဆရာ မင်းသုဝဏ်
က-ကစွန်းပင်၊ ရေမှာရွှင်။
ခ-ခရမ်းသီး၊ ဓါးနဲ့လှီး။
ဂ-ဂဏန်းကောင်၊ လက်မထောင်။
င-ငပုဏ္ဏား၊ ဟင်းချက်စား။
စ-စပယ်ဖြူ၊ မွှေးကြူကြူ။
ဆ-ဆရာကြီး၊ ခေါင်းလောင်းတီး။
ဇ-ဇလားမှာ၊ ဆန်ထည့်ပါ။
ည-ညနေခင်း၊ လေညင်းညင်း။
တ-တယောသံ၊ တညံညံ။
ထ-ထရံထက်၊ အိမ်မြှောင်တက်။
ဒ-ဒရယ်ဖို၊ (ဂျို)ချိုတိုတို။
ဓ-ဓနိငုတ်၊ ဓါးနဲ့ခုတ်။
န-နဖားမှာ၊ ကြိုးလျှ ို ပါ။
ပ-ပလူတွင်း၊ ပုရွက်ဆင်း။
ဖ-ဖယောင်းတိုင်၊ ကြာပန်းခိုင်။
ဗ-ဗလုံထိုး၊ တို့ချောင်းရိုး။
ဘ - ဘယက်မှာ၊ ဒေါင်းရုပ်ပါ။
မ-မရန်းသီး၊ ဆားနဲ့မြည်း။
ယ-ယမနေ၊ သစ်ကောင်းပေ။
ရ-ရထားလှည်း၊ မြင်းနွားဆွဲ။
လ-လနတ္တော်၊ မုံ့ဆန်းလှော်။
ဝ-ဝရီးက၊ ဦးကြီးပ။
သ-သပိတ်လွယ်၊ ငှက်ကျားငယ်။
ဟ-ဟတတ၊။တံခါးဝ
အမှာ လူ အအ
(၂) ဆရာ တက္ကသိုလ် မောင်မောင်ကြီး
က-ကညစ်၊ ပေမှာခြစ်။
ခ-ခရာ၊ အသံသာ။
ဂ-ဂဏန်း၊ ရေမှာဖမ်း။
င-ငရုတ်စိမ်း၊ စပ်ရှိန်းရှိန်း။
စ-စပါး၊ တို့အားထား။
ဆ-ဆရာ၊ ရိုသေပါ။
ဇ-ဇရပ်မှာ၊ တည်းခိုပါ။
ည-ညအခါ၊ လသာသာ။
တ-တလင်းဝယ်၊ စပါးနှယ်။
ထ-ထမနဲ၊ တပို့တွဲ။
ဒ-ဒရယ်လေး၊ ဘေးမဲ့ပေး။
ဓ-ဓနိပင်၊ အသုံးဝင်။
န-နယုန်၊ လေရူးသုန်။
ပ-ပလောင်၊ တို့ညီနောင်။
ဖ-ဖရုံပေါ၊ တို့ယာတော။
ဗ-ဗလ၊ အင်အားပြ။
ဘ-ဘယက်၊ ရွှေဒေါင်းခွက်။
မ-မမ၊ အဖော်ရ။
ယ-ယမင်း၊ ပပဝင်း။
ရ-ရထား၊ စီးလို့ သွား။
လ-လမင်း၊ ထိန်ထိန်လင်း။
ဝ-ဝကလေး၊ ဝိုင်းဝိုင်းရေး။
သ-သမင်၊ အပြေးလျင်။အ-အလံ၊ အောင်ပွဲခံ။
(၃) ဆရာ တင်မိုး
က-ကလေးငယ်၊ ချစ်စဖွယ်။
ခ-ခရေကုံး၊ မလေးပြုံး။
ဂ-ဂဏန်းသင်၊ ပြုံးရွှင်ရွှင်။
င-ငချိပ်ပေါင်း၊ စားလို့ကောင်း။
စ-စခန်းသာ၊ တောင်တန်းပြာ။
ဆ-ဆရာမ၊ ရိုသကွေ။
ဇ-ဇလပ်ဖြူ၊ သင်းကြူကြူ။
ည-ညနေခင်း၊ ရေခပ်ဆင်း။
တ-တမာပင်၊ ရွာအဝင်။
ထ-ထမင်းပွဲ၊ လက်ဆုံနွှဲ။
ဒ-ဒရယ်ယုန်၊ သားမျိုးစုံ။
ဓ-ဓနိတန်း၊ ပင်လယ်ကမ်း။
န-နဂါးမောင်၊ အမောက်ထောင်။
ပ-ပလွေမှုတ်၊ ကိုဖိုးတုတ်။
ဖ-ဖရုံယို၊ အလွန်ချို။
ဗ-ဗလကြီး၊ ဆင်ပြောင်စီး။
ဘ-ဘဖိုးအို၊ ဆီးလို့ကြို။
မ-မမလေး၊ ဝလုံးရေး။
ယ-ယမင်းခင်၊ ကကြိုးဆင်။
ရ-ရထားကြီး၊ ပျော်ပျော်စီး။
လ-လဝါဝါ၊ ထိန်ထိန်သာ။
ဝ-ဝတုတ်တုတ်၊ ဖိုးဝရုပ်။
သ-သပြေညို၊ အောင်ပွဲကြို။
ဟ-ဟဟာဟ၊ ရယ်လိုက်ရ။
အ-အမိ‌‌မြေ တို့တိုင်းပြည်(ပြေ)၊ ငါတို့ချစ်တဲ့မြေ။ ။
သတိပြုရန် -
- စပယ်ဖြူ သေးသေး မတင်ရ။
- ကစွန်းပင် န မသတ်ရပါ။
- ငပုဏ္ဏားမှာ ငါး လို့ မရေးရပါ။
- မရန်းသီး - မရမ်းသီး မဟုတ်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

ရှေးရေစက်

ရေး - ရွှေတိုင်ညွန့် ဆို - ဝင်းဦး + မာမာအေး လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ ချောလှတယ် သဘောကောင်းတဲ့ သူကလေးရယ် အတူဆုံဖို့ နဖူးစာရေးတယ် ယုံကြည်ဖွယ် မာယာနှောကာ ပြောတတ်တဲ့သက်လှယ်ရယ် နောင်ခါဝယ် မေရှင်ကလေးကို အရေးမစိုက်မှာ အလွန်စိုးတယ် ချစ်မှာလားကွယ်  မေတ္တာထားတယ်  ရှေးရေစက် ကံဆုံတယ် တူနှစ်သွယ် ဆုံဆည်းရတယ် ချစ်စရာကောင်းသူကလေးရယ် မောင့်စိတ်ထဲမှာ စွဲလန်းတယ် အဟုတ်ကိုပြောတာလားကွယ် လိမ်ဉာဏ်တွေပိုတယ်  ကရုဏာထားတာ အဟုတ်ပါပဲ မေတ္တာထားတယ် တကယ့်ကိုပဲ မင်းအလိုရှိရင်မောင့်အသည်း ခွဲကာပေးမယ်  တွေ့ရင်တော့ဖြင့် လွမ်းအောင်ချွဲ နောက်ကွယ်ကျရင်မေ့မှာပဲ အသည်းမှာစွဲတဲ့ ပျိုမေရှင်ကို အလိုလိုက်ရလိမ့်မယ်  တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ် တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ်  ချစ်တဲ့သူရယ်  ကြိုက်တဲ့သူရယ်  ရာသက်ပန်ရွယ်ကိုးလို့သာ အရိုးကျအောင် ပေါင်းပါ့မယ်  စိုးရိမ်ဖွယ် စိုးရိမ်ဖွယ် ယောက်ျားများဟာ ဖောက်ပြားလွယ် တကယ်ကြောက်အားပိုတယ် ယုံဘူး ယုံဘူး ချစ်ဦးပျိုသက်လှယ်  လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟုတ်ရပါ။ စာ