ဆရာဝန်ဖြစ်လို့ တောနယ်တွေမှာ တာဝန်ကျစဉ်က ညအခါ ခွေးဟောင်သံကြားတိုင်းမှာ လူနာလှည်းရပ်တာ။
အိန္ဒိယမှာတော့ ခွေးလေခွေးလွင့်များတယ်။
ယူအက်စ်အေရောက်ပြန်တော့ ခွေးဟောင်သံက တမျိုး။ ခွေးလေခွေးလွင့် မရှိပါ။ ပိုက်ဆံပေး မွေးထားကြတယ်။
ဟိုတနှစ်က နောက်ဖေးအိမ်တအိမ်မှာ ခွေးသုံးလေးကောင်မွေးထားတယ်။ ဘယ်အိမ်ကဖြစ်ဖြစ် လူရိပ်မြင်ရင် ဟောင်ကြပြီ။ သိပ်မကြာပါ အဲဒီအိမ်ခြံစည်းရိုးကို သစ်သားဝင်းထရံခတ်လိုက်တာ တွေ့တယ်။ ဥပဒေရှိတယ်။
ယူအက်စ်အေကအိမ်တွေမှာ ဝင်းထရံရယ်လို့ ရှိခဲတယ်။ ရှိရင်လည်း စတိမျှသာ။ သံဇကာလေးတွေနဲ့သာ လှတပတ ကာထားကြတယ်။ အတွင်း အပြင် မမြင်ရတဲ့ သစ်သားဝင်းထံရံရှိတဲ့အိမ်မှာ ခွေးမွေးထားမယ်။
အခုခေတ် မြန်မာပြည်မှာတော့ စာရေးတာထဲမှာကို ခွေးအမည် ပါနေတယ်။ ပါပီ ပါပီ ပါပီ တဲ့။ ဖစ် ဖစ် ဖစ် တဲ့။
သူတို့ဖုန်း ကီးဘုတ်တွေမှာ ရရစ်ထည့်မထားကြဘူးထင်တယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment