Skip to main content

Exclamation အာမေဋိတ်စကားလုံးများ

 

မေးခွန်းတခု = အာမေဋိပ်မှာ စာလုံးပေါင်းအမှန်ရှိလားသိချင်လို့ပါ

ဥပမာ အဟွတ်၊ အဟွပ်

ရေ ရေ့ ရေ

ရေ ရေ့ ရေ့

အာမေဋိတ်လို့ ရေးရ။

- အချစ်ရေ့

- ညီ လေးရေ့

- အကိုကြီးရေ့ 

အာမေဍိတ် = ထိတ်လန့်ခြင်း၊ ဝမ်းသာခြင်း၊ အံ့သြခြင်းသည့် တ စုံတ ခုသော အကြောင်းကြောင့် ပြင်းပြင်းထန်ထန် စိတ်လှုပ်ရှားကာ နှုတ်မှ ရုတ်တရက် ထွက်ပေါ်လာသော အသံကို အာမေဍိတ်ဟု ခေါ်သည်။

ဟာ (နာမ်)

အရာဝတ္ထုတစုံတရာကို ညွှန်းလိုရာ၌သုံးသော စကားလုံး။ (သည်ဟာ၊ ထိုဟာ၊ ဟိုဟာ စသည် အသုံးရှိသည်။)

ဟာ (အာမေဋိတ်)

အံအားသင့်သောအခါ ငြင်းဆိုသည့် အခါတို့တွင် မြည်တမ်းသော စကားလုံး။ “ဟာ အထိန်တော်ကြီး နေရာရှာလို့။” “ဆွဲကွာ၊ ကြိတ်ဆွဲ၊ ဟာ မဖြစ်ပါဘူး။”

အဲ့ အော့ အဲ ဒါ တာ

ဆရာရှင့် ခုနောက်ပိုင်း လူတော်တော်များများ "အဲတာဆိုရင်" "အဲတာကြောင့်" "အဲတာက" ဆိုတဲ့စာလုံးကို ရေးနေကြတာတွေ့ရပါတယ် အထူးသဖြင့် ကြော်ငြာစာတွေမှာလည်း ခဏခဏတွေ့ရပါတယ်။ စကားပြောမှာသုံးတဲ့ အဲဒါ၊ အဲဒါကြောင့်၊ အဲဒါဆိုရင် ဆိုတာကိုဆိုလိုတာဖြစ်ပါတယ်။ အဲတာ လို့ ရေးနေတာကို ဘဝင်မကျဖြစ်နေမိလို့ပါ ဒီစာလုံးပေါင်းသတ်ပုံလေးအကြောင်း ဖော်ပြပေးပါဦးရှင့်

အဲ့ လို့ ရေးနေကြတာ မမှန်ပါ။ အဲ့ ကို ညွှန်းဆိုတဲ့သဘော မသုံးရပါ။

မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉)

အဲ့

- မြန်မာသရ နှစ်ဆယ့်နှစ်လုံးတို့တွင် အပါအဝင်ဖြစ်သော ဆယ့်ငါးလုံးမြောက် သရ။

- အသံမှာ အဲ့၍ ချောင်းလည်း အမြဲဆိုးသူ ဖြစ်လေသည်။

အဲ

- မြန်မာသရ နှစ်ဆယ့်နှစ်လုံးတို့တွင် အပါအဝင်ဖြစ်သော ဆယ့်သုံးလုံးမြောက် သရ။

- အဲဟူသော အသံချီကာ အဲဟူသော အသံချ၍ သီဆိုသော ရှေးကဗျာသီချင်း။

- အစုအဝေးလိုက် သွားရာမှ ရှေ့သို့ ဆက်၍ မသွားပဲ ရပ်တန့်နေသည်။ အဲ ဟူသည်ကား အများအပေါင်း စုဝေးရပ်နေသည်ကို ယူသင့်၏။

- အာလုပ်။ စကားပြောရင်း စကားစ ရှာမရ၍ ရုတ်တရက် မည်သို့ စကားဆက်ရမည်မသိပဲ ဆုတ်ဆိုင်းဆိုင်း ဖြစ်နေသအခါတွင် သုံးလေ့ရှိသေစကား။ အဲ့ ကောင်းပါလေရဲ့၊ ဝမ်းသာအားရ ရှိလောက်ပါပေရဲ့။

- အဲခိုး

- အဲချင်း

- အဲထူး

- အဲမောင်း

- အဲသည်လောက်

- အဲဟို

- အဲသည်

- အဲသည်တော့

- အဲသည်လို

- အဲဒီတုန်းကပေါ့ဗျာ သူကလေးနဲ့တွေကြရာတွင် မှတ်မိကာပင် ကျွန်တော့ စိတ်ထဲတွင် နေ့တိုင်းပင် (တူရိယာလုလင်)

အော

- သူ့အသံမှာ အောနေသည်။

- လောင်းကစားရာတွင် တကောင်တည်း တဘက်တည်းတွင် လောင်းကြေးကို စုပုံ၍လောင်းသည်။

- အောချ

- အောတိုက်

အော့ 

- မြန်မာသရ နှစ်ဆယ့်နှစ်လုံးတို့တွင် အပါအဝင်ဖြစ်သော ဆယ့်ခြောက်လုံးမြောက် သရ။

- အစာအိမ်မှ အစာ၊ အရည် စသည် ပါးစပ်မှ ပြန်ထွက်သည်။

- အန်ထုတ်သည်။

- အပြောက မယဉ်၊ အသွင်ကရိုင်းရိုင်း၊ လူမြင်တိုင်း အော့သူကို။

- အော့ကြောလန်

- အော့နာကျ

- အော့နာဝမ်းကျ

- အော့နှလုံးနာ

- အော့အန်

ဒါ 

- သက်ရှိသက်မဲ့တို့ကို ရည်ညွှန်းရာတွင် သုံးသော စကားလုံးတမျိုး။ ဒါဘယ်သူ့အိမ်လဲ။ ဒါဘယ်သူ့သားလဲ။

တာ

- အလျားအနံ စသည်တို့ကို တိုင်းတာသည်။ မြင့်လှထက်ဝါျင်းတာသော်၊ တယူဇနာ၊ အံ့အာသရဲ။

- အကွာအဝေး အတိုင်းအရှည်။ အရှေ့အနောက်၊ တောင်မြောက် တာပေါင်း လေးသောင်းအပြင်။

- တာတိုပြေးပွဲ။

ဒါ နှင့် တာ

၁။ ဆရာ အဖေက ကိုဗစ်ဖြစ်ဒါ (ဖြစ်တာ)  ၂၉ရက်ရှိပြီရှင့် အခု ကအောင်စီဂျင်က ၈၅ တချက်ဖြစ်ပြီး ၉၀ ၉၅ အဲဒီလို တချက်တချက်ဖြစ်နေပါတယ်ဆရာ အဲဒါ ဘာကြောင့်ဖြစ်ဒါ (ဖြစ်တာ) လဲဆရာ ပြနေတဲ့ဆရာကတော့ သွေးအဖြေကောင်းတယ်လိုပြောပါတယ်ဆရာ အောင်စီဂျင်အဲလိုကျဒါ (ကျတာ) စိတ်ပူရလာဆရာ အဖေကအသက် ၇၆နှစ်ပါဆရာ ကျေးဇူးပြုပြီးပြန်လည်ဖြေကြာပေးပါဆရာ။

၂။ ဆရာ အခု FM တွေ TV တွေက သတင်းတင်ဆက်ရင် ဒါဆိုတဲ့စကားလုံးကို ထပ်ခါထပ်ခါဘာလို့သုံးနေတာလဲ သိရင်ရှင်းပြပေးစေချင်ပါသည်။ စာတကြောင်းဖတ်ရင် ဒါ ဆိုတဲ့စကားလုံးကို အနည်းဆုံး ဆယ်ကြိမ်ထက်မနဲ သုံးနေတော့ pro မဖြစ်ဘူးလို့ခံစားရလို့ပါဆရာ။

နားမထောင်ဖူးလို့တော့ သေချာမသိပါ။ သတ်ပုံစာအုပ်ထဲမှာ ဒါ အသုံးတွေက အောက်ကအတိုင်းပါတယ်။

ဒါ

ကာလီဒါသ

ဒါနပြုသည်

ဒါယတာ

ဒါယိကာမ

ဒါလီ

ဒါသကျွန်

ဒါနောရက္ခိုသ် တွေသာဖြစ်ပါတယ်။

နာမ်စားတွေဖြစ်တဲ့ ထို၊ ထိုအရာ၊ ယင်း၊ အနှီ၊ ဤ၊ ဤအရာ၊ ၎င်း၊ စတာတွေကို စာရေးရာမှာသုံးတယ်။

ဒါ၊ အဲဒါ၊ ထိုဟာ၊ ဤဟာ၊ ၎င်းဟာ၊ ဟိုဟာ၊ ဟိုဒင်း၊ ဟိုဒင်းဟိုဟာ၊ ဒီ၊ ဒီဟာ၊ သည်ဟာ၊ ဒင်း၊ ဒင်းတို့၊ သင်း၊ သင်းတို့ စတာတွေကို စကားပြောရာမှာ သုံးကြတယ်။ အဲ့ နဲ့ အဲ့ဒါကို အရင်က မသုံးခဲ့ပါ။ အဲ့အဲ့တွေ၊ အော့အော့တွေလို့ အညစ်အကြေးကိုပြောပါတယ်။ ကန်တော့။

သွားတာ လာတာ နေတာ ထိုင်တာ စိတ်ကမပါဘူးရှင် (သီချင်း)

စားလို့ကောင်းလိုက်တာ

စေတနာနဲ့ လုပ်ပေးတာ

ဆင်းရဲချမ်းသာ သဘာဝ တွေ့ကြုံနေကြ လူတိုင်းပေ။

ကောင်းဆိုးနှစ်တန် အစုံတွဲလို့ တလှည့်စီလဲ အမြဲနေ။

လောကဓံကြုံ မဖြုံတမ်းပေါ့၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ။

သောကကိုထိန်း ရမ္မက်သိမ်း၊ အေးငြိမ်းချမ်းသာနေ။

အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ။ 

သံတွေ အမျိုးမျိုးထွက်ကြပါတယ်။ အသံထွက်ကို စာနဲ့လိုက်ရေးတဲ့အခါ တချို့စာလုံးတွေသာ စံကိုက်သတ်ပုံကျမ်တွေမှာပါတယ်။

ဘန်းစကားတွေလည်း အဲလိုဘဲ။ အမျိုးမျိုးသုံးကြပါတယ်။ အသံထွက်ကို စာနဲ့လိုက်ရေးတဲ့အခါ တချို့စာလုံးတွေသာ စံကိုက်သတ်ပုံကျမ်းတွေမှာပါတယ်။

သတ်ပုံကျမ်းတွေမှာ မပါပေမဲ့ သတ်ပုံတော့ မှန်သင့်တယ်။

- ကွကို၊ ကွကိုယ်၊ (ပြောရန် မရှိ)

- ကိုတွေ၊ ကိုယ်တွေ၊ ကိုဒွေ၊ က်ိုယ်ဒွေ၊ (ပြောရန် မရှိ)၊

- ဖေါင်းဒိုင်း (သင့်)၊

- ဘုရားဘုရား (သင့်)၊

- မိ၊ မိစ်၊ (ပြောရန် မရှိ)၊

- မိုက် (သင့်)၊ မိုက်စ် (မသင့်)၊ မိုဒ်(မသင့်)၊

- ရှစ် (သင့်)၊ ယှစ် (မသင့်)၊

- သွားပါပြီ (မှန်)၊ သွားဘာဘီ (မှား)၊ သွားဗီ (မှား)၊ သွားပါပီ (ခွေးကိုငေါက်တာ)၊

- ဟိုက် (သင့်)၊ ဟိုတ် (မသင့်)၊၊ ဟိုဒ် (မသင့်)၊

- ဟိုက်၊ ဟိုက်ရှားဘား၊

- ဟေ့၊ ဟော၊ ဟေ၊ 

- အရမ်း (သင့်)၊ အရန်း (မသင့်)၊

- အို၊ အိုး၊ အိုးမင်ဂေါ့၊

- အို၊ အိုး၊ အိုးမိုင်ဂေါ့၊ (ပြောရန် မရှိ)၊

- အောင်မလေး (သင့်)၊ အောင်မယ်လေး (ပြောရန် မရှိ)၊

အော် နဲ့ သြော် အသုံးလည်း ရေးပေးပါအုံးဆရာ။

သြော်

သြော်လဲ (အကြိမ်ကြိမ်)

သြော်ဟုတ်ပေစွ

သြော်ကောင်းပေစွ

သြော်သြော်

သြော်ရေ (မူးမတ်) [ပေါ]

အော်

ပင်လယ်အော်

အော်ဂလီဆန်

အော်မြည်

အော်လံ (အော်လန်)

အော်လံသေနတ်

အော်ဟစ်သည်

အော်ယောငှက်

သြ စာလုံးကို ရေးတဲ့သူက မှန်ပေမဲ့ တချို့ဖုန်းတွေမှာ အမှတ်အတိုင် မပေါ်ပါ။

ပို့စ်တခု = ခရမ်းချဥ်သီး ၁ပိသာ ၈ထောင် ရန်ကုန် ပခုက္ကူမှာက  ၅၀၀၀ ယခင်ကတော့ တပိသာ ၂၀၀ တောင်ရသေး ခုတော့ ၁လုံး ၂၀၀ အံ့သြောပါ့  ခုပြတာ ပခုက္ကူကခရမ်းချဥ်သီးပါ

အံ့သြ လို့ ရေးရ။

သြ

၁။ ခေါ်၍ ထူးသောအသံ။ ငါ့ကိုခေါ်လည်း၊ မယ်တော်သာဦး၊ သြမထူးဘူး။

၂။ ရိုသေသမှုဖြင့် စကားပြောရာတွင် အယဉ်အကျေး ထည့်သွင်း ပြောဆိုသောစကား။ ငါ့တရားသံကို သာဓု ခေါ်သသူမြတ်ကား အသူနည်း သြ။

ဝဲသြဃ

သင်္ကေတမှာ (ေ - ာ) ဖြစ်သည်။

သြ = မြန်မာသရ နှစ်ဆယ့်နှစ်လုံးတွင် ပါဝင်သော သရတမျိုး။ အက္ခရာ အော ဟု ခေါ်သည်။

သြ = အရိုအသေဆိုသောစကား။

သြကာသ

သြကာသလောက

သြချရသည်

သြဂုတ်လ

သြဃ

သြဇဂုဏ်

သြဇာခံ

သြဇာစူး

သြဇာညောင်း

သြဇာဓါတ်

သြဇာပေး

သြဇာပေးသည်

သြဇာရှိ

သြဇာရှိသည်

သြဇာလွှမ်း

သြဇာသြဏာ

သြဇာသီး

သြဋ္ဌ

သြဋ္ဌဇ

သြဋ္ဌဋ္ဌာန်

သြတ္တပ္ပ

သြဓိသမေတ္တာ

သြဘာစာ

သြမိဿ

သြရသ

သြရသ

သြရသ်

သြဝါဒ

သြသဓ

သြအည်းလိုက်

အံ့သြသည်

ဥသြငှက်

အခုခေတ်မှာ ဘိုသံတွေကိုပါ အသုံးပြုလာကြတယ်။ သင့်တာ၊ ယဉ်တာတွေသာမက ရိုင်းစိုင်းတာတွေလည်းပါနေတယ်။

What Is an Exclamation and How to Use it Properly?

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ပြုတ် နှင် ပြုပ်

ဆရာခင်ဗျ ဒုတိယတန်းမြန်မာဖတ်စာမှာ ပြုတ်နဲ့ ပြုပ် ဘယ်ဟာကမှန်ပါသလဲ တရုတ်စံကားပင် နွားတင်းကုပ်နားမှာရှိသည်။ အပွင့်ကိုပြုတ်ပါ။ လက်သုပ် သုပ်စားရအောင်။ အဲ့ဒီမှာ ပြုတ်လို့ရေးထားပါတယ် ပြုပ်မဟုတ်ဘူးလားခင်ဗျ။ ကျေးဇူးပြု၍ရှင်းပြပေးပါခင်ဗျ ပြုတ်က မှန်တယ်။ ပြုတ် ချက်ပြုတ်၊ ပြုတ်ဆန်၊ ပြုတ်တူ၊ ပြုတ်ဖတ်၊ ပြုတ်ပြုတ်ပြုန်း၊ ပြုတ်ရှပ်ရှပ်၊ ပြုတ်လုတဲတဲ၊ ပြုတ်ကြွေ၊ ပြုတ်ကြော်ဟင်း၊ ဖြုတ်၍ပြုတ်၊ အစပြုပ်၊ အပြုတ်တိုက်။ ပြုပ် ပြုပ်ထ၊ ပြုပ်ရှပ်ရှပ် ပြုပ်ဆတ်ဆတ် (မနူးမနပ်) ဖါးပြုပ် အရေတွန့်ရှုပ်၊ ဖါးပြုပ်ကိုယ်နှယ်။ ဝမ်းမှာ ပိုက်ထုပ်၊ ခေါ် ဖါးပြုပ်၊ ရစ်အုပ် ပ ကိုသတ်။ ဒေါက်တာတင့်ဆွေ

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟု...