Skip to main content

လက်ျာမောင်းနှင့် တလမ်းမောင်း


ဟိုအရင်က မြန်မာပြည်မှာ လက်ဝဲမောင်းစနစ်ရှိခဲ့တယ် ဗြိတိသျှကိုလိုနီခေတ်ကတည်းက။ အင်္ဂလိပ်စနစ်အတိုင်း မောင်းရ စီးနင်းရ သွားလာခဲ့ရပါတယ်။
၁၉၇၀ ခုနှစ် ဒီဇင်္ဘာလ (၇) ရက်နေ့ကစပြီး လက်ျာမောင်းစနစ်ပြောင်းခဲ့တယ်။ ဗိုလ်နေဝင်းလက်ထက်ဖြစ်ပါတယ်။
နောက် ရန်ကုန်မြို့မှာ တချို့လမ်းတွေကို တလမ်းမောင်းစနစ်လုပ်တယ်။ မန္တလေးမှာလည်းလုပ်တယ်။ အဆင်ပြေပါတယ်။
ဗိုလ်နေဝင်းလက်ထက်မှာပဲ ၁၉၆၃ ခု ဒီဇင်ဘာလ ၂ ရက်နေ့မှာ မြန်မာနိုင်ငံ မြန်မာစာပေ ပြုစုရေးနှင့် ဘာသာပြန် ကော်မရှင်ကို ဖွဲ့တယ်။  ၁၉၆၄ ခု ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ အဘိဓာန်နှင့် ရေးထုံးကော်မတီကိုဖွဲ့တယ်။ 
မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း နိဒါန်းမှာ သည်လိုရေးသား ရိုက်နှိပ်ထားတယ်။
ထိုကော်မရှင်သည် “အစိုးရရုံးသုံး စံ မြန်မာရေးထုံးကျမ်းတစောင် ပေါ်ထွက်လာရေး” လုပ်ငန်းတရပ်ကိုလည်း ဆောင်ရွက်ရမည်ဟု ဥက္ကဋ္ဌကြီးက ထပ်မံညွှန်ကြား သတ်မှတ်ပါသည်။ 
၁၉၆၄ ခု၊ သြဂုတ်လ ၂၇ ရက်နေ့တွင် “ကျောင်းသုံးစာအုပ်ကော်မတီ” အစည်းအဝေးကို တော်လှန်ရေးကောင်စီဥက္ကဋ္ဌရုံး၌ ကျင်းပစဉ် ဥက္ကဋ္ဌကြီး (ယခု နိုင်ငံတော်သမ္မတကြီး ဦးနေဝင်း) က “အသံကို ရေးတဲ့အခါ အမှန်ရေး။ စည်းကမ်းဆိုတာ အတိအကျရှိရမယ်။ စကားတလုံးနှင့် ခုနစ်နှစ် ငြင်းနေလို့ ဘယ်ဖြစ်မလဲ။ နောက်ဆုံးတော့ တခုခုကို ပညတ်ရမှာပဲ။ မူကို ဦးစွာချပါ။ ဒါပေမယ့် အချိန်ကိုလည်း ထည့်စဉ်းစားပါ။ မြန်မြန်ထက်ထက် လုပ်နိုင်ယင် ကောင်းမယ်။ ဟူ၍ မိန့်ကြားခဲ့ပါသည်။
မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း နိဒါန်း
မြန်မာရေးထုံးကျမ်းတစောင်
လုပ်ငန်းတရပ်
စကားတလုံးနှင့်
တခုခုကိုလို့သာရိုက်နှိပ်ထားတယ်။ တတွေကို စမသတ်ပါ။ 
သဘောမတူတဲ့ နာမည်ကြီးစာရေးဆရာတွေ ကဗျာဆရာတွေက သတ်ပုံမှန်နဲ့သာ ဆက်ရေးကြတယ်။ ကလောင်အမည်တွေ တင်ပြထားပြီးဖြစ်ပါတယ်။ 
၁၉၈၈ အထိ ကိုယ့်သတ်ပုံနဲ့ကိုယ် ထုတ်ဝေခွင့် ရှိတယ်။ နဝတ ခေတ်မှာ သတ်ပုံစာအုပ်အသစ်၊ အင်္ဂလိပ်-မြန်မာနဲ့ မြန်မာ-အင်္ဂလိပ် အဘိဓာန်တွေ အသစ်ထုတ်တယ်။ ကျောင်းတွေမှာ တစ်မဟုတ်ရင် အမှတ်မပေး။ စာအုပ်တွေမှာ တစ်မဟုတ်တဲ့ တလုံး ဘယ်လောက်နှုန်းနဲ့ ဒဏ်ရိုက်တယ်။
လကျာ်မောင်းစနစ်ပြောင်းတာ ပြောစရာမရှိ။ တတိုင်းတပြည်လုံးက လမ်းမှန်သမျှကို တလမ်းမောင်းလုပ်ခိုင်းတာ မသင့်မှန်ပါ။ လှည်းလမ်းကြောင်းပါ တလမ်းမောင်းခိုင်းထားတယ်။ ကျွန်တော်ကတော့ လွတ်ရာကျွတ်ရာ ပလက်ဖေါင်းကနေ လျှောက်တယ်။
မိုဃ်းခါးရေ
ကွန်မင့်တခု ရတယ်။ ကျေးဇူး။ တစ်ခါတစ်ရံ တစ်ခါတစ်လေ တစ်ရံရောအခါ တစ်ပါးတစ်လေ တစ်ယောက်တစ်လေ စာတတ်ပါတယ်ဆိုတဲ့ ဘုန်းကြီးတွေလည်း တစ်ကုန်တော့။ ပါချုပ်ဆရာတော်ကြီးတောင် တစ် တစ်နဲ့ရေးနေတာ ဆရာတော့်လက်ရေးမူမှာ မြင်ဖူးတယ်။ 
ခေါင်းစဉ်အတွက် ဃ ကို အတော်လိုက်ရှာရတယ်။ အရင်ကအဲလိုရေးကြတယ်။ လွယ်ကူပြီး အဓိပ္ပါယ်လည်း မပျက်တာမျိုး ပြောင်းခြင်းကို ခေတ်ကာလအရပြောင်းခြင်းလို့ မည်ပါတယ်။
မိုဃ်း၊ ၍့၊ ၏့၊ ကျမ္မာရေး၊ စွဲး၊ စဲး၊ ထဲး၊ ဆြာ၊ မင်းသ္မီး၊ မဲးဇာ၊ မှု့၊ ယ္ခင်၊ မြမ္မာ၊ သ္ခင်၊ သဲး၊ ဥူး၊ ဧး၊ ပြောံ၊ မြောံ တွေကို အခု မရေးကြတော့ပါ။
မကြာသေးခင်ကာလမှာ လွယ်တာကို ခက်အောင် ရေးလာကြပြန်တယ်။ မ ၂ လုံးဆင့်မှ သမတ ထင်ကြတယ်။ ယုဒသန်ကို ယုဒဿန်လို့ ထင်သူတွေရှိတယ်။ မဟုတ်ပါ။ နမူနာတွေကို ဓါတ်ပုံအကိုးအကားတွေနဲ့ အများကြီးတင်ပြထားတယ်။
နေရာတိုင်းမှာ အသုံးမမှန်နိုင်တဲ့ ဖေါ်မြူလာသစ်တွေ လုပ်လာကြတယ်။ မူကွဲသတ်ပုံတွေကို မှားတယ်လို့ ထင်ကုန်ကြတော့တယ်။ အခုခေတ်မှာ ရာထူး တာဝန် နေရာရသူတိုင်းက အဲဒီအတိုင်း လိုက်ရေးနေကြတယ်။ နိုင်ငံတော်မူတဲ့။ နိုင်ငံတော်စာလုံးကို အားနာတယ်။
မြန်မာစာလယ်ကွင်းကြီးမှာ မိုးရေသန့်တွေသာ ရွာပါစေသတည်း။
မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း (၁၉၈၆) https://burmese-spelling.blogspot.com/2023/12/blog-post_8.html
မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း ပထမအကြိမ်က အမှာစာ https://burmese-spelling.blogspot.com/2024/05/blog-post_57.html
မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း၏ ရေစီး https://burmese-spelling.blogspot.com/2023/08/blog-post_582.html
သတ်ပုံစာအုပ်များသမိုင်းသံခိပ် https://burmese-spelling.blogspot.com/2023/12/blog-post_563.html
တလမ်းမောင်း နှင့် တပါတီစနစ် အမျိုးရင်းဖြစ်၏ https://burmese-spelling.blogspot.com/2022/12/blog-post_95.html
မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း ၁၉၇၈ https://burmese-spelling.blogspot.com/2022/08/blog-post_207.html
မြန်မာစာပေပြုစုရေးနှင့် ဘာသာပြန်ကော်မရှင် https://burmese-spelling.blogspot.com/2022/08/blog-post_183.html
ဒေါက်တာတင့်ဆွေ
၂၉-၁၀-၂၀၁၉

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ