Skip to main content

မြန်မာစာမှာ 'သူမ' ရှိသလား

၁။ မင်္ဂလာပါဆရာ မြန်မာစာမှာ 'သူမ' ရှိပါသလားခင်ဗျ
မြန်မာစကားမှာ သူ(မ) ဆိုတဲ့စကားကို ဘယ်အချိန်က စထည့်ခဲ့တာလည်းဆရာ။
သူမ အသုံး ဘယ်အချိန်ကစသလဲတော့ ရှာမတွေ့သေးပါ။ 
ဂျာနယ်ကျော်မမလေးရေးတဲ့  သူမ (၁၉၅၄) စာအုပ်လောက်သာ တွေ့သေးတယ်။
၄-၅ ကြိမ်လောက်တော့ တင်ပြထားပြီးသား။
၂။ ဆရာ She သူမ ဆိုတာရောဆရာ။ ဆရာ့အမြင်လေး ပြောပြပါလား။
၃။ ဆရာ မြန်မာ့စကားမှာ နမ်စား သုံးတဲ့ သူ သူမ ဆိုပြီး သုံးနေတာ တွေ့ရပါတယ် သူမ (အမျိုးသမီး)ဆိုတာ နမ်စား ဝေါဟာရ မြန်မာ့စာ မရှိဘူး ဆိုတာ တော်တော်များများ မသိကြဘူးဖြစ်နေကြပါတယ်
၄။ ဆရာ မြန်မာစာမှာ သူမ ဆိုပြီးအဓိပ္ပာယ်သတ်မှတ်ချက်ရှိပါသလား ကျေးဇူးပြုပြီးရှင်းပြပေးပါဆရာ။
၅။ ဆရာခင်ဗျ။ ကျွန်တော် သိချင်တာလေး မေးပါရစေ။ English လို He, She ကို မြန်မာလို သူ လို့ပဲ သုံးနှုန်းတာလား။ ဒါမှမဟုတ် သူ၊ သူမ လို့ သုံးနှုန်းတာလား ခင်ဗျာ။ ဘယ်အသုံးနှုန်းက မှန်ပါသလဲ ခင်ဗျာ။
၆။ မြန်မာစာမှာ သူမ လို့ မရှိခဲ့ပါလို့ ထောက်ပြ ငြင်းခုန် ကြပါတယ်။
၇။ မဆိုတာမြန်မာ‌စာပေထဲမှာရှိပါလားဗျ
ကျွန်တော်တို့ ၁၉၅၉ အင်္ဂလိပ်စာ စသင်ကတည်းက She = သူမလို့သင်ပါတယ်။ ဖတ်ရတဲ့စာအုပ်တွေမှာလည်း သူမလို့ရေးကြတယ်။ နောက်မှသာ သူမလို့ သင့် မသင့် ပြောဆိုရေးသားလာကြပါတယ်။ အမျိုးသမီးတဦးကို နာမ်စားသုံးတဲ့အခါ သင့်မြတ်အောင် ရွေးရပါမယ်။ သူမလို့ဆက်သုံးနေတာတွေကိုလည်း ကန့်ကွက်စရာမရှိပါ။ ကျွန်တော်နဲ့ ကျွန်တော်မလို့ရှိပါတယ်။ ကျွန်မ နဲ့ ကျမတို့ကိုလည်း သုံးနေကြတာ အပြစ်မဆိုပါ။
(၂)
သူမ၏ လောကအမြင်
သူရောက်မလာ
ကာလကြာထိ၊ ငါ၏သွေးသား
ခလေးများတွက်၊ စားဝတ်နေမှု
ရုန်းကန်လုရင်း၊ လူ့ဘောင်အတွင်း
ကျော်ဖြတ်နင်းမည်
သေခြင်းတနေ့ မွေးတနေ့။   ။ (မောင်သွေးသစ်)
(၃)
ဥစ္စာစောင့်မြနန်းနွယ်
အပုကြီးသည် နှင်းဆီကုန်းဘိုးဘွားရိပ်သာအနောက်ဖက်ရှိအိမ်ကြီးဆီသို့ဟိုမေးဒီမေးနှင့် ရောက်ရှိလေသည်။ အဖွားကြီးတဦးနှင့် မိန်းမပျို(၃)ဦးကိုတွေ့ရလေသည်။ မိန်းမပျို(၃)ဦးသည် အပုကြီးထက် အနည်းငယ်သာ အသက်ကြီးသည်။ အမအကြီးဆုံးဖြစ်သူသည်သြဇာအရမ်းရှိပေသည်။ ဗိုလ်တထောင်ဘုရား ထီးတင်ပွဲကြီးအတွက် လိုအပ်သောပစ္စည်းများကိုအမကြီးခိုင်းတဲ့အတိုင်း နေ့စဉ်ရက်ဆက် အကြီးအကျယ်ဝယ်ပေးခဲ့ရပေသည်။ အလှူအတန်းအတွက် အလွန်တရာ ရက်ရက်ရောရော ရှိသည်ကိုလည်းတွေ့ရသည်။ သူမ၏အိမ်တွင် ညဘက်မအိပ်ခိုင်းဘဲ ညဉ့်နက်လျှင်ပြန်ခိုင်းတော့သည်။ ပြန်ကာနီးတိုင်း၂၅ကျပ်ပေးလေ့ရှိသည်။ ထိုငွေပမာဏသည် ထိုခေတ်ဝန် ထောက်တဦး၏ဝင်ငွေနှင့် ညီမျှသောအလွန်များပြားသောငွေဖြစ်ပေသည်။ တိုလီမိုလီကိစ္စများစွာကိုလည်း တနေကုန် မအားလပ်အောင်လုပ်ခဲ့ရပေသည်။ ဘာသာရေးနှင့်ဆက်နွယ်သောအလုပ်များသာဖြစ်ပေသည်။ တနေကုန်အလုပ်လုပ်ခဲ့သော(၆)ရက်မြောက်နေ့တွင် မိန်းမပျိုအကြီးဆုံးသည် အလွန်ချိုသာသောစကားဖြင့် ခိုင်းပြန်သည်။ 
(၄)
မမြမှီသည် မိန်းမလိမ္မာကလေးဟု ကျော်စောလေသည်။
"ကျမ သမီးက မွေးကတဲက အေးတာရှင့်- နို့ဆာလို့ ငိုရမှန်းသိတာ မဟုတ်ဘူး..." ဟု သူမ၏ မေမေ ပြောစမှတ် ရှိသည်။ မမြမှီ၏ ကလေးဘဝမှာ ချမ်းမြ၍ အစွန်းအထင်း မရှိဟု ဆိုရပေမည်။ မိဘများက သူမကို သမီးလိမ္မာ ဖြစ်စေချင်သည်။ ထို့ကြောင့် မမြမှီသည် လူကြီးများရှေ့မှာ ကိုင်းညွတ်သွားခြင်း၊ လူကြီးပြောစကားကို နားထောင်ခြင်း၊ ဘုရားရှိခိုး အလွတ်ကျက်ခြင်းနှင့် ဘုန်းကြီးဆွမ်းလောင်းခြင်းကို ငယ်ငယ်ကလေးထဲက တတ်လေသည်။ (ကြည်အေး)
(၅)
ဂျာနယ်ကျော်မမလေး၏ သူမ
သူမ အသုံးကို ဖျောက်ရန် မလိုအပ်ပါ။ ဝေါဟာရကို လေ့လာလိုရင်သာ နောက်ခံအကြောင်းကိုပါ ထည့်မှသာ ပြည့်စုံတယ်။ 
ကျွန်တော့အမြင် -
• အရင်ကအရေးအသားတွေထဲက သင့်မှန်တာတွေကို ဆက်သုံးရမယ်။ 
• အသစ်ဖြစ်ပေါ်လာတာတွေထဲက သင့်မှန်တာတွေကို လက်ခံရမယ်။
• ဟောင်းတိုင်း မကောင်းတာ မဟုတ်။
• သစ်တိုင်း ကောင်းတာ မဟုတ်။
• သူမ အသုံး သင့်မှန်တယ်။ 
• ကျယ်မ နဲ့ ညမ အသုံးတွေ မသင့်မှန်။
သူမ https://burmese-spelling.blogspot.com/2024/12/blog-post_62.html
သူမ၏ လောကအမြင် https://burmese-spelling.blogspot.com/2023/01/blog-post_685.html
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ