Skip to main content

ဥက္ကဋ္ဌကြီးခင်ဗျား


(က)

နိုင်ငံတော်သမ္မတကြီး ဦးနေဝင်း၏ ညွှန်ကြားချက်များ

၂။ မြန်မာစာလုံးပေါင်းသတ်ပုံနှင့် စပ်လျဉ်း၍လည်း ၁၉၆၄ ခု၊ မေလ၊ ၁၄ ရက်နေ့တွင်

“မြန်မာစာပေပြုစုရေးနှင့် ဘာသာပြန်ကော်မရှင်” အဖွဲ့ဝင်များကို အစိုးရဂေဟာသို့ ဖိတ်ခေါ်၍ တော်လှန်ရေးကောင်စီဥက္ကဋ္ဌကြီး (ယခု နိုင်ငံတော်သမ္မတကြီး ဦးနေဝင်း) က “စကားပြောသံကလဲ ပြောင်းတယ်။ တခု၊ နှစ်ခု၊ သုံးဂု လို့ ပြောင်းတယ်။ ပြောင်းတဲ့အတိုင်းရေးယင် မကောင်းဘူးလား။ စာပျက်နေတဲ့ဥစ္စာကို ထပ်ပြောပါရစေအုံး။ သတ်ပုံကလဲ ကိုးရိုးကားရား၊ အကြောင်းအရာကလဲ ကိုးရိုးကားရားဖြစ်နေတယ်။ ရေးတဲ့အတိုင်း ဖတ်ယင် မဖြစ်ဘူးလား။ ရေးတော့အမှန် ဖတ်တော့ အသံဆိုတော့ ဒုက္ခသိပ်ရောက်တယ်။” ဟူ၍ မိန့်ကြားခဲ့ပါသည်။

(ခ)

မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း

နိဒါန်း

၁။ တော်လှန်ရေးကောင်စီဥက္ကဋ္ဌကြီး (ယခု နိုင်ငံတော်သမ္မတကြီးဦးနေဝင်း) သည် မြန်မာစာပေ မြန်မာယဉ်ကျေးမှု အစဉ်အလာတို့ကို ထာဝစဉ်ရှင်သန်တည်တံ့စေရန်အတွက် ကောင်းမြတ်သောစေတနာဆန္ဒဖြင့် ၁၉၆၃ - ခု၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံ မြန်မာစာပေ ပြုစုရေးနှင့် ဘာသာပြန်ကော်မရှင်ကိုဖွဲ့စည်း တည်ထောင်ပေးခဲ့ပါသည်။ ထိုကော်မရှင်သည် အစိုးရရုံးသုံး စံ မြန်မာရေးထုံးကျမ်းတစောင် ပေါ်ထွက်လာရေး လုပ်ငန်းတရပ်ကိုလည်း ဆောင်ရွက်ရမည်ဟု ဥက္ကဋ္ဌကြီးက ထပ်မံညွှန်ကြား သတ်မှတ်ပါသည်။ ၁၉၆၄ ခု ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် အဘိဓာန်နှင့် ရေးထုံးကော်မတီကို ဖွဲ့စည်းပေးပါသည်။ ထိုနောက် ၁၉၇၁ ခုနှစ်တွင် မြန်မာစာပေ ပြုစုရေးနှင့် ဘာသာပြန် ကော်မရှင်ကို မြန်မာစာကော်မရှင် အမည်ဖြင့် ပြန်လည် ပြောင်းလဲ ဖွဲ့စည်းခဲ့ပါသည်။ ၁၉၇၄ ခုနှစ်တွင် ယခင် အဘိဓာန်နှင့် ရေးထုံးကော်မတီက ပြုစုခဲ့သော မြန်မာရေးထုံးကျမ်းကို လုပ်ငန်းသဘာဝအရ ပြန်လည်စိစစ်ရန် မြန်မာစာကော်မရှင်၊ မြန်မာရေးထုံးကျမ်း ပြန်လည် စိစစ်ပြုပြင်ရေးအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပါသည်။

၁၉၆၄ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့တွင် ကျောင်းသုံးစာအုပ်ကော်မတီ အစည်းအဝေးကို တော်လှန်ရေးကောင်စီဥက္ကဋ္ဌရုံး၌ ကျင်းပစဉ် ဥက္ကဋ္ဌကြီး (ယခု နိုင်ငံတော်သမ္မတကြီး ဦးနေဝင်း) က အသံကိုရေးတဲ့အခါ အမှန်ရေး။ ့ စည်းကမ်းဆိုတာ အတိအကျရှိရမယ်။ ့ စကားတလုံးနှင့် ခုနစ်နှစ် ငြင်းနေလို့ ဘယ်ဖြစ်မလဲ။ နောက်ဆုံးတော့ တခုခုကို ပညတ်ရမှာပဲ။ မူကို ဦးစွာချပါ။ နောက် မူအတိုင်းလုပ်။ ဒါလောက်ပျက်နေတာကို ပြင်ရမှာပဲ။ ဒါပေမယ့် အချိန်ကိုလည်း ထည့်စဉ်းစားပါ။ မြန်မြန်ထက်ထက် လုပ်နိုင်ယင် ကောင်းမယ် ဟူ၍ မိန့်ကြားခဲ့ပါသည်။

မှတ်သားရန်များ

လဲ၊ အုံး၊ ယင် အသုံးတွေကို နောက်ပိုင်းမှာ စိစစ်ပြင်ဆင်လာခဲ့ပါတယ်။

သမ္မတ နဲ့ သမတ မူကွဲအဖြစ် ဆက်ရှိတယ်။

လုပ်ငန်းတရပ်ကိုလည်း၊ စကားတလုံးနှင့်၊ တခုခုကိုတွေမှာ တစ်တွေနဲ့ မရေးပါ။ 

(ဂ)

ဥက္ကဋ္ဌကြီးခင်ဗျား

‘တခု’ လို့ ရေးပြီး၊ ‘တခု’ လို့ အသံထွက်ပါတယ်။

‘နှစ်ခု’ လို့ ရေးပြီး၊ ‘နှခု’ လို့ အသံထွက်ပါတယ်။

‘သုံးခု’ လို့ ရေးပြီး၊ ‘သုန်းဂု’ လို့ အသံထွက်ပါတယ်။

‘တစ်ခု’ လို့ ရေးရင်လည်း၊ ‘တစ်ခု’ လို့သာ အသံထွက်ပါတယ်။ ‘တခု’ သံ ထွက်ခိုင်းလို့ မရပါ။

ဥက္ကဋ္ဌကြီးပြောကြားချက်ဟာ “ရေးတော့တခြား၊ ဖတ်တော့တလွဲ” ဖြစ်နေပါတယ်။

၁၉၇၈ ခုနှစ် ဇန်နဝါရီလထုတ် မြန်မာစာ စာလုံးပေါင်းသတ်ပုံကျမ်း နိဒါန်း https://burmese-spelling.blogspot.com/2022/11/blog-post_445.html

မြန်မာစာ စာလုံးပေါင်းသတ်ပုံ ပြောင်ခဲ့ခြင်း ဖြစ်စဉ်သမိုင်း သုတေသန https://burmese-spelling.blogspot.com/2024/12/blog-post_737.html

မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းများ သမိုင်း https://burmese-spelling.blogspot.com/.../blog-post_24.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ပြုတ် နှင် ပြုပ်

ဆရာခင်ဗျ ဒုတိယတန်းမြန်မာဖတ်စာမှာ ပြုတ်နဲ့ ပြုပ် ဘယ်ဟာကမှန်ပါသလဲ တရုတ်စံကားပင် နွားတင်းကုပ်နားမှာရှိသည်။ အပွင့်ကိုပြုတ်ပါ။ လက်သုပ် သုပ်စားရအောင်။ အဲ့ဒီမှာ ပြုတ်လို့ရေးထားပါတယ် ပြုပ်မဟုတ်ဘူးလားခင်ဗျ။ ကျေးဇူးပြု၍ရှင်းပြပေးပါခင်ဗျ ပြုတ်က မှန်တယ်။ ပြုတ် ချက်ပြုတ်၊ ပြုတ်ဆန်၊ ပြုတ်တူ၊ ပြုတ်ဖတ်၊ ပြုတ်ပြုတ်ပြုန်း၊ ပြုတ်ရှပ်ရှပ်၊ ပြုတ်လုတဲတဲ၊ ပြုတ်ကြွေ၊ ပြုတ်ကြော်ဟင်း၊ ဖြုတ်၍ပြုတ်၊ အစပြုပ်၊ အပြုတ်တိုက်။ ပြုပ် ပြုပ်ထ၊ ပြုပ်ရှပ်ရှပ် ပြုပ်ဆတ်ဆတ် (မနူးမနပ်) ဖါးပြုပ် အရေတွန့်ရှုပ်၊ ဖါးပြုပ်ကိုယ်နှယ်။ ဝမ်းမှာ ပိုက်ထုပ်၊ ခေါ် ဖါးပြုပ်၊ ရစ်အုပ် ပ ကိုသတ်။ ဒေါက်တာတင့်ဆွေ

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟု...